Connect with us

Economy

၂၀၁၆ ခုနှစ် ပြည့်ဖြိုးမြဲ စွမ်းအင် ကဏ္ဍ ရင်းနှီးမြှုပ်နှံမှု တွင် တရုတ် နိုင်ငံ က အများဆုံး ဖြစ်ကြောင်း သိရှိရ

ပြည့်ဖြိုးမြဲ စွမ်းအင် ဖြစ်သည့် နေရောင်ခြည် စွမ်းအင် အသုံးပြုသော လျှပ်စစ် ဓာတ်အားပေး ဆိုလာ ပြားများအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ စွမ်းအင် ၊ စီးပွားရေး နှင့် ငွေကြေး လေ့လာသုံးသပ်ရေး သုတေသန မှ ထုတ်ပြန်သည့် အစီရင်ခံစာ တွင် ၂၀၁၆ ခုနှစ်၌ တရုတ် နိုင်ငံ ၏ ပြည်ပ ပြည့်ဖြိုးမြဲ စွမ်းအင် ကဏ္ဍ ရင်းနှီးမြှုပ်နှံမှု သည် ၆၀ ရာခိုင်နှုန်း တိုးမြှင့် ခဲ့ပြီး အမေရိကန် ဒေါ်လာ ၃၂ ဘီလီယံ ဖြင့် စံချိန်သစ် တင်ခဲ့ကာ ကမ္ဘာ့ ပြည့်ဖြိုးမြဲ စွမ်းအင် ဈေးကွက် တွင် အများဆုံး ဖြစ်ခဲ့ကြောင်း သိရှိခဲ့ရသည်။

အမေရိကန် နိုင်ငံ စွမ်းအင် ၊ စီးပွားရေး နှင့် ငွေကြေး လေ့လာသုံးသပ်ရေး သုတေသန ဌာန ဌာနမှူး Tim Buckley က ပြည့်ဖြိုးမြဲ စွမ်းအင် ဈေးကွက် သည် အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာပြီး ထိုဈေးကွက်တွင် အမေရိကန် နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ ၏ နောက်တွင် များစွာ နောက်ကျကျန်နေခဲ့ကြောင်း ပြောကြား ခဲ့သည်။

အပြည်ပြည်ဆိုင်ရာ ပြည့်ဖြိုးမြဲ စွမ်းအင် အဖွဲ့အစည်း ၏ ထုတ်ပြန်ချက်အရ ပြည့်ဖြိုးမြဲ စွမ်းအင် ကဏ္ဍကြောင့် အလုပ်အကိုင် အခွင့်အလမ်း ၈.၁သန်းကို ဖန်တီးနိုင်ခဲ့ပြီး ထိုအတွင်းမှ ၃.၅ သန်းသည် တရုတ် နိုင်ငံ က ဖန်တီးပေးခဲ့ခြင်းဖြစ်ပြီး အမေရိကန် အနေဖြင့် ၈ သိန်းခန့်သာ ဖန်တီးပေး နိုင်ခဲ့ကြောင်း သိရှိရသည်။

AFP သတင်းဌာန ၏ ဖော်ပြချက်တွင် တရုတ်နိုင်ငံသည် ကမ္ဘာ့ ပြည့်ဖြိုးမြဲ စွမ်းအင် ကဏ္ဍတွင် ဦးဆောင်သူ ဖြစ်ခဲ့ပြီး အမေရိကန် နိုင်ငံ နှင့် ဂျာမဏီ နိုင်ငံ တို့နှင့် နှိုင်းယှဉ်ပါက ထင်ရှားသည့် အားသာချက်များ ရရှိနိုင်ခဲ့ပြီးဖြစ်ကြောင်း ဖော်ပြခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.