Connect with us

Economy

ဖိလစ်ပိုင် နိုင်ငံက တရုတ် နိုင်ငံနှင့် သဟဇာတ ဆက်ဆံရေးမှ စီးပွားရေး အကျိုးအမြတ်များ ရရှိနေဟု ဘဏ္ဍာရေး အကြီးအကဲ ပြောကြား

ဖိလစ်ပိုင် နိုင်ငံသို့ လာရောက် လည်ပတ်သော ဧည့်သည်များအား တွေ့ရစဉ်(ဆင်ဟွာ)

မနီလာ ၊ နိုဝင်ဘာ ၂၆ ရက်(ဆင်ဟွာ)

ဖိလစ်ပိုင် နိုင်ငံသည် တရုတ် နိုင်ငံနှင့် သဟဇာတ ဆက်ဆံရေးကို တည်ဆောက်ခြင်းမှ စီးပွားရေး အကျိုးအမြတ်များ ရရှိ နေကြောင်း ဖိလစ်ပိုင် ဘဏ္ဍာရေး အတွင်းရေးမှူး Carlos Dominguez က ပြောကြားခဲ့ပြီး တရုတ် နိုင်ငံ၏ ရပ်ဝန်းနှင့်ပိုးလမ်းမ ဖော်ဆောင်မှု(BRI) အတွက် ဖိလစ်ပိုင် နိုင်ငံက အပြည့်အဝ ထောက်ခံကြောင်း ထပ်မံ ပြောကြား ခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်က တရုတ်နိုင်ငံ ကွမ်ကျိုးမြို့၌ ကျင်းပခဲ့သော ဘဏ္ဍာရေး ဆွေးနွေးပွဲ တစ်ခုတွင် ဖိလစ်ပိုင် ဘဏ္ဍာရေး အတွင်းရေးမှူး Dominguez က ဖိလစ်ပိုင် နိုင်ငံ သမ္မတ Rodrigo Duterte ၏ ဦးဆောင်မှုအောက်တွင် ဖိလစ်ပိုင်-တရုတ် နှစ်နိုင်ငံ အကြား ဆက်ဆံရေး ပိုမို ကောင်းမွန်လာမှုအား ရလဒ် တစ်ခု အဖြစ် ထောက်ပြခဲ့ပြီး တရုတ် နိုင်ငံမှာ ဖိလစ်ပိုင် နိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ဖက် နှင့် ခရီးသွား လုပ်ငန်း ဈေးကွက် တစ်ခု ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၂၀၁၆ ခုနှစ်ကတည်းက ဖိလစ်ပိုင် နိုင်ငံမှာ တရုတ် နိုင်ငံနှင့် ကုန်သွယ်မှုမှာ နှစ်စဉ် ပျမ်းမျှ ၁၅ ရာခိုင်နှုန်း တိုးမြှင့် လာခဲ့ပြီး ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်တွင် တရုတ် နိုင်ငံနှင့် စုစုပေါင်း ကုန်သွယ်မှု ပမာဏမှာ အမေရိကန် ဒေါ်လာ ၅၂ ဘီလီယံ ရှိခဲ့ကာ ၂၀၁၇ ခုနှစ်ကထက် ၁၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။

 ဖိလစ်ပိုင် နိုင်ငံသို့ လာရောက် လည်ပတ်သော ဧည့်သည်များအား တွေ့ရစဉ်(ဆင်ဟွာ)

ဖိလစ်ပိုင် နိုင်ငံသို့ တရုတ် ခရီးသွား ဧည့်သည် ဝင်ရောက်မှုမှာ ဖိလစ်ပိုင် နိုင်ငံ သမ္မတ Rodrigo Duterte စတင် တာဝန် ယူချိန်ထဲက တစ်နှစ်လျှင် ပျမ်းမျှအားဖြင့် ၂၇ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း ၊ ၂၀၁၈ ခုနှစ်တွင် တရုတ် ဧည့်သည် ၁ ဒသမ ၆၃ သန်း ရောက်ရှိခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် လာရောက် လည်ပတ်သူများထက် ၂၃ ရာခိုင်နှုန်း ပိုမို များပြားခဲ့ကြောင်း ပြောကြားခဲ့သည်။

ဖိလစ်ပိုင် ဘဏ္ဍာရေး အတွင်းရေးမှူး Dominguez က ဖိလစ်ပိုင် နိုင်ငံ၌လည်း BRI ကဲ့သို့သော တည်ဆောက်ခြင်း အစီအစဉ် ရှိကြောင်း ပြောကြားခဲ့ပြီး ယင်းအစီအစဉ်တွင် နိုင်ငံ တစ်ဝန်းလုံး၌ အခြေခံ အဆောက်အအုံ နှင့် ထောက်ပံ့ ပို့ဆောင်ရေး တိုးတက်ရေး အတွက်လည်း မဟာဗျုဟာ အခြေခံ အဆောက်အအုံ စီမံကိန်း ၁၀၀ ကျော် ပါဝင်ကြောင်း သိရသည်။

အခြေခံ အဆောက်အအုံ ခေတ်မီ မဟာဗျုဟာမှာ ဖိလစ်ပိုင် နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုနှုန်းကို ၂၀၁၅ ခုနှစ် ပထမ နှစ်ဝက်တွင် ၂၇ ဒသမ ၆ ရာခိုင်နှုန်းမှ ၂၀၂၂ ခုနှစ်တွင် ၁၄ ရာခိုင်နှုန်း အထိ လျော့နည်းရန် ရည်ရွယ်ထားကြောင်း ၊ လူနှင့်ကုန်ပစ္စည်းများ သယ်ဆောင်မှု ကုန်ကျစရိတ်ကို လျှော့ချနိုင်ပြီး ဝေးလံသည့် ဒေသများကို စီးပွားရေး အဓိက စီးဆင်းမှု လမ်းကြောင်းပေါ်သို့ ရောက်ရှိစေမည် ဖြစ်ကြောင်း နှင့် စီးပွားရေး အားသာချက်များကို ဖော်ထုတ်နိုင်မည့် မြောက်မြားစွာသော ရင်းနှီး မြှုပ်နှံမှု အခွင့်အလမ်းများကို ဖန်တီးမည် ဖြစ်ကြောင်း ဖိလစ်ပိုင် ဘဏ္ဍာရေး အတွင်းရေးမှူး Dominguez က ပြောကြားခဲ့သည်။(Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.