Connect with us

Economy

တရုတ်လူမျိုး Yang Shaolin အား ကမ္ဘာ့ဘဏ် အကြီးတန်းအရာရှိ အဖြစ် ခန့်အပ်

ဝါရှင်တန်မြို့အခြေစိုက် ကမ္ဘာ့ဘဏ် အဆောက်အအုံအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာန အရာရှိ Yang Shaolin သည် ကမ္ဘာ့ဘဏ်အုပ်စု အုပ်ချုပ်ရေးဆိုင်ရာ အရာရှိချုပ် နှင့် ဦးဆောင်ညွှန်ကြားရေးမှူးအဖြစ် ခန့်အပ်ခြင်းခံရကြောင်း ဇန်နဝါရီလ ၁၂ ရက်က ဘဏ္ဍာရေး ဝန်ကြီး ဌာန သတင်းထုတ်ပြန်ချက်အရ သိရသည်။

ကမ္ဘာ့ဘဏ်အုပ်စု အုပ်ချုပ်ရေးဆိုင်ရာ အရာရှိချုပ် (Chief Administrative Officer= CAO) နှင့် ဦးဆောင် ညွှန်ကြားရေးမှူး ဆိုသည်မှာ အဖွဲ့အစည်းဆိုင်ရာ မဟာဗျူဟာ ဖော်ဆောင်ပေးခြင်း၊ ဘတ်ဂျက်နှင့် စီမံကိန်း ရေးဆွဲခြင်း၊ သတင်းအချက်အလက်နှင့် နည်းပညာ၊ အခြားတာဝန်များအား ထမ်းဆောင်ရမည် ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

Yang သည် ထိုတာဝန်များအား ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်တွင် စတင် တာဝန်ထမ်းဆောင်ရမည် ဖြစ်သည်။တရုတ်နိုင်ငံ ဘဏ္ဍာရေး ဝန်ကြီးဌာန၌ Yang သည် နိုင်ငံတကာ စီးပွားရေးနှင့် ငွေကြေးဆိုင်ရာ ပူးပေါင်း ဆောင် ရွက်ရေးဌာန ညွှန်ကြားရေးမှူးချုပ်၊ တရုတ်နှင့် နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းနှင့် ပြည်ပ အစိုးရတို့အကြား ငွေကြေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အကြီးအကဲ အဖြစ် လက်ရှိ တာဝန်ထမ်းဆောင်လျက်ရှိသည်။

ထို့ပြင် Yang သည် အာရှ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှု ဘဏ်နှင့် BRICS New Development Bank များ၌လည်း အရေးပါသော နေရာမှ ပါဝင်လုပ်ကိုင်နေသူလည်း ဖြစ်သည်။

“အရေးပါတဲ့ အခန်းကဏ္ဍသစ်မှာ Shaolin ပြန်လည်ပါဝင်မည့်အပေါ် ဝမ်းမြောက်စွာ ကြိုဆိုပါတယ်၊ သူရဲ့ အတွေ့အကြုံကောင်းတွေ၊ ကျွမ်းကျင်မှုတွေ၊ နက်ရှိုင်းတဲ့ နောက်ခံ သမိုင်းကြောင်းတွေက ကျွန်တော်တို့ အဖွဲ့အစည်းရဲ့ စီးပွားရေးနဲ့ ငွေကြေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို ကိုင်တွယ် သွားနိုင်ပါမယ်၊ သူက အတွေ့အကြုံရှိတဲ့ ခေါင်းဆောင်တစ်ဦးလဲ ဖြစ်တယ်” ဟု ကမ္ဘာ့ဘဏ်အုပ်စု ဥက္ကဋ္ဌ ဂျင်ယောင်ကင်က ပြော သည်။
Yang သည် ကမ္ဘာ့ဘဏ် အုပ်စုတွင် တရုတ်နိုင်ငံ၏ အမှုဆောင် ဒါရိုက်တာအဖြစ် ၂၀၀၉ ခုနှစ် စက်တင်ဘာလမှ ၂၀၁၃ ခုနှစ် နိုဝင်ဘာလ အထိ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
တရုတ်နိုင်ငံသည် ကမ္ဘာ့ဘဏ်အုပ်စုတွင် တတိယ အကြီးဆုံး ရှယ်ယာရှင် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.