Economy
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် CIIE ပြပွဲဖွင့်ပွဲအခမ်းအနားတွင် ဗီဒီယိုလင့်ခ်မှတစ်ဆင့် မိန့်ခွန်းပြောမည်

ပေကျင်း၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် နိုဝင်ဘာ ၄ ရက်တွင် ရှန်ဟိုင်းမြို့၌ ကျင်းပမည့် တတိယအကြိမ်မြောက် တရုတ် နိုင်ငံတကာ သွင်းကုန်ပြပွဲ (CIIE) နှင့် ဟုန်ချောင် နိုင်ငံတကာစီးပွားရေးဖိုရမ် ဖွင့်ပွဲအခမ်းအနား၌ ဗီဒီယိုလင့်ခ်မှတစ်ဆင့် မိန့်ခွန်းပြောကြားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောင်းဖုန်းက အောက်တိုဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua)