Connect with us

Economy

ဟန်ကျိုး G20 အစည်းအဝေး တွင် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ပဋိညာဉ်စာချုပ်သစ် ချမှတ် နိုင်ရန် မျှော်လင့်ကြောင်း ဗြိတိန် ပညာရှင် ပြောကြား

နိုင်ငံ ၂၀ အဖွဲ့အစည်း(G20) ခေါင်းဆောင် ထိပ်သီး အစည်းအဝေး ကျင်းပ မည့် ဟန်ကျိုးမြို့မြင်ကွင်း(ဆင်ဟွာ)

ဟန်ကျိုး ၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ဟန်ကျိုး မြို့တွင် ကျင်းပတော့မည့် နိုင်ငံ ၂၀ အဖွဲ့အစည်း(G20) ခေါင်းဆောင် ထိပ်သီး အစည်းအဝေး သည် ကမ္ဘာ့အဓိက စီးပွားရေး အသိုက်အဝန်း ခေါင်းဆောင်များ၏ ကမ္ဘာလုံးဆိုင်ရာ ကိစ္စရပ်များ အပေါ် ညှိနှိုင်းဆောင်ရွက်ရန် အထောက်အကူ ပြုနိုင်မည် ဖြစ်ပြီး ယခု အကြိမ် ထိပ်သီး အစည်းအဝေး မှ ကမ္ဘာလုံးဆိုင်ရာ အနာဂတ်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု အတွက် ပဋိညာဉ်စာချုပ်သစ် များ ချမှတ် သွားနိုင်ရန် မျှော်လင့်ကြောင်း ဗြိတိန် နိုင်ငံ ပညာရှင် မှ ဆင်ဟွာ သတင်းဌာန ၏ တွေ့ဆုံမေးမြန်းမှု ကို ဖြေကြားရာတွင် ပြောကြား ခဲ့ပါသည်။

ဗြိတိန် နိုင်ငံ လီဗာပူး တက္ကသိုလ် စီးပွားရေး အထူးပြုဌာန ဌာနမှူး Gary Cook မှ ဆင်ဟွာ သတင်းဌာန၏ တွေ့ဆုံမေးမြန်းမှု ကိုဖြေကြားရာတွင် ဟန်ကျိုး G20ထိပ်သီး အစည်းအဝေး သည် အပြည်ပြည်ဆိုင်ရာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု နှင့် ကမ္ဘာ့စီးပွားရေး ယုံကြည်မှု ထိန်းသိမ်းရန် အတွက် အရေးပါ အကျိုးရှိသော အခန်းကဏ္ဍတွင် ပါဝင်ကြောင်း ၊ ယခု အကြိမ်အစည်းအဝေး မှ စီးပွားရေး လုံခြုံမှု နှင့် နိုင်ငံရေး လုံခြုံမှု တို့တွင် အရေးပါသော အောင်မြင်မှု များရရှိနိုင်မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
ထို့နောက်တွင် Cook မှ “လက်ရှိအချိန်တွင် ကျွန်တော်တို့သည် အခက်အခဲ ကာလတစ်ခုတွင်ရောက်ရှိနေပြီး G20 အစည်းအဝေး တွင် ပွင့်လင်းစွာ ပြဿနာ အသီးသီး ကို တိုင်ပင်သွားရမည်မှာ အလိုအပ်ဆုံး ဖြစ်တယ်” ဟု ပြောကြားခဲ့သည်။ ၎င်း မှ လက်ရှိ ကမ္ဘာ့စီးပွားရေး အခြေအနေသည် မတည်ငြိမ်မှုများရှိနေပြီး အချို့ဒေသများ၏ ငွေကြေး အခြေအနေ များမှာ အားနည်းနေသေးကြောင်း ၊ G20 အစည်းအဝေး မှ လွတ်လပ်စွာ ကုန်သွယ်မှု စိတ်ဓာတ် ကို အသိအမှတ် ပြုနိုင်ပြီး အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု ကို တွန်းအားပေး သွားရန် မျှော်လင့်ကြောင်း ပြောကြား ခဲ့သည်။
ဗြိတိန် နိုင်ငံ သည် ဥရောပ သမဂ္ဂ (EU) မှ နှုတ်ထွက် ခဲ့သည့် ကိစ္စ နှင့် ပတ်သက်၍ Cook မှ ဗြိတိန် နိုင်ငံ EU မှ နှုတ်ထွက် ခဲ့ခြင်းကြောင့် မသေချာမှု များနှင့် စိုးရိမ်မှု များကို ဖြစ်ပွားစေခဲ့ကြောင်း ၊ ယခု G20 အစည်းအဝေးသည်လည်း နိုင်ငံ အသီးသီး ၏ အဆိုပါ ကိစ္စ အပေါ် ထားရှိသော သဘောထားကို သိရှိ နိုင်မည် ဖြစ်ပြီး မဟာဗျူဟာ အမြင်တစ်ခု ကိုလည်း ရရှိနိုင်မည် ဖြစ်ကြောင်း ၊ အဓိက စီးပွားရေး အသိုက်အဝန်း အနေဖြင့် ယခု အကြိမ် အစည်းအဝေး မှ တဆင့် ဗြိတိန် EU မှ နှုတ်ထွက်ပြီးနောက် ဥရောပ နှင့် အနီးကပ် ဆက်ဆံရေး ကို ဆက်လက် ထိန်းသိမ်း သွားရန် အတွက် လှုံ့ဆော် နိုင်ရန် မျှော်လင့်ကြောင်း ပြောကြား ခဲ့သည်။
ဗြိတိန် နိုင်ငံ ထင်ရှား သော Think-tank အဖွဲ့ဝင် ၊ တော်ဝင် နိုင်ငံတကာရေးရာ သုတေသနဌာန အပြည်ပြည်ဆိုင်ရာ စီးပွားရေး သုတေသန တွဲဖက်ပါမောက္ခ ၊ ငွေကြေးဆိုင်ရာ သုံးသပ်သူ Alan Wheatley မှ လက်ရှိ ကမ္ဘာ့နိုင်ငံ အသီးသီး တွင် ကမ္ဘာလုံးဆိုင်ရာ ပုံစံ နှင့် လွတ်လပ်စွာ ကုန်သွယ်ခြင်း တို့ကို ဆန့်ကျင်လိုသော အရိပ်လက္ခဏာ များကိုတွေ့ရှိရပြီး ကမ္ဘာလုံးဆိုင်ရာ ပုံစံ ဖြစ်တည်မှု နောက်ပြန်ဆုတ်လာပါက ကမ္ဘာ့စီးပွားရေး အတွက် သိသာထင်ရှားသော အန္တရာယ် များ ဖြစ်ပေါ် စေနိုင်မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
ထို့နောက်တွင် Wheatley မှ ဟန်ကျိုး G20 အစည်းအဝေး မှ ကမ္ဘာ့လုံးဆိုင်ရာ ပုံစံ ဖြစ်တည်မှု ကို အနှောက်အယှက် ဖြစ်စေမှု များကို တားဆီး ရမည် ဖြစ်ပြီး ကမ္ဘာ့နိုင်ငံ အသီးသီး မှ တန်းတူညီမျှသည့် ကမ္ဘာလုံးဆိုင်ရာ ပုံစံ အသီးအပွင့် ရရှိအောင် ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ G20 အစည်းအဝေး သည် နိုင်ငံအသီးသီး အတွက် တန်းတူညီမျှဖွံ့ဖြိုးတိုးတက်ခြင်း နှင့် တာဝန်ယူမှုရှိစွာ ဖွံ့ဖြိုးတိုးတက်ခြင်း တို့ကို သတ်မှတ်ပေးနိုင် မည် ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.