Connect with us

Economy

ပြည်ပမှ CIIE ပြပွဲသို့ ပါဝင်တက်ရောက်သူများ ပြပွဲနေရာ၌ပင် ဗီဇာသက်တမ်းတိုးနိုင်

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့တွင် ကျင်းပနေသော တရုတ် နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) ၏ လာဘ်ကောင်အရုပ် ကျင်းပေါင် (Jinbao) ကို တွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

တရုတ် နိုင်ငံတကာ သွင်းကုန်ပြပွဲ (CIIE) သို့ ပြည်ပနိုင်ငံများမှ လာရောက်ပြသသူများနှင့် လာရောက်လည်ပတ်သူများကို ပြပွဲနေရာတွင်ပင် ဗီဇာသက်တမ်းတိုး လျှောက်ထားရန် ခွင့်ပြုထားကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ပြပွဲအကြိုစီစဉ်မှုများနှင့် နောက်ဆက်တွဲစီးပွားရေးညှိနှိုင်းဆောင်ရွက်မှုများအတွက် ရှန်ဟိုင်းမြို့တွင် ဆက်လက်နေထိုင်ရန်အတွက် ၎င်းတို့၏ နေထိုင်ခွင့်သက်တမ်းတိုးရန်လိုအပ်သည့် နိုင်ငံရပ်ခြားမှ ပြပွဲ လာရောက်ပြသသူများနှင့် လာရောက်လည်ပတ်သူများ အနေဖြင့် ဗီဇာသက်တမ်းတိုးကိစ္စများကို ပြပွဲကျင်းပသည့် အမျိုးသားပြပွဲနှင့်ကွန်ဗင်းရှင်းစင်တာ (ရှန်ဟိုင်း) တွင်ပင် ပြီးစီးအောင်လုပ်ဆောင်နိုင်ကြောင်း ရှန်ဟိုင်း မြူနီစီပယ် ပြည်သူ့လုံခြုံရေးဗျူရို၏ အဝင်အထွက် စီမံခန့်ခွဲရေးဌာနက ပြောဆိုခဲ့သည်။

ပြပွဲတွင်ပါဝင်သည့် အချိန်ပိုင်းဝန်ထမ်းများ နိုင်ငံတွင်းဝင်ရောက်လာပြီးနောက် နေထိုင်ခွင့် ပါမစ်လျှောက်ထားရန်လိုအပ်ပါကလည်း ပြပွဲစင်တာ၏ နိုင်ငံရပ်ခြား ဝန်ထမ်းရေးရာဝန်ဆောင်မှုဌာနတွင် လျှောက်လွှာများ ဖြည့်သွင်းနိုင်ကြောင်း ၎င်းကထပ်မံပြောကြားခဲ့သည်။“ဒါကအဆင်ပြေပါတယ်။ ကုန်စည်ပြပွဲနေရာမှာ ဗီဇာသက်တမ်းတိုးအတွက် ဖြေရှင်းပေးလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်မထားဘူး” ဟု အီတလီနိုင်ငံမှ ရတနာပြခန်း ဝင်ရောက်ပြသသူတစ်ဦးဖြစ်သည့် Marco Russo က ပြောသည်။
“ပြပွဲမှာ ဝင်ရောက်ပြသတာဟာ ကျွန်တော်တို့ရဲ့ ဒုတိယမြောက်နှစ်ပါ။ တရုတ်နိုင်ငံရဲ့ ပွင့်လင်းတဲ့ဈေးကွက်က ကြီးမားတဲ့ဆွဲဆောင်မှုရှိပါတယ်” ဟု Russo က ပြောခဲ့သည်။ ဗီဇာသက်တမ်းတိုးပြီးသွားတဲ့နောက်ပိုင်း တရုတ်နိုင်ငံရဲ့ ဈေးကွက်ကို စူးစမ်းလေ့လာဖို့နဲ့ ပြပွဲအပြီးမှာ ကုန်သည်တွေဆီကို သွားရောက်လည်ပတ်နိုင်ဖို့ ကျွန်တော်တို့ အချိန်တွေပိုရမယ်” ဟု ၎င်းက ဆိုသည်။

ထို့ပြင် ဝန်ဆောင်မှုဌာနအနေဖြင့် နိုင်ငံကူးလက်မှတ် ပျောက်ဆုံး သို့မဟုတ် ပျက်စီးသွားသည့် နိုင်ငံအတွင်းမှ ထွက်ခွာလိုသူ နိုင်ငံခြားသားများအတွက် ပိုမိုအဆင်ပြေစေမည့်ဝန်ဆောင်မှုလမ်းကြောင်းတစ်ခု ဖွင့်လှစ်ထားရှိပြီး နိုင်ငံကူးလက်မှတ်များ ပျောက်ဆုံးကြောင်း သတင်းပို့ခြင်းနှင့် ပြည်ဝင်ခွင့်ဗီဇာ အထောက်အထားများ ပြန်လည်ထုတ်ပေးခြင်းများကဲ့သို့ ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးကြောင်း သိရသည်။ ယခုနှစ်၏ CIIE သည် ၂၀၂၀ ပြည့်နှစ်အတွင်း ကမ္ဘာတစ်ဝန်း အကြီးမားဆုံးပွဲကြီးအနက်တစ်ခုအဖြစ် နိုင်ငံတွင်းနှင့် ပြည်ပမှ လာရောက်သည့် ဧည့်သည်ဦးရေ ၄၀၀,၀၀၀ တက်ရောက်မည်ဟု မျှော်မှန်းထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.