Connect with us

Economy

တရုတ်နိုင်ငံက လျှပ်စစ်၊ ခေတ်မီကား ရောင်းချမှုများ ပိုမိုမြှင့်တင်မည်

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်ရှိ အားသွင်းသောနေရာတွင် ကားဘက်ထရီအားသွင်းထားသည့် လျှပ်စစ်ကားများအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ကမ္ဘာ့ အကြီးဆုံး မော်တော်ကားဈေးကွက် စိမ်းလန်း ခေတ်မီသော တိုးတက်မှုအတွက် တွန်းအားပေးရန် စွမ်းအင်သစ်မော်တော်ယာဉ်များ (NEVs) နှင့် အသိဉာဏ်ချိတ်ဆက်ထားသော မော်တော်ယာဉ်များ (ICVs) ရောင်းချမှု ပိုမိုမြှင့်တင်ရန် စီစဉ်ထားကြောင်း သိရသည်။

NEVs ရောင်းချမှုအနေဖြင့် ၂၀၂၅ ခုနှစ်တွင် စုစုပေါင်း ကားသစ်ရောင်းချမှု ၂၅ ရာခိုင်နှုန်းခန့် ရရှိရန် မျှော်မှန်းထားကြောင်း စက်မှုလုပ်ငန်းနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန အစီအစဉ်မူကြမ်းအရ သိရသည်။

အဆိုပါ ကဏ္ဍ၏ ယှဉ်ပြိုင်မှုအနေဖြင့် ပါဝါဘက်ထရီ၊ ယာဉ်မောင်းနှင်ခြင်း၊ ယာဉ်ထွက်ခွာမောင်းနှင်ရေးစနစ်နှင့် အခြားနယ်ပယ်များတွင် အဓိကနည်းပညာဆိုင်ရာ ကျော်လွှားမှုများနှင့်အတူ တိုးမြှင့်သွားမည်ဖြစ်ကြောင်း အစီအစဉ်မူကြမ်း၌ ဖော်ပြထားသည်။

မော်တော်ကားဈေးကွက် နှေးကွေးနေသည့်ကြားမှ တရုတ်နိုင်ငံ၏ NEV ယာဉ်များ ရောင်းချမှုမှာ ၂၀၁၉ ခုနှစ် ပထမ ၁၀ လတာအတွင်း နှစ်ဆတိုးလာခဲ့ကြောင်း၊ ယင်းကာလအတွင်း NEV ရောင်းချမှုများမှာ စုစုပေါင်း ကားသစ်ရောင်းချမှု၏ ၅ ရာခိုင်နှုန်းထက်မနည်း ရှိခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံက ICV ယာဉ်ရောင်းချမှုကို ၂၀၂၅ ခုနှစ်တွင် စုစုပေါင်း မော်တော်ယာဉ်ရောင်းချမှု၏ ၃၀ ရာခိုင်နှုန်းခန့် မြှင့်တင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

အလိုအလျောက်မောင်းနှင်သည့် ICVs ယာဉ်များကို သေချာသော ဒေသများနှင့်  အခြေအနေများ၌ စီးပွားဖြစ် အသုံးပြုနိုင်မည်ဖြစ်ကြောင်း အစီအစဉ်မူကြမ်းတွင် ဖော်ပြထားသည်။ (Xinhua)