Connect with us

Economy

တရုတ်နိုင်ငံက ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်းများတွင် COVID-19 ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို မီးမောင်းထိုးပြ

လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်း မြောက်ဘက် ကီလိုမီတာ ၆၀ ခန့်အကွာရှိ ဗီယင်ကျန်းပြည်န်းနယ်တွင် တရုတ်-လာအို ရထားလမ်း၏ Ban Nong Khay ဥမင်မှတစ်ဆင့် ရထားသံလမ်းများ တည်ဆောက်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည်  COVID-19 တိုက်ဖျက်ရေးတွင် ရပ်ဝန်းနှင့် ပိုးလမ်းမအဆိုပြုချက်တွင်ပါဝင်သော နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားမည် ဖြစ်ပြီး အဆိုပြုချက်ကို အကောင်အထည်ဖော် တည်ဆောက်ရာတွင် အနှောင့်အယှက်အနည်းငယ်ရှိသော်လည်း ရှေ့ဆက်သွားမည် ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ဩဂုတ် ၁၆ ရက်က ပြောကြားခဲ့သည်။ 

ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက်၏ နိုင်ငံရပ်ခြားစီမံကိန်းများအပေါ် COVID-19 ရောဂါ သက်ရောက်မှုကို ထိန်းချုပ်ရန် တရုတ်နိုင်ငံသည် အတွေ့အကြုံမျှဝေမှုမှ ထောက်ပံ့သယ်ပို့လုပ်ငန်းအထိ နယ်ပယ်များအား လွှမ်းခြုံနိုင်ရန် အစီအစဉ်များကို ဆောင်ရွက်ထားကြောင်း နိုင်ငံ၏ ထိပ်တန်းစီးပွားရေးအစီအစဉ်ဖြစ်သည့် အမျိုးသား ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြုပြင်ပြောင်းလဲမှုကော်မရှင် ပြောခွင့်ရပုဂ္ဂိုလ် Meng Wei က ပြောသည်။ 

တရုတ်နိုင်ငံသည် နိုင်ငံရပ်ခြားစီမံကိန်းများတွင် အလုပ်လုပ်ကိုင်နေသော ပြည်သူများ၏ ဘေးကင်းလုံခြုံမှုနှင့် ကျန်းမာရေးကို ဦးစားပေးကာ နိုင်ငံများစွာ၌ ကူးစက်ရောဂါ တိုးပွားလာခြင်းကို စောင့်ကြည့်သွားမည် ဖြစ်ကြောင်း၊ ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဆောင်ရွက်ချက်များကို အံဝင်ခွင်ကျဖြစ်စေရေး ဖန်တီးသွားမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ နိုဗယ် ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေး အတွေ့အကြုံများကို မျှဝေသွားမည် ဖြစ်ကြောင်းနှင့် ကူးစက်ရောဂါတိုက်ဖျက်ရေး အကူအညီများ ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

ထို့ပြင် တရုတ်နိုင်ငံသည် ကူးစက်ရောဂါဖြစ်ပွားစဉ်အတွင်း တရုတ်နိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသူများအား ကူညီပေးရေး၊ ပြည်ပနိုင်ငံများသို့ ၎င်းတို့၏တာဝန်များ ပြန်လည်ထမ်းဆောင်နိုင်ရန် ကူညီပေးရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ပြည်ပစီမံကိန်းများအတွက် ဘဏ္ဍာရေးထောက်ပံ့မှု ခိုင်မာမှုနှင့်အတူ နိုင်ငံခြားငွေကြေးလဲလှယ်နှုန်း အရောင်းအဝယ်များနှင့် နိုင်ငံရပ်ခြားတွင် ယွမ်ငွေအသုံးပြုသော စီးပွားရေးလုပ်ငန်းများအတွက် ယင်းကို ထိရောက်စွာ အသုံးပြုသွားမည် ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.