Connect with us

Economy

တရုတ်-ကာဂျစ္စတန် နှစ်နိုင်ငံ တိုက်ရိုက် ကုန်သွယ်ရေး လမ်းကြောင်း စတင် ဖွင့်လှစ်

ကာဂျစ္စတန် နိုင်ငံ သို့ တင်ပို့သည့် တရုတ် နိုင်ငံ မှ ကုန်တင်ကားများအား မြင်တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဘီရှ်ကတ် ၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ)

ကာဂျစ္စတန် နိုင်ငံ ပို့ဆောင်ရေး ဝန်ကြီးဌာန က ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ကာဂျစ္စတန် အပြည်ပြည်ဆိုင်ရာ ပို့ဆောင်ရေး ကုန်တင်ကားများသည် ကာဂျစ္စတန် နိုင်ငံ မြို့တော် ဘီရှ်ကတ် နှင့် နိုင်ငံ တောင်ပိုင်း မြို့ဖြစ်သည့် Osh မှ တရုတ် နိုင်ငံ ဥရုမုချီ(Urumqi) မြို့သို့ တိုက်ရိုက်ဝင်ရောက် နိုင်ပြီး တရုတ်-ကာဂျစ္စတန် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး ကားလမ်းကို အကောင်အထည် ဖော်နိုင်ခဲ့ပြီး ဖြစ်ကြောင်း ထုတ်ပြန် ခဲ့သည်။

ထုတ်ပြန်ချက်တွင် ကာဂျစ္စတန် နိုင်ငံ မှ ပထမ အကြိမ် တရုတ် နိုင်ငံ သို့ တိုက်ရိုက် သွားရောက်မည့် ကုန်တင် ကား ၈ စင်းသည် ဇန်နဝါရီ ၉ ရက်နေ့တွင် စတင်ထွက်ခွာ ခဲ့ပြီး အချိန် ၄ ရက်အကြာတွင် တရုတ် နိုင်ငံ ဥရုမုချီ ကို ရောက်ရှိနိုင်ရန် စီစဉ်ထားကြောင်း ၊ ယခုအကြိမ်အနေဖြင့် ခရီးလမ်းကြောင်း အတွေ့အကြုံများ ရင်းနှီးအောင်ပြုလုပ်သွားပြီး နောက်ပိုင်း ကုန်သွယ်ရေးအတွက် ပြင်ဆင်မှုများဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပါဝင် ခဲ့သည်။

ကာဂျစ္စတန် နိုင်ငံ မှ ပြီးခဲ့သည့် နိုဝင်ဘာလ တွင် တရုတ် နိုင်ငံ ရှင်းကျန်း သို့ ကိုယ်စားလှယ် အဖွဲ့စေလွှတ်ကာ တွေဆုံဆွေးနွေးမှု များပြုလုပ်ပြီး ဘီရှ်ကတ်- Kashgar – ဥရုမုချီ နှင့် Osh – Kashgar – ဥရုမုချီ အပြည်ပြည်ဆိုင်ရာ တိုက်ရိုက် ကုန်သွယ်ရေး လမ်းကြောင်း ဖွင့်လှစ်ရန် ကို သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်။ ယခင်တွင် ကာဂျစ္စတန် မှ ကုန်တင်ကားများသည် နှစ်နိုင်ငံ နယ်စပ် သို့ရောက်ရှိ ပါက ကုန်ပစ္စည်းများအား ချ၍ တရုတ် ကုန်တင်ကားများ ဖြင့် ပြန်လည် ပြောင်းလဲ သယ်ယူရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.