Connect with us

Economy

လာအိုနိုင်ငံမှ ဆန် တရုတ်နိုင်ငံ သို့ စတင် တင်သွင်း

တရုတ်နိုင်ငံတွင်း အဓိကစားသုံးကုန်အဖြစ် သုံးစွဲလာနေသော ဆန်ကိုတွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဇန်း၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ)

ရှန်ဇန်းဆိပ်ကမ်း တောင်ဘက်ရှိ ကူးစက်ရောဂါ ကာကွယ်ရေး ဆိုင်ရာ စိစစ်ရေး လုပ်ငန်းစဉ်မှ ခွင့်ပြုမှုဖြင့် လာအိုနိုင်ငံမှ ဆန်များအား သင်္ဘောဖြင့် စတင် တရုတ်နိုင်ငံသို့ စတင် တင်သွင်းခွင့်ပြုလိုက်ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များ ထံမှ သိရသည်။

ကာလတန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၇၄၆ သန်းရှိသော ဆန် တန်ချိန်ပေါင်း ၈၇.၈ တန် အား တင်သွင်းခြင်း ဖြစ်ကြောင်း ရှန်ဇန်း Entry-Exit Inspection And Quarantine Bureau က ပြောသည်။

တရုတ်နိုင်ငံသည် အဓိအားဖြင့် ဗီယက်နမ်၊ ထိုင်း နှင့် ပါကစ္စတန်နိုင်ငံများမှ တင်သွင်းလျက်ရှိပြီး ယခု လာအိုနိုင်ငံမှ ထပ်မံ တင်သွင်းခြင်း ဖြစ်သည်။

တရုတ်နိုင်ငံတွင် တိုးပွားလာနေသော ချမ်းသာ ကြွယ်ဝသူ လူတန်းစားများက အခြေခံ စားကုန်အဖြစ် ဆန်ကို ပိုမို ရွေးချယ်လာကြ၍ တရုတ်နိုင်ငံက ဆန်တင်သွင်းမှုအား လျင်မြန်စွာ တိုးမြင့်ရန် လိုလားလျက်ရှိသည်။

တရုတ်နိုင်ငံ၏ အကြီးဆုံး ဆန်တင်သွင်းရာ ဆိပ်ကမ်းဖြစ်သည့် ရှန်ဇန်းသည် ၂၀၁၅ ခုနှစ်တွင် ဆန် တန်ချိန် ၁ သန်းကို လက်ခံနိုင်ပြီး ယင်းသည် နိုင်ငံစားသုံးမှု စုစုပေါင်း၏ ထက်ဝက်နီးပါး ရှိကြောင်း သိရသည်။

တင်သွင်းကုန်များအား ရောဂါပိုး ပါရှိမှုနှင့် သတ္တုညစ်ညမ်းမှု ရှိမရှိ စိစစ်ခြင်း နှင့် ဓာတ်ခွဲ စမ်းသပ်စစ်ဆေးခြင်း လုပ်ငန်းများအား တစ်နေရာတည်းမှာပင် အပြီးဆောင်ရွက်ပေးလျက်ရှိသည့် ရှန်ဇန်း ဗျူရိုက ပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.