Connect with us

Economy

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အိုင်အမ်အက်ဖ် အကြီးအကဲတို့ တွေ့ဆုံ

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (ဝဲ) နှင့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ မန်နေဂျင်းဒါရိုက်တာ ခရစ္စတာလီနာ ဂျော်ဂျီဗာတို့အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (International Monetary Fund) မန်နေဂျင်းဒါရိုက်တာ ခရစ္စတာလီနာ ဂျော်ဂျီဗာ (Kristalina Georgieva) တို့သည် နိုဝင်ဘာ ၂၂ ရက်က ပေကျင်းမြို့၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။

ရှီက တရုတ်နိုင်ငံသို့ အိုင်အမ်အက်ဖ် အကြီးအကဲအဖြစ် ဂျော်ဂျီဗာ၏ ပထမဆုံးခရီးစဉ်အတွက် ကြိုဆိုကြောင်း ပြောကြားခဲ့သည်။

ကမ္ဘာ့စီးပွားရေးတိုးတက်မှုမှာ အဆိုးဘက်အခြေအနေသို့မြင့်တက်လာခြင်းကြောင့် နှေးကွေးလာနေကြောင်း၊ ကမ္ဘာတွင် ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒမှာ မြင့်တက်လျက်ရှိကြောင်း၊ နိုင်ငံစုံပါဝင်မှုဝါဒနှင့် လွတ်လပ်စွာ ကုန်သွယ်မှုများက စိုးရိမ်ဖွယ် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း သမ္မတ ရှီက ပြောခဲ့သည်။

ထို့ကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းက အိုင်အမ်အက်ဖ်၏အခန်းကဏ္ဍကို မျှော်လင့်ချက် မြင့်မားစွာ ထားရှိကြောင်း ၎င်းကဆိုသည်။ (Xinhua)