Connect with us

Economy

တရုတ်-အာဆီယံ ခရီးသွားလုပ်ငန်းပြပွဲကို တရုတ်နိုင်ငံ တောင်ပိုင်းတွင် ကျင်းပမည်

တရုတ်နိုင်ငံ တောင်ပိုင်း၊ ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့တွင် ၁၅ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီးအစည်းအဝေးကို ၂၀၁၈ ခုနှစ် စက်တင်ဘာ ၁၂ ရက်က ကျင်းပနေစဉ် (ဆင်ဟွာ)

နန်နင်း၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)

၂၀၂၀ ပြည့်နှစ် တရုတ်-အာဆီယံ ခရီးသွားလုပ်ငန်းပြပွဲကို တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကွေ့လင်မြို့တွင် ဒီဇင်ဘာ ၈ ရက်၌ ပြုလုပ်မည်ဖြစ်ကြောင်း ဒေသတွင်း ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးဌာနက အောက်တိုဘာ ၂၆ ရက်တွင် ပြောကြားခဲ့သည်။

သုံးရက်တာပြုလုပ်မည့် အဆိုပါပြပွဲသည် ၂၅,၀၀၀ စတုရန်းမီတာ အကျယ်အဝန်းရှိပြီး တရုတ်နှင့် အာဆီယံ နိုင်ငံများကြား ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှုများ၊ နည်းပညာသစ် ခင်းကျင်းပြသမှုများ၊ ဖလှယ်မှုများနှင့် ကုန်သွယ်မှုများအတွက် ပလက်ဖောင်းတစ်ခုအဖြစ် ဆောင်ရွက်ရန် သတ်မှတ်ထားခြင်းဖြစ်သည်။

အွန်လိုင်းမှတဆင့်ပြုလုပ်မည့်၎င်းပြပွဲတွင် ခရီးသွားနေရာများ ၊ကုန်ပစ္စည်းများ၊ အသုံးပြုခြင်း၊ သိပ္ပံနှင့်နည်းပညာ၊ အပန်းဖြေနေရာတည်ဆောက်ခြင်းများနှင့် ဉာဏယဉ်ကျေးမှုပြပွဲ အပါအဝင် ကဏ္ဍခြောက်ခုဖြင့် ကျင်းပသွားမည်ဖြစ်သည်။အဆိုပါပြပွဲသို့ တရုတ်နိုင်ငံရှိ ဒေသ ၂၁ ခု၊ ပြည်ပရှိ တရားဝင်ခရီးသွားအေဂျင်စီ ၂၀ နှင့် အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံ အပါအဝင် နိုင်ငံနှင့် ဒေသပေါင်း ၅၀ မှ ပြပွဲပြသသူ ၁၀၀ နီးပါး ဝင်ရောက်ပြသကြမည်ဖြစ်သည်။ ထို့ပြင် ပြပွဲကိုရောင်းချသူများနှင့် ညှိနှိုင်းဆွေးနွေးရန် လုပ်ငန်းကျွမ်းကျင်သူ ကုန်သည်ပေါင်း ၃၀၀ ကျော်လည်းတက်ရောက်မည် ဖြစ်သည်။ ပြပွဲကို ၂၀၁၅ ခုနှစ်ကတည်းက နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ (Xinhua)