Connect with us

Economy

တရုတ် နိုင်ငံ တစ်ဝန်းရှိ လူမှုဘဝ ဝန်ဆောင်မှု လုပ်ငန်း ပေါင်း ၈၀ ရာခိုင်နှုန်းကျော်  ပြန်လည် လည်ပတ်နေပြီ ဖြစ်ကြောင်း စီးပွားကူးသန်းဝန်ကြီးဌာန ထုတ်ပြန်

တရုတ် နိုင်ငံ ပေကျင်း မြို့ ရှိ Forbidden City ၌ မေလ ၁ ရက် တွင် ခရီးသွား များ ကုန်ပစ္စည်း ဝယ်ယူနေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ မေ ၁ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ၏ မေလ ၁ ရက် ထုတ်ပြန်ကြေညာချက်အရ တရုတ် နိုင်ငံ တွင် ကပ်ရောဂါ အား ကောင်းမွန်စွာဖြင့် နောက်တစ်ဆင့် ခိုင်မာစွာ ကာကွယ်ထိန်းချုပ်လာ နိုင်သည် နှင့် အမျှ တရုတ် နိုင်ငံ တစ်ဝန်း ရှိ လူမှုဘဝ ဝန်ဆောင်မှု လုပ်ငန်း ပေါင်း ၈၀ ရာခိုင်နှုန်းကျော် က ပြန်လည် လည်ပတ်နေပြီ ဖြစ်ကြောင်း သိရှိရသည်။

တရုတ် နိုင်ငံ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောင်းဘုန်း က လက်ရှိချိန်တွင် အချို့သော လုပ်ငန်းများ က ပြန်လည်လည်ပတ်နေပြီ ဖြစ်သော်လည်း ဧည့်သည်များ လာရောက် ဝန်ဆောင်မှု ရယူရန် ကြောက်ရွံ့ခြင်း နှင့် စိတ်မချခြင်း ၊ ဧည့်သည်များ နည်းပါးခြင်း နှင့် ဝင်ငွေနည်းသည့် အခက်အခဲများ နှင့် ရင်ဆိုင်နေရသေးကြောင်း ၊ ဝန်ကြီးဌာန အနေဖြင့် သက်ဆိုင်ရာ ဌာန များနှင့် အတူတကွ စည်းစနစ် တစ်ခု အား သတ်မှတ်ပြီး အသေးစား လုပ်ငန်း ကုမ္ပဏီ နှင့် အသေးစား ပုဂ္ဂလိက စီးပွားရေး လုပ်ငန်း များ အတွက် အခန်းငှားခ လျှော့ပေါ့ပေးသည့် မူဝါဒ ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မေလ ၁ ရက် ၌ ပြောကြား ခဲ့သည်။

ထို့ပြင် တရုတ် နိုင်ငံ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အနေဖြင့် လူမှုအသိုင်းအဝိုင်း လူနေမှုဘဝ ဝန်ဆောင်မှု လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး စမ်းသပ်မှု ပြုလုပ်သွား ပြီး လူမှုအသိုင်းအဝိုင်း သုံးဆွဲနိုင်မှု စွမ်းရည်ကို ဖော်ထုတ်သွားမည် ဖြစ်ကြောင်း ၊ လိုအပ်ချိန်တွင် စားသောက်ဆိုင် လုပ်ငန်း ပြန်လည်ကောင်းမွန်လာစေသည့် ဆောင်ရွက်မှုများ နှင့် စားသောက်ဆိုင် လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဦးဆောင် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။  (Xinhua)