Connect with us

Economy

၂ဝ၁၆ ခုနှစ်တွင် တရုတ်နိုင်ငံ၏ စီးပွားရေး ၆.၇ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း ထိပ်တန်း စီးပွားရေးပညာရှင်ပြော

တရုတ်နိုင်ငံရှိ အထပ်မြင့်အဆောက်အအုံတည်ဆောက်ရေး လုပ်ငန်းခွင်မြင်ကွင်းတစ်ခုအားတွေ့ ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဇန်နဝါရီ ၁ဝ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ စီးပွားရေးသည် ၂ဝ၁၆ ခုနှစ်တွင် ခန့်မှန်းခြေ ၆.၇ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း တရုတ်နိုင်ငံ၏ ထိပ်တန်းစီးပွားရေးစီမံကိန်းပညာရှင် တစ်ဦးက ဇန်နဝါရီလ ၁ဝ ရက်တွင်ပြောကြားလိုက်သည်။

ကမ္ဘာ့ ဒုတိယ စီးပွားရေးအင်အားအကြီးဆုံးတရုတ်နိုင်ငံသည် ၂ဝ၁၆ ခုနှစ် ပထမ ၊ ဒုတိယ ၊ တတိယ လေးလပတ်များအတွင်း စီးပွားရေးတိုးတက်မှုနှုန်းတူညီခဲ့ကြောင်း တရုတ်နိုင်ငံအမျိုးသားဖွံ့ဖြိုးတိုးတက်မှု နှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် ညွှန်ကြားရေးမှူးXu Shaoshi က ပြောကြားခဲ့သည်။

ထို့ပြင် ၂ဝ၁၆ ခုနှစ်တွင် စားသုံးမှုပမာဏသည် ၇၁ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့ရာ ပြီးခဲ့သော နှစ်ကထက် ၁၃ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့ကြောင်း Xu က ပြောသည်။

တရုတ်နိုင်ငံ၏ စီးပွားရေးသည် ယွမ်ငွေ ၇ဝ ထရီလီယံ ( အမေရိကန်ဒေါ်လာ ၁ဝ.၁ ထရီလီယံ ) ထိရှိခဲ့ရာ ယွမ်ငွေ ၅ ထရီလီယံထိ တိုးတက်ခဲ့ကြောင်း နှင့် အဓိကစီးပွားရေးလုပ်ငန်းများတွင် မှတ်သားထိုက်သော ဖွံ့ဖြိုးတိုးတက်မှုပမာဏဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့(IMF) ကထုတ်ပြန်သော အစီရင်ခံစာ၌ ၂ဝ၁၆ ခုနှစ် ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် တရုတ်နိုင်ငံ၏ ပါဝင်မှုသည် ၁.၂ ရာခိုင်နှုန်း (သို့မဟုတ်) ၃ဝ ရာခိုင်နှုန်းကျော်ထိ ရှိနေရာ ၊ ယင်းအနေအထားတွင် အမေရိကန်နိုင်ငံက ဝ.၃ ရာခိုင်နှုန်းသာ ပါဝင်လျက်ရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.