Connect with us

Economy

တရုတ်နိုင်ငံတွင် Singles’ Day အွန်လိုင်းဈေးပွဲတော် စံချိန်တင် ရောင်းချခဲ့ရ

အလီဘာဘာ ဥက္ကဋ္ဌ ဂျက်မာအား Singles’ Day အွန်လိုင်း ဈေးပွဲတော်နေ့၌ တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ)

ယခုနှစ်အတွက် တရုတ်နိုင်ငံ၏ အကြီးမားဆုံး အွန်လိုင်းမှ ဈေးဝယ်ယူခြင်းပွဲတော် ဖြစ်သည့် Singles’ Day ၌ ယခင်နှစ်ထက်စံချိန်တင် ရောင်းချခဲ့ရကြောင်းသိရသည်။

တရုတ်နိုင်ငံ၏ အကြီးဆုံး e-commerce ဖြစ်သော အလီဘာဘာသည် ၆ မိနစ် ၅၈ စက္ကန့် (၀၀း၀၆း၅၈ နာရီ) အတွင်း ယွမ် ၁၀ ဘီလီယံ (အမေရိကန် ဒေါ်လာ ၁.၄၇ ဘီလီယံ) ရရှိခဲ့ပြီး မနှစ်ကထက် ၆ မိနစ်နီးပါး ပိုမို မြန်ဆန်စွာရရှိခဲ့သည်။ ညနေ ၃း၂၀ နာရီအချိန်အထိ ရောင်းရငွေမှာ မနှစ်က တစ်နေ့လုံး ရောင်းအားဖြစ်သည့် ယွမ် ၉၁.၂ ဘီလီယံ ကျော်သွားခဲ့သည်။ ည ၆း၅၅ နာရီအချိန်၌ ရောင်းရငွေ ယွမ် ၁၀၀ ဘီလီယံ ရရှိခဲ့ကြောင်း သိရသည်။ည ၈း၀၀ နာရီအချိန်တွင် ကောက်ယူခဲ့သည့် စာရင်းအရ အလီဘာဘာသို့ တင်ခဲ့သည့် အော်ဒါပေါင်း ၅၄၉ သန်း ရှိခဲ့သည်။အခြား အွန်လိုင်း အရောင်း ဝက်ဘ်ဆိုဒ်များ ဖြစ်သည့် JD.com, Gome နှင့် Suning.com တို့သည်လည်း ပထမ နာရီပိုင်းအတွင်း ယခင် အရောင်းစံချိန်များထက် ကျော်လွန်ခဲ့ကြောင်း သိရသည်။

Singles’ Day မြင်ကွင်းအား တွေ့ရစဉ် (ဆင်ဟွာ)

Singles’ Day မြင်ကွင်းအား တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အွန်လိုင်းမှ ဝယ်ယူမှု ဈေးကွက်၏ ရောင်းအားသည် ဒုတိယ လေးလပတ်အတွင်း ယွမ် ၁.၁ ထရီလီယံ ရှိပြီး ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်လျှင်၂၇.၆ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ ထို့ပြင် စတုတ္ထ လေးလပတ်အတွင်း ရောင်းအား ပမာဏသည် ၁.၅ ထရီလီယံကိုကျော်လွန် ရရှိနိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။Singles’ Day သည် အိမ်ထောင်မရှိသူဖြစ်ခြင်းကို ဂုဏ်ယူသည့် အနေဖြင့် ရည်ရွယ်ကျင်းပသည့် ပျော်ပွဲရွှင်ပွဲတစ်ခုအနေဖြင့် တရုတ်လူငယ်များအကြားတွင် ရေပန်းစားပြီး နှစ်စဉ်နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ကျင်းပလေ့ရှိသည်။ ယခုအခါ တရုတ်နိုင်ငံ၏ အကြီးမားဆုံး၂၄ နာရီအွန်လိုင်းဈေးပွဲတော် တစ်ခုဖြစ်လာသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.