Connect with us

Economy

တရုတ်နိုင်ငံ၌ ၁၃ ကြိမ်မြောက် တရုတ်-အာဆီယံံကုန်စည်ပြပွဲဖွင့်လှစ်

၁၃ ကြိမ်မြောက် တရုတ်-အာဆီယံ ပြပွဲ ဖွင့်ပွဲမြင်ကွင်းအားတွေ့ရစဉ်(ဆင်ဟွာ)

နန်နင်း ၊ စက်တင်ဘာလ ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၌ ၁၃ ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ံပြပွဲ ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၁၁ ရက်တွင်ပြုလုပ်ခဲ့ပြီး ယင်းပြပွဲ၌ ပိုးလမ်းမကြီး တစ်လျှောက်တွင် ပါဝင်သည့် နိုင်ငံများ နှင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများက တရုတ်နိုင်ငံနှင့် စက်မှုပိုင်းဆိုင်ရာပူးပေါင်းဆောင်ရွက်မှု ၊ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာများစသည့် ပြကွက်များကို ခင်းကျင်းပြသထားကြောင်း သိရသည်။

အဆိုပါ ပြပွဲအခမ်းအနားကို တရုတ်နိုင်ငံတောင်ပိုင်း Guangxi Zhuang ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ မြို့တော် နန်နင်း၌ ပြုလုပ်လျက် ရှိပြီး “ ၂၁ ရာစု ရေကြောင်းပိုးလမ်းမကို ပူးပေါင်းတည်ဆောက်ခြင်းနှင့် တရုတ်-အာဆီယံ လူမှုအသိုင်းအဝိုင်းတွင် ဘုံဦးတည်ချက်ဖြင့် နီးကပ်စွာလက်တွဲ ဆောင်ရွက်ခြင်း” ခေါင်းစဉ်ဖြင့် ကျင်းပလျက်ရှိသည်။
လေးရက်ကြာကျင်းပမည့် ပြပွဲကို အာဆီယံအဖွဲ့ဝင် ၁ဝ နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၂၉ နိုင်ငံမှ ကုမ္ပဏီပေါင်း ၂၅ဝဝ ကျော်ပါဝင်ပြသလျက်ရှိကြောင်း ၊ ထို့ပြင် အိန္ဒိယ၊ ပါကစ္စတန် ၊ သီရိလင်္ကာ နှင့် ကာဇက်စတန်နိုင်ငံများမှ ကုမ္ပဏီတို့ကလည်း ပါဝင်ပြသလျက်ရှိကြောင်း သိရသည်။
တရုတ်-အာဆီယံ စီးပွားရေး နှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး ဖွင့်ပွဲကိုလည်း စက်တင်ဘာလ ၁၁ရက် (ယနေ့)တွင် ပြုလုပ်ခဲ့သည်။
ယခုနှစ်ပြပွဲတွင် ပြခန်းပေါင်း ၅၈ဝဝ ကျော်ပါဝင်ပြီး လွန်ခဲ့သောနှစ်ကထက် ပြခန်းပေါင်း ၁၂ဝဝ ကျော်ပို၍ များပြားခဲ့သည်။ထို့ပြင် ခရီးသွားလုပ်ငန်းကဏ္ဍ နှင့် ပို့ဆောင်ရေးကဏ္ဍ ၊ ယဉ်ကျေးမှုကဏ္ဍ၊ သဘာဝပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရေးကဏ္ဍ နှင့် ပညာရေးကဏ္ဍ များအပါအဝင် တရုတ်-အာဆီယံ အကြားပူးပေါင်းဆောင်ရွက်ရေးတိုးမြှင့်လုပ်ဆောင်မည့် အစည်းအဝေးပေါင်း ၃ဝ ကျော်လည်း ပြပွဲကာလအတွင်းပြုလုပ်သွားရန် ရှိသည်။
တရုတ်နိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွက် အကြီးဆုံးကုန်သွယ်ဖက် နိုင်ငံတစ်နိုင်ငံဖြစ်သည်။အလားတူ အာဆီယံအဖွဲ့သည် တရုတ်နိုင်ငံအတွက် တတိယမြောက် အကြီးဆုံးကုန်သွယ်ဖက်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.