Connect with us

Economy

ရှန်ဟိုင်း ရှယ်ယာရောင်းဝယ်ရေးဋ္ဌာနတွင် Xinhuanet စတင်ရောင်းချ

Xinhuanet စတင်ရောင်းချခြင်းအား ဆင်ဟွာ ဥက္ကဋ္ဌ တက်ရောက်ဖွင့်လှစ်နေစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာလ ၂၈ ရက် (ဆင်ဟွာ)

ရှန်ဟိုင်း စတော့ခ်ရှယ်ယာ ရောင်းဝယ်ရေးဋ္ဌာနတွင် Xinhuanet ကုမ္ပဏီ လီမိတက်က အစုရှယ်ယာများအား အောက်တိုဘာလ ၂၈ ရက် စတင်ရောင်းချခဲ့ရာ ရှယ်ယာများ အရောင်းစဖွင့်ပြီးနောက် ရှယ်ယာများ တစ်ရှိန်ထိုး မြင့်တက်လာခဲ့ပြီးနောက် ချက်ချင်း အရောင်းပိတ်လိုက်ရကြောင်း သိရသည်။

တရုတ်နိုင်ငံ၏ ဆင်ဟွာ သတင်းအေဂျင်စီ ဝက်ဘ်ဆိုက်ဖြစ်သော Xinhuanet ရှယ်ယာအား ရှန်ဟိုင်း စတော့ခ် ဈေးကွက်တွင် ဝယ်လိုအား ကြီးမားလာခဲ့ခြင်းကြောင့် ရှယ်ယာ ဈေးနှုန်း ၄၃.၉၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး တစ်စုလျှင် ယွမ် ၃၉.၈၇ ရှိလာခဲ့ကြောင်း သိရသည်။

ကုမ္ပဏီ၏ လမ်းညွှန်ချက် (Prospectus) အရ Xinhuanet အနေဖြင့် ဘက်စုံ မီဒီယာ စီးပွားရေး၊ ကလောက် ဝန်ဆောင်မှု (Cloud Service) နှင့် မိုဘိုင်း အင်တာနက် ဝန်ဆောင်မှု စသည်တို့အား ချဲ့ထွင်ကာ စတော့ခ်ဈေးကွက်မှ ရန်ပုံငွေများ မြင့်တက်လာစေရန် စီစဉ်ထားကြောင်း သိရသည်။

Xinhuanet သည် တရုတ်နိုင်ငံက ထုတ်ဝေလျက်ရှိသည့် ဒုတိယမြောက် နိုင်ငံပိုင်မီဒီယာ ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.