Connect with us

Economy

၂၀၁၅ ခုနှစ် တိဘက်ဒေသ စီးပွားရေး တိုးတက်မှု ၁၂% ရရှိရန် မျှော်မှန်း

တရုတ်နိုင်ငံတိဘက်ဒေသသို့ အသစ်ဖောက်လုပ်ထားသော မီးရထားလမ်း တွင် ရထားတစ်စင်းခုတ်မောင်းသွားနေစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံတိဘက်ဒေသသို့ အသစ်ဖောက်လုပ်ထားသော မီးရထားလမ်း တွင် ရထားတစ်စင်းခုတ်မောင်းသွားနေစဉ် (ဆင်ဟွာ)

လားဆား၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)

ဇန်နဝါရီ ၁၈ ရက် တွင်ကျင်းပသော တိဘက်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ (၁၀) ကြိမ်မြောက် ပြည့်သူ့လွှတ်တော် တတိယ အစည်းအဝေးတွင် တိဘက်လူမျိူး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ဥက္ကဌ လော့ဆန်းကျန်းချွင်း မှ ၂၀၁၅ ခုနှစ်တွင် တိဘက် စီးပွားတိုးတက်မှုအား ၁၂ % ရရှိရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၂၀၁၅ ခုနှစ် တိဘက်ဒေသ အစိုးရလုပ်ငန်း အစီရင်ခံစာ အရ ၂၀၁၄ ခုနှစ်တွင် ဒေသတွင်း ကုန်ထုတ် လုပ်မှု တန်ဖိုးမှာ ယွမ်ငွေ ၉၂.၅ ဘီလီယံ ရရှိခဲသည့်အတွက် ၁၂% တိုးတက်ခဲ့သည်။ အခြေခံ လူသုံးကုန် ပစ္စည်း ရောင်း ချမှု ၁၂.၉ % တိုးတက်ခဲ့သည်။ ပြည့်သူ့ဘဏ္ဍာငွေ ၃၀.၈ % တိုးတက်ခဲ့သည်။ ကျေးရွာနေသူများ ဝင်ငွေအသုံးပြုနိုင်မှု ၁၄% တိုးတက်ခဲ့သည်။ ဤစီးပွားရေး တိုးတက်မှုများသည် နိုင်ငံတွင်းအမြင့်ဆုံးအနေဖြင့် ဦး ဆောင်နိုင်ခဲ့သည်။

၂၀၁၄ တွင် တိဘက်သို့တိုက်ရိုက် မီးရထား စတင်ပြေးဆွဲနိုင်ခဲ့သည။် ထို့ကြောင့် တိဘက်သို့ ရထား လမ်းမရောက် ရှိနိုင်ခဲ့သော သမိုင်းအားပြောင်းလဲနိုင်ခဲ့သည်။ ထိုအပြင် အကြီးစား ရေးအားလျှပ်စစ် ဓာတ်အား ပေးစက်ရုံမှာလဲ စတင်လည်ပတ်နိုင်ခဲ့သည်။ ဤအချက်များသည် တိဘက် စီးပွားရေး တိုးတက်မှု အတွက် ခိုင်မာသော အဓိက ထောက်ပံ့မှုဖြစ်စေ ခဲ့သည်။ (Xinhua)