Connect with us

Economy

ကမ္ဘာလုံးဆိုင်ရာ ဝါဒတိုးတက်စေရေး ဒါဗိုစ့်ဖိုရမ်မှသည် ဘိုးအောက်(Boao)ဖိုရမ် ဆီသို့

ဒါဗိုစ့်ညီလာခံ၌ မိန့် ခွန်းပြောကြားနေသော တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် အားတွေ့ ရစဉ်(ဆင်ဟွာ)

ဘိုအောက် ၊ ဧပြီ ၉ ရက် (ဆင်ဟွာ)

လွန်ခဲ့သော တစ်နှစ်က ဒါဗိုစ့်မြို့၌ ကျင်းပခဲ့သည့် ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် မိန့်ခွန်းပြောကြားစဉ် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က လွတ်လပ်စွာကုန်သွယ်ရေးမူဝါဒအားခုခံကာကွယ်ပြောကြားခဲ့သည်။

၎င်းက တရုတ်နိုင်ငံ အနေဖြင့် ကမ္ဘာလုံးဆိုင်ရာမူဝါဒ ကို အားပေးထောက်ခံကြောင်း အခိုင်အမာဖေါ်ပြခဲ့ခြင်းလည်းဖြစ်သည်။ အဆိုပါ ခုခံကာကွယ်မှုသည် ယနေ့အချိန်တွင် ပိုမို ပတ်သက်ဆက်နွယ်မှု ရှိလာခဲ့ပြီဖြစ်သည်။ လွန်ခဲ့သည့်ရာစုနှစ်နှစ်ခုအတွင်း မတူကွဲပြားသောနိုင်ငံများ နှင့် ပြည်သူများအကြား ပိုမိုနီးကပ်လာအောင် ဆောင်ကြည်းပေးခဲ့သည့် သမိုင်းကြောင်းဖြစ်စဉ်ဖြစ်သော ကမ္ဘာလုံးဆိုင်ရာဝါဒ သည် မျက်မှောက်ခေတ်တွင် တိုက်ခိုက်မှု များခံနေရပြီး့ သံသယမျက်လုံးများဖြင့် စူးစိုက်မှု ခံနေရသည်။ ကုန်သွယ်ရေး ကိုယ်ကျိုးစီးပွားကာကွယ်ခြင်းဝါဒ နှင့် စီးပွားရေး မျက်ကန်းမျိုးချစ်ဝါဒ တို့နှင့်အတူ တစ်နိုင်ငံတည်းအထီးကျန် တံခါးပိတ်ရပ်တည်မှုဝါဒက ပိုမိုမြင့်မား ပေါ်ထွက်လာနေသည်။ အမှန်တကယ်တွင်အမေရိကန်နိုင်ငံ၏ ကိုယ်ကျိုးစီးပွားကာကွယ်ရေးမူဝါဒသည် စိုးရိမ်ဖွယ်ရာတစ်ခုသာမက ပျက်စီးခြင်းလည်း ဖြစ်စေပါသည်။

လွန်ခဲ့သော နှစ်အနည်းငယ်က ၎င်းတို့က ကုန်သွယ်ဖက်များအပေါ် အနိုင်ကျင့်ရန် အလွန်အမင်းပြင်းထန်သော ကုန်သွယ်အခွန်နှုန်းတိုးမြှင့်မှု တုတ်ချောင်းကြီးတစ်ခုဖြင့် ဝှေ့ယမ်း ခဲ့သည်။ ဒီထက်ပို၍ မူအမေရိကန်သမ္မတဒေါ်နယ်ထရမ့် က “ အမေရိကန်ပထမ” ဟူသော ကြွေးကြော်သံ ကို ဇန်နဝါရီလအတွင်းက ဒါဗို့စ် ညီလာခံ၌ဟစ်ကြွေးကာ အမေရိကန်နိုင်ငံသည် တစ်ချိန်က၎င်းတို့ကိုယ်တိုင် တည်ထောင်လာခဲ့သည့် နိုင်ငံစုံကုန်သွယ်ရေးစနစ် အခြေခံစည်းမျဉ်းစည်းကမ်းများပျက်စီးရေးအတွက် စိုးရိမ်ဖွယ်စိန်ခေါ်မှုတစ်ခု သွတ်သွင်းခဲ့သည်။

ဤကဲ့သို့ကမ္ဘာလုံးဆိုင်ရာဝါဒ အားအင်လျော့ကျပြီး ထောက်ခံမှုလိုအပ်နေချိန်တွင် ၊ တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က အနာဂတ်တရုတ်နိုင်ငံ၏ ရပ်တည်ချက်သဘောထား နှင့်ပတ်သက်၍ နှစ်ပတ်လည် ဘိုးအောက်ဖိုရမ်(Boao) အာရှညီလာခံ၌ ဆွေးနွေးသွားရန် စီစဉ်ထားသည်။ အခမ်းအနားကျင်းပရန် ဘိုးအောက် ထက်ပိုမိုကောင်းမွန်သော နေရာ မရှိနိုင်ပေ။တစ်ချိန်က တရုတ်နိုင်ငံ တောင်ပိုင်းစွန်း ဟိုင်နန်(Hainan) ပြည်နယ်အတွင်းရှိ တံငါရွာလေးတစ်ခုသာဖြစ်သော ဗိုးအောက်သည် မျက်မှောက်ခေတ်တွင် ကမ္ဘာ့ခေါင်းဆောင်များ စုရုံးလာရောက်ပြီး နှစ်ပတ်လည် အခမ်းအနားကျင်းပရန် နေရာတစ်ခု နှင့်အတူ တရုတ်နိုင်ငံ၏ ဂိတ်ထွက်ပေါက်တစ်ခု ဖြစ်လာခဲ့ပြီဖြစ်သည်။ဗိုးအောက် တံငါရွာလေးတစ်ခုအဖြစ်မှ ကမ်းခြေအနားယူစခန်းတစ်ခုအဖြစ်ပေါ်ထွက်လာခဲ့ခြင်းကလည်း တရုတ်နိုင်ငံ၏ တစ်သီးတစ်ခြား တံခါးပိတ်ကာ ဝါဒဖြင့် ကမ္ဘာ့ဖွံ့ဖြိုးမှု အနိုမ့်ဆုံးနိုင်ငံတစ်နိုင်ငံ အဖြစ်တည်ရှိခဲ့သောအခြေအနေမှ ကမ္ဘာ စီးပွားရေးအင်အားဒုတိယအကြီးဆုံးနိုင်ငံတစ်နိုင်ငံအဖြစ် ရောက်ရှိစေခဲ့ခြင်းကို ဖေါ်ပြနေသော သာဓက ကောင်းတစ်ရပ်လည်းဖြစ်သည်။

မှော်ဆန်သော နည်းလမ်းမှာ တရုတ်နိုင်ငံ၏ ပြင်ပကမ္ဘာ နှင့် တံခါးဖွင့်စီးပွားရေး စနစ်ကျင့်သုံးလာခဲ့ခြင်း နှင့် ကမ္ဘာ့စီးပွားရေးအတွက် ကမ္ဘာလုံးဆိုင်ရာဝါဒတွင် တက်ကြွစွာပါဝင် ဆောင်ရွက်ခဲ့ခြင်းတို့ကြောင့် ဖြစ်သည်။ အနောက်ကမ္ဘာခြမ်းသည် ကမ္ဘာလုံးဆိုင်ရာမူဝါဒအစပြုရာနေရာတစ်ခုဖြစ်ခဲ့ရာမှ ယခုအခါ ဆန့်ကျင်ဖက်ဖြစ်ကာ တစ်လမ်းသွား (သို့မဟုတ်) အခြားနည်းလမ်း ဖြင့် ကမ္ဘာလုံးဆိုင်ရာ မူဝါဒ ၏ရန်သူသဖွယ် ဖြစ်လာနေသည်။ ကမ္ဘာလုံးဆိုင်ရာမူဝါဒ အရ လွတ်လပ်ပွင့်လင်းသော ကုန်သွယ်ခြင်း က အနောက်နိုင်ငံများအတွက် ၎င်းတို့၏နိုင်ငံများမှာထက် လူနေမှုဘဝ နှင့် လုပ်ငန်းများအတွက် စရိတ်ပိုမိုကုန်ကျ စေကြောင်းလည်းပြောကြားလာကြသည်။

ထိုထက်ပို၍ မူ ထိုနိုင်ငံများ၌မူဝါဒချမှတ်သူများသည် အခြေအတင်ငြင်းခုံမှုကို အလွန်အမင်းကိုးစားခြင်း (သို့မဟုတ်) နိုင်ငံအတွင်း ထောက်ခံမဲ ရရှိစေရန် လုပ်ဆောင်နေခြင်းတို့ကြောင့်ဖြစ်သည်။ သို့သော် ကမ္ဘာလုံးဆိုင်ရာမူဝါဒကို ဆန့်ကျင်နေသူများသည် ကမ္ဘာလုံးဆိုင်ရာစီးပွားရေး၏ အကြီးမားဆုံး အကျိုးအမြတ်ကို အနောက်ကမ္ဘာအနေဖြင့် ဆက်လက်ရရှိနေသည်ဆိုသည့် အချက်ကိုမူ မေ့လျော့နေကြသည်။ ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံများအနေဖြင့် Apple ၊ McDonald နှင့် IKEA ကဲ့သို့သော နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုကော်ပိုရေးရှင်းများ(MNCs) များ၏ အကြီးမားဆုံးအပိုင်းများကိုပိုင်ဆိုင်ထားကြသည်။

၎င်း MNCs များသည် နိုင်ငံရပ်ခြားတွင် ပူးပေါင်းဆောင်ရွက်နေပြီး ထုတ်လုပ်မှုစရိတ် နည်းပါးခြင်း၊ အကျိုးအမြတ်ပိုမိုရရှိခြင်းနှင့်လုပ်ငန်းများ၏အစုရှယ်ယာအများစု ကိုပြန်လည်ရရှိပို့ဆောင်နိုင်ခြင်းနှင့် လက်တွေ့ဆောင်ရွက်နေသော ဖွံ့ဖြိုးဆဲနိုင်ငံများမှ လုပ်သားများ အတွက်အကျိုးအမြတ်အနည်းငယ်ကိုသာအသုံးပြုရခြင်း စသည့် ခံစားခွင့်များ ရနေသည်။ ဗိုးအောက် ဖိုရမ်သို့တက်ရောက်လာကြသူများအနေဖြင့် ၎င်းတို့၏ iPhones များကို ယူဆောင်လာချိန်တွင် ကမ္ဘာလုံးဆိုင်ရာမူဝါဒအပေါ် အကြံဉာဏ်များ ခေါင်းချင်းဆိုင်ဆွေးနွေးခြင်းမပြုမီ အချို့သော အတွက်အချက်များအတွက် အကူအညီဖြစ်စေ လိမ့်မည်ဖြစ်သည်။ Oregon တက္ကသိုလ်မှ လူမှုဗေဒဌာန ပါမောက္ခ John Bellamy Foster က၎င်းရေးသားထုတ်ဝေခဲ့သည့် The Endless Crisis: How Monopoly-Finance Capital Produces Stagnation and Upheaval from the USA to China စာအုပ်တွင် အာရှဖွံ့ဖြိုးရေးဘဏ် နှင့်ပတ်သက်၍ ကိုးကားဖော်ပြခဲ့ပြီး “ တရုတ်နိုင်ငံမှ Apple အတွက် တဆင့်ခံကန်ထရိုက် လုပ်ပေးတဲ့ Foxconn အတွက် iPhones ထုတ်လုပ်ရာတွင် တရုတ်အလုပ်သမားများ၏ လုပ်အားခသည် အပြီးသတ် စုစုပေါင်း ထုတ်လုပ်မှုကုန်ကျစရိတ် ၏ ၃.၆ ရာခိုင်နှုန်းသာ ရှိပြီး iPhones ထုတ်လုပ်မှုကုန်ကျစရိတ်တွင် Apple ၏ အကြီးမားဆုံးအမြတ်ငွေ ၆၄ ရာခိုင်နှုန်းအထိ ရရှိစေခဲ့ပါတယ် ” ဟု ဆိုထားသည်။

သို့သော် ထိုအရာသည် ငွေကြေးကိစ္စရပ်သက်သက်မျှသာဖြစ်သည်။ ကမ္ဘာ့အခင်းအကျင်းတွင် အနောက်ကမ္ဘာ၏ သြဇာပါဝါ လွှမ်းမိုးမှုကို အကြီးမားဆုံးဖြစ်အောင် ၎င်းတို့အား ယူဆောင်ပေးခဲ့သည်။ ဒုတိယကမ္ဘာစစ်နှောင်းပိုင်းတွင် အမေရိကန်ပြည်ထောင်စုသည် ၎င်း၏ မဟာမိတ်များနှင့်အတူ ကမ္ဘာလုံးဆိုင်ရာ ငွေကြေးစနစ်၏ အဓိကထောက်တိုင်များဖြစ်သော ကမ္ဘာ့ဘဏ် နှင့် နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ကို ဦးဆောင်ဦးရွက်ပြုလာခဲ့သည်။ အမှန်စင်စစ် ဒုတိယကမ္ဘာစစ်အလွန်ခေတ်သည် Pax Americana ခေါ်နိုင်ငံတကာငြိမ်းချမ်းရေးကို အမေရိကန်နိုင်ငံကသာကြီးကြပ်ချုပ်ကိုင်သော ခေတ်တစ်ခုအဖြစ် အများစုက ရှုမြင်ခဲ့သည်။ ထို့ကြောင့် လည်းအနောက်ကမ္ဘာတွင် မည်သည့်အတွက်ကြောင့် ကမ္ဘာလုံးဆိုင်ရာဝါဒကိုဆန့်ကျင်မှု ဖြစ်ပေါ်လာရပါသနည်းသုံးသပ်ပါက အဓိကအကြောင်းပြချက်မှာ စီးပွားရေး ကျယ်ပြန့်စွာတိုးတက်လာနေခြင်းအချက်အလက် ရှိနေလင့်ကစား မညီမျှသောပါဝင်ဆောင်ရွက်မှု အနေအထား တိုးတက်နေခြင်း တို့ကြောင့် ဖြစ်သည်။ ယခင်နှစ်က ပြင်သစ်နိုင်ငံ ပါရီစီးပွားရေးကျောင်းမှ ထုတ်ပြန်သော World Inequality Lab ကမ္ဘာ့မညီမျှခြင်း အစီရင်ခံစာအရ ၁၉၈၀ နှင့် ၂ဝ၁၆ ခုနှစ်အကြား အနောက်ဥရောပ နှင့် မြောက်အမေရိက နိုင်ငံများ၌ အမှန်တကယ် ဝင်ငွေခြားနားချက်သည် အောက်ခြေအဆင့် ၅ဝ ရာခိုင်နှုန်းက ၎င်း၏ ၉ ရာခိုင်နှုန်းခန့်သာရရှိနေချိန်တွင် ထိပ်ဆုံးအဆင့်တွင် ၁ ရာခိုင်နှုန်းမှ ၂၈ ရခိုင်နှုန်းအထိ ရရှိနေသည်။

အဆိုပါ ချမ်းသာကြွယ်ဝမှု ကွာဟချက်တွင် အနောက်နိုင်ငံများမှ နိုင်ငံရေးသမားများသည် အဖြေကို ရှာဖွေရေး ရှေ့ဆက်ရန် ပျက်ကွက်ခဲ့သည်။ ထိုသို့ မညီမမျှ ဖြစ်ရခြင်းအတွက် ၎င်းတို့က တိုင်းတစ်ပါးနိုင်ငံများကို ဓါးစာခံများသာပြစ်တင်ပြောဆိုမှု ပြုလုပ်ခဲ့ကြပြီး ပြည်တွင်း လူကြိုက်များရေးအတွက်ငွေသုံးစွဲမှုနှင့် အလုပ်အကိုင်အခွင့်အလမ်းဆုံးရှုံးမှုများအတွက်အခြားနိုင်ငံများကိုလက်ညှိုးထိုးခဲ့ကြသည်။ ကမ္ဘာလုံးဆိုင်ရာမူဝါဒအစိတ်အပိုင်းသည် ချောမွေ့မှု မရှိသေးသော်လညည်း အမှန်စင်စစ် ကမ္ဘာကြီးအနေဖြင့် အကျိုးအမြတ်များပိုမိုရရှိလာခြင်းအတွက် ၎င်းအား ကျေးဇူးတင်ရမည်ဖြစ်သည်။ ထို့ကြောင့် မှန်ကန်သောနည်းလမ်းဖြင့် ကမ္ဘာလုံးဆိုင်ရာမူဝါဒကို ချဉ်းကပ်ခြင်းသည် ၎င်းအား တားမြစ်ရန် ( သို့မဟုတ်) ၎င်းအား ပြောင်းပြန်လှန်ရေး ကြိုးပမ်းရန် မဟုတ်ပေ။ သို့သော် ၎င်းအား တင်းကြပ်စွာပွေ့ဖက်ရန် နှင့်တိုးတက်ကောင်းမွန်လာရေးှ့ မြှင့်တင်ရန် သာဖြစ်သည်။ တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာမူဝါဒကို ထောက်ခံသည်။

အဘယ်ကြောင့်ဆိုသော် လူသားများအတွက် ကောင်းစွာ အသက်ရှင်သန်နိုင်ရန် ပါဝင်ဆောင်ရွက်မှု ဖြစ်သောကြောင့်ဖြစ်သည်။ အကျိုးအမြတ်များကို မျှဝေခံစားပြီး အားလုံးပိုမိုပါဝင်သော ကမ္ဘာလုံးဆိုင်ရာဝါဒဖြစ်စေရန် တရုတ်နိုင်ငံအနေဖြင့် ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှုကို အဆိုပြုခဲ့သည်။ လူသားတစ်ရပ်လုံးအတွက် မျှဝေခြင်းနှင့်အတူ လူမှုအသိုက်အဝန်းတစ်ခုကို ဖန်တီးရန် အားလုံးပါဝင်အောင် ဖိတ်ခေါ်ခဲ့သည်။ အနောက်နိုင်ငံ ခေါင်းဆောင်များအနေဖြင့် ကာလရှည်ကြာစွာ ကြုံတွေ့နေခဲ့ရသည့် လူမှုစီးပွားပြဿနာရပ်များကို ပိုမိုကောင်းမွန်သောအဖြေတစ်ခု ရှာနိုင်ရန် ၎င်းတို့အနေဖြင့် ပွင့်လင်းသော စိတ်အစဉ်ဖြင့် နေထိုင်သင့်နေပါပြီ။ ကျု်အရာမှာ မလွယ်ကူဟုဆိုကောင်းဆိုနိုင်သော်လည်း မဖြစ်မနေလုပ်ဆောင်ရပါမည်။ ယခုနှစ်သည် တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး နှင့် တံခါးဖွင့်စီးပွားရေးကျင့်သုံးခြင်း နှစ် ၄ဝ ပြည့် အခါသမယ ဖြစ်သည်။ ဘိုးအောက်ဖိုရမ် (Boao Forum)၌ သမ္မတရှီကျင့်ဖိန်သည် တံခါးဖွင့်ခြင်း နှင့် အဓိက ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်သစ်များကို ဖွင့်ဟ ဖော်ပြမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဝမ်ရိ၏ ပြောကြားချက်အရ သိရသည်။ ကမ္ဘာတစ်ဝန်း ကမ္ဘာလုံးဆိုင်ရာ ဝါဒကို ဆန့်ကျင်နေချိန်တွင် တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာလုံးဆိုင်ရာဝါဒကို ထောက်ခံခြင်း နှင့် တရားမျှတသော ကမ္ဘာ့အခင်းအကျင်းတစ်ခု ဖြစ်ရန် ဆက်လက်ရပ်တည်နေပေလိမ့်မည်။ တရုတ်စီးပွားရေး အောင်မြင်ခြင်း အကြောင်းတရားမှာ ပြည်တွင်းပြုပြင်ပြောင်းလဲရေး တွန်းအားပေးခြင်း နှင့် ကမ္ဘာ့အပြင်ဘက်တွင် ဦးဆောင်မှုအခန်းကဏ္ဍကို လုပ်ဆောင်ခြင်း နှင့်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ခြင်းကို အားပေးထောက်ခံခြင်းတို့ကြောင့်ဖြစ်သည်။ အဆုံးသတ်မှာတော့ ကမ္ဘာလုံးဆိုင်ရာမူဝါဒ ဆိုသည်မှာ မိမိ တို့၏ အသီးသီးသော နိုင်ငံများအတွင်းမှသာအစပြု ရမည် ဖြစ်ပါသည်။(Xinhua)