Connect with us

Economy

နိုင်ငံတကာရေးရာများ၌ BRICS က ပိုမို ကြီးမားသည့် ကဏ္ဍတွင် ပါဝင်သင့်ကြောင်း တရုတ် သမ္မတ ရှီကျင့်ဖိန် ပြောကြား

BRICS သရုပ်ဖော်စာလုံးအား တွေ့ရစဉ် (ဆင်ဟွာ)

ဟန်ကျိုး၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)

BRICS အဖွဲ့ဝင် နိုင်ငံများအနေဖြင့် နိုင်ငံတကာရေးရာများတွင် ဖွံ့ဖြိုးစ စီးပွားရေး ဈေးကွက်နှင့် ဖွံ့ဖြိုးဆဲ နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်လုပ်ဆောင်သင့်ကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က စက်တင်ဘာလ ၄ ရက်က ပြောကြားလိုက်သည်။

ယခုနှစ် အစပိုင်းကတည်းက ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိက နိုင်ငံများ (BRICS) အကြား ပူးပေါင်းဆောင်ရွက်ခြင်းသည် နယ်ပယ် ချဲ့ထွင်ခြင်းနှင့် ရလဒ်များ ပိုမို ရရှိစေခြင်းဖြင့် ခိုင်မာသော ဖွံ့ဖြိုးမှု အရှိန်အဟုန်အား ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း ဟန်ကျိုးမြို့၌ G20 ထိပ်သီး အစည်းအဝေးနှင့် ပူးတွဲ ကျင်းပ သည့် BRICS ခေါင်းဆောင်များ အစည်းအဝေးတွင် ရှီက ပြောကြားခဲ့သည်။

ဖွံ့ဖြိုးစ၊ ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် G20 ၏ အရေးပါသော အဖွဲ့ဝင် နိုင်ငံများ၏ ခေါင်းဆောင်များ ပါဝင်သည့် BRICS အနေဖြင့် G20 နှင့် ပေါင်းကူးတံတားများ တည်ဆောက်မှု၊ ထိန်းသိမ်းမှုနှင့် ဖွံ့ဖြိုးမှုများတွင် တောင့်တင်း ခိုင်မာစွာ လုပ်ဆောင်သွားသင့်ကြောင်း ရှီက ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.