Economy
လာရောက်ထုတ်ယူခြင်းမရှိသည့် ထီဆုကြေးများအား တရုတ်နိုင်ငံ တောင်ပိုင်း လူမှုဖူလုံရေး ရန်ပုံငွေအဖြစ် လှူဒါန်း
ကွမ်ကျိုး၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ တောင်ပိုင်း တုံးကွမ် မြို့ရှိ ဒေသခံ လူမှုဖူလုံရေး ထီစင်တာ က ထီပေါက်သော်လည်း သတ်မှတ်ထားသည့် နောက်ဆုံးရက် ကျော်လွန်သည့်တိုင် ထုတ်ယူခြင်းမရှိသော တရုတ်ယွမ် သန်း၂၀ ( အမေရိကန်ဒေါ်လာ ၃သန်း) တန်ဖိုးရှိ ဆုကြေး များအား လှူဒါန်းခဲ့ကြောင်း ပြောကြားခဲ့သည်။
မြို့တွင်း ရှိ ထီအရောင်းစင်တာ တစ်ခုက ရောင်းချခဲ့သည့် ထီလက်မှတ် နှစ်စောင်သည် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ဆုကြေးစုစုပေါင်း တရုတ်ယွမ် ၂၅.၆၄ သန်း ရရှိကြောင်း အတည်ပြုခဲ့သော်လည်း လာရောက်ထုတ်ယူခြင်းမရှိကြောင်း သိရသည်။
တရုတ်နိုင်ငံ ၏ထီဥပဒေများအရ ထီပေါက်သည့် ထီလက်မှတ်ကိုင်ဆောင်ထားသူသည် ဆုကြေးအား အတည်ပြုပြီး ရက်ပေါင်း ၆၀ အတွင်း ထုတ်ယူရမည်ဖြစ်သောကြောင့် တရုတ်ယွမ် ၂၅.၆၄ သန်း တန်ဆုကြေးများသည် ၂၀၁၆ခုနှစ် ဇန်နဝါရီလ ၉ရက်နေ့တွင် သတ်မှတ်ကာလ ပြည့်ခဲ့ဗြဗပီး ထုတ်ယူခြင်းမရှိသောကြောင့် ဇန်နဝါရီလ ၁၁ ရက်နေ့အထိ ကာလတိုးမြင့်ပေးခဲ့ကြောင်း သိရသည်။
ထီဥပဒေ ၌ သတ်မှတ်ကာလ ကျော်လွန်သွားသည့် ဆုကြေးငွေများအား လူမှုဖူလုံရေး ရန်ပုံငွေအဖြစ် သိမ်းယူ မည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ဇန်နဝါရီလ ၁၁ရက် ညသန်းခေါင်အထိ ဆုကြေးလာရောက်ထုတ်ယူခြင်းမရှိသောကြောင့် ဒေသခံ လူမှုဖူလုံရေး ထီစင်တာ က လူမှုဖူလုံရေး ရန်ပုံငွေ အဖြစ် လှူဒါန်းခဲ့ကြောင်း သိရသည်။ (Xinhua)