Connect with us

Economy

၂၀၁၄ ခုနှစ်တွင် တရုတ်၏ ပို့ကုန် ၆ ဒဿမ ၁ ရာခိုင်နှုန်း မြင့်တက်ကာ သွင်းကုန် ၀ ဒဿမ ၄ ရာခိုင်နှုန်း မြင့်တက်

တရုတ်နိုင်ငံ၏ အဓိကသွင်းကုန်၊ပို့ကုန် ဆိပ်ကမ်းရှိကုန်သေတ္တာစခန်း(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အဓိကသွင်းကုန်၊ပို့ကုန် ဆိပ်ကမ်းရှိကုန်သေတ္တာစခန်း(ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ)

၂၀၁၄ ခုနှစ်တွင် တရုတ်ပြည်၏ ပို့ကုန် ၆ ဒဿမ ၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး သွင်းကုန် ၀ ဒဿမ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်ဟု ဇန်နဝါရီ ၁၃ ရက်နေ့က အကောက်ခွန်ဌာန မှ ကိန်းဂဏန်းများ ကို ဖော်ပြခဲ့သည်။

ပြီးခဲ့သည့်နှစ်တွင် နိုင်ငံ၏ စုစုပေါင်း ပို့ကုန် ၊ သွင်းကုန် တန်ဖိုးမှာ ၃ ဒဿမ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့သည် ဟု အကောက်ခွန်ဌာနမှ ပြောရေးဆိုခွင့်ရှိသူ Zheng Yuesheng က ပြောသည်။

၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် တရုတ်၏ နိုင်ငံခြား ကုန်သွယ်မှုတန်ဖိုးမှာ ၂ ဒဿမ ၄၉ ထရီလီယံ ယွမ်ရှိပြီး ယခင်နှစ်ထက် ၄ ဒဿမ၂ ရာခိုင်နှုန်းမြင့် တက်ခဲ့သည်ဟု Zheng က ဆက်လက် ပြောကြားသည်။

တရုတ်၏ အကြီးဆုံး ကုန်သွယ်ဖက်ဖြစ်သည့် EU နိုင်ငံများနှင့် ကုန်သွယ်မှု ပမာဏမှာ ၂၀၁၄ ခုနှစ်တွင် ၃ ဒဿမ ၇၈ ထရီလီယံ ယွမ်ရှိပြီး ၈ ဒဿမ ၉ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။

ဒုတိယအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်သည့် US နှင့် ကုန်သွယ်မှုမှာ ၃ ဒဿမ ၄၁ ထရီလီယံ ယွမ်ရှိပြီး ၅ ဒဿမ ၄ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။

တတိယအကြီးဆုံး ကုန်သွယ်ဖက်ဖြစ်သည့် အရှေ့တောင်အာရှနိုင်ငံများ နှင့် ကုန်သွယ်မှုသည် လည်း၂ ဒဿမ ၉၅ ထရီလီယံ ရှိသည့်အတွက် ယခင်ထက် ၇ ဒဿမ ၁ ရာခိုင်နှုန်း အသီးသီး တိုးတက်ခဲ့သည်။

ဂျပန်နိုင်ငံ နှင့်လည်း ကုန်သွယ်မှု သဘောတူ စာချုပ်များ တိုးတက်လာပြီး ကုန်သွယ်မှုတန်ဖိုး မှာလည်း ၁ ဒဿမ ၉၂ ထရီလီယံ ယွမ်ရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.