Connect with us

Economy

၂၀၁၄ ခုနှစ်တွင် ဗီယက်နမ်မှ ဆန်တန်ချိန်၂ သန်း တရုတ်နိုင်ငံအား တင်ပို့

ရန်ကုန်မြို့ရှိဆိပ်ကမ်းတစ်နေရာတွင် အလုပ်သမားတစ်ဦးဆန်အိတ် ထမ်းလာစဉ်(ဆင်ဟွာ)

ရန်ကုန်မြို့ရှိဆိပ်ကမ်းတစ်နေရာတွင် အလုပ်သမားတစ်ဦးဆန်အိတ် ထမ်းလာစဉ်(ဆင်ဟွာ)

ဟိုချီမင်း၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ)

၂၀၁၄ ခုနှစ် အတွင်း ဗီယက်နမ်မှ ဆန်တန်ချိန် ၂ သန်း တရုတ်သို့ တင်ပို့ခဲ့သည်။ တင်ပို့ရန် သဘောတူထားသည့် စာချုပ်အရ တန်ချိန် ၆ သိန်းခွဲ သာဖြစ်သည်ဟု ဒေသတွင်း သတင်းစာ တွင် ဖော်ပြထားသည်။

ပိုလျှံသည့်တန်ချိန်များအား နှစ်နိုင်ငံ ကုန်းလမ်း နယ်စပ်လမ်း ကြောင်းဖြင့် တင်ပို့ခဲ့ခြင်း ဖြစ်သည်ဟု ဗီယက်နမ် စားသောက်ကုန်အသင်းမှ ပြောကြားသည်။

တရားဝင် ကိန်းဂဏန်းများအရ ၂၀၁၄ ခုနှစ်တွင် ဗီယက်နမ်သည ်တန်ချိန် ၆ ဒဿမ ၃ သန်းကျော် ဆန် တင်ပို့နိုင်ခဲ့သည်။ ဆန်တင်ပို့မှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၃ ဘီလီယံ ရှိသည်။ တရုတ်နိုင်ငံအား နယ်စပ် လမ်းကြောင်းဖြင့် ဆန်ဝယ်ယူမှုအား ကျေးဇူးတင်ကြောင်း ဆိုသည်။

အာရှတွင် ဗီယက်နမ်သည် ဆန်အဓိက တင်ပို့သည့်နိုင်ငံအဖြစ် ရပ်တည်နေသည်။ ဆန်တင်ပို့မှု ၇၆ ရာခိုင်နှုန်းသည် တရားဝင်ကုန်သွယ်မှု လမ်းကြောင်းဖြင့် တင်ပို့ခြင်းဖြစ်သည်။ အာဖရိကအား ၁၃ ရာခိုင်နှုန်း၊ အမေရိကန်ကို ၇ ဒဿမ ၅ ရာခိုင်နှုန်း တင်ပို့နိုင်ပြီး အဓိက တင်ပို့သည့် နိုင်ငံများနှင့် ဒေသ များမှာ တရုတ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ ကျူးဘားနှင့် ဟောင်ကောင် တို့ဖြစ်သည်။

ဗီယက်နမ်၏ ဆန်တင်ပို့မှု ဈေးနှုန်းမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၈၀ နှင့် ၄၆၅ ကြားတွင် ရှိသည်။ ဗီယက်နမ်၏ အကောင်းဆုံး ဆန်ဖြစ်သည့် Jasmine ဆန် ရောင်းဈေးမှာ တစ်တန်ကို အမေရိကန်ဒေါ်လာ ၆၄၀ ရရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117