Connect with us

Economy

တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံ ကုန်သွယ်ရေးစေ့စပ်ညှိနှိုင်းသူအကြီးအကဲများ တယ်လီဖုန်းဖြင့်ဆက်သွယ်ပြောကြား

တရုတ်နိုင်ငံ အလံ (ယာ) နှင့် အမေရိကန်နိုင်ငံ အလံအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် တရုတ်-အမေရိကန် ဘက်စုံစီးပွားရေး ညှိနှိုင်းဆွေးနွေးမှုဆိုင်ရာ တရုတ်နိုင်ငံ အကြီးအကဲ လျူဟဲသည် အမေရိကန်နိုင်ငံ ကုန်သွယ်ရေး ကိုယ်စားလှယ် Robert Lighthizer နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး Steven Mnuchin တို့နှင့်  မေ ၈ ရက် နံနက်ပိုင်းက တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောကြားခဲ့ကြောင်း သိရသည်။

ထိုသို့ပြောကြားစဉ် မက်ခရိုစီးပွားရေးနှင့် ပြည်သူ့ကျန်းမာရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ တရုတ်-အမေရိကန် ကုန်သွယ်ရေးသဘောတူညီချက် ပထမအဆင့် အကောင်အထည်ဖော်ရေးအတွက် ကောင်းမွန်သော ဝန်းကျင်နှင့် အခြေအနေများကို ဖန်တီးသွားရန်နှင့် အပြုသဘောဆောင်သော ရလဒ်များ ရရှိရေး ကြိုးပမ်းသွားရန် နှစ်နိုင်ငံ သဘောတူခဲ့သည်။

ထို့ပြင် ၎င်းတို့သည် ဆက်သွယ်ရေးနှင့် ညှိနှိုင်းဆောင်ရွက်ရေး ထိန်းသိမ်းရန်လည်း သဘောတူခဲ့ကြကြောင်း သိရသည်။  (Xinhua)