Connect with us

Economy

တရုတ်နိုင်ငံ ချင်းသောင်သည် SCOအဖွဲ့နိုင်ငံများ၊ ဂျပန်၊တောင်ကိုရီးယားနိုင်ငံများနှင့် ကုန်သွယ်စီးပွားချိတ်ဆက်ရာ ဗဟိုအချက်အချာဖြစ်လာ

တရုတ်-ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့(SCO) ဒေသ ကုန်သွယ်စီးပွား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ တရုတ်နိုင်ငံ ချင်းသောင် ဘက်စုံသယ်ယူပို့ဆောင်ရေးဇုန်တွင် ကုန်တင်ကွန်တိန်နာကားကြီးများ ဝင်ထွက်သွားလာနေသည်ကို နိုဝင်ဘာ ၉ ရက်က တွေ့ရစဉ်(Xinhua/Li Zi Heng)

ချင်းသောင်၊နိုဝင်ဘာ ၅ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် ချင်းသောင်မြို့ ကျောင်းကျိုးရှိ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့(SCO) ဘက်စုံသယ်ယူပို့ဆောင်ရေး သရုပ်ပြဇုန်တွင် အလယ်အာရှ၊ တရုတ်-တောင်ကိုရီးယား၊ တရုတ်-မွန်ဂိုးလီးယား၊ တရုတ်-ဥရောပ(ရုရှား)၊ အာဆီယံသီးသန့်၊ တရုတ်-ဥရောပ(ဘီလာရုဇ်)စသည့် နိုင်ငံတကာ သယ်ပို့ဆောင်ရေးလမ်းကြောင်း ၆ ခုအပါအဝင် လက်ရှိပြည်တွင်းပြည်ပသယ်ယူပို့ဆောင်ရေးလမ်းကြောင်း စုစုပေါင်း ၁၇ ခု ရှိကြောင်း သိရသည်။

ကာဇက်စတန်နိုင်ငံ အဲလ်မတ်တီသို့ ၁၂ ရက်ကြာ မောင်းနှင်ပို့ဆောင်ပေးမည့် ဂျပန်၊တောင်ကိုရီးယားနိုင်ငံများ၏ တာယာနှင့်မော်တော်ကားအပိုပစ္စည်းများ၊ အီလက်ထရောနစ်အပိုပစ္စည်းများ တင်ဆောင်ထားသည့် ကုန်တင်ရထားကြီးအား ချင်းသောင် ဘက်စုံသယ်ယူပို့ဆောင်ရေးဇုန်တွင် အောက်တိုဘာ ၉ ရက်က တွေ့ရစဉ်(Xinhua/Li Zi Heng)

တရုတ်-ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့(SCO) ဒေသ ကုန်သွယ်စီးပွား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ တရုတ်နိုင်ငံ ချင်းသောင် ဘက်စုံသယ်ယူပို့ဆောင်ရေးဇုန်တွင် ကုန်တင်ကွန်တိန်နာကားကြီးများ ဝင်ထွက်သွားလာနေသည်ကို နိုဝင်ဘာ ၉ ရက်က တွေ့ရစဉ်(Xinhua/Li Zi Heng)

အဆိုပါဇုန် ဖွင့်လှစ်ပြီး ၂ နှစ်ကျော် ကြာကာလတွင် ဘက်စုံသယ်ယူပို့ဆောင်နိုင်ခြင်း၏ အဆင်ပြေ မြန်ဆန်လွန်ကူမှုများကြောင့် ထိုနေရာသည် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့(SCO)နိုင်ငံများအပါအဝင် ဂျပန်၊ တောင်ကိုရီးယားနိုင်ငံများနှင့် ကုန်သွယ်စီးပွားချိတ်ဆက်ရာ အဓိကနေရာတစ်ခု ဖြစ်လာကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.