Connect with us

Economy

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် မှ ၂၄ ကြိမ်မြောက် APEC အစည်းအဝေးတွင် အနာဂတ်ကို ဦးတည်ဖော်ဆောင်ကာ အာရှ-ပစိဖိတ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြမည်ဟု ပြောကြား

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် မှ နိုဝင်ဘာ ၂၀ ရက်နေ့က ကျင်းပသည့် ၂၄ ကြိမ်မြောက် APEC အစည်းအဝေးတွင် မိန့်ခွန်းပြောကြားစဉ်(ဆင်ဟွာ)

လီမာ ၊ နိုဝင်ဘာ ၂၁ ရက်(ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် နိုဝင်ဘာ ၂၀ ရက်နေ့က ပီရူး နိုင်ငံ လီမာ မြို့တွင် ကျင်းပ သည့် ၂၄ ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့(APEC) ခေါင်းဆောင်များ အစည်းအဝေးကို တက်ရောက်ခဲ့ပြီး “အနာဂတ်ကို ဦးတည်ဖော်ဆောင်ကာ အာရှ-ပစိဖိတ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြမည်” ဟူသည့် ခေါင်းစဉ်ဖြင့် အစည်းအဝေး တွင် မိန့်ခွန်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ပုံစံ သည် အခက်အခဲများနှင့် ရင်ဆိုင်နေရပြီး အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှုသည်လည်း အားနည်းနေကြောင်း ၊ စက်တင်ဘာလ က တရုတ် နိုင်ငံ တွင် ကျင်းပ ခဲ့သည့် G-20 အစည်းအဝေး တွင် အားကောင်းသော ၊ ရေရှည်ဖြစ်သော ၊ တည်ငြိမ်သော ၊ နားလည်မှု ရှိသော ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးမှု အစီအစဉ် ကို ဆွေးနွေး ခဲ့ကြသောကြောင့် အတူတကွ စိန်ခေါ်မှု များကို ရင်ဆိုင်သည့် မိတ်ဆွေ ဆက်ဆံရေး ခံယူချက် နှင့် အတူတကွ ဖွံ့ဖြိုးတိုးတက် လိုသည့် ဆုံးဖြတ်ချက် တို့ကို ပေါ်လွင်စေခဲ့ကြောင်း ၊ အာရှ-ပစိဖိတ်သည် ကမ္ဘာ့စီးပွားရေး အတွက် အရေးပါသည့် ဒေသ တစ်ခု ဖြစ်ပြီး အလွန်အရေးကြီးသည့် တာဝန်များကိုလည်း ထမ်းဆောင်ထားကြောင်း ၊ APEC သည် အာရှ-ပစိဖိတ် နှင့် ကမ္ဘာ့စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အတွက် ဦးဆောင်လမ်းပြသူဖြစ်ပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက်လည်း အလွန်အရေးပါကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် သမ္မတ ရှီကျင့်ဖိန် က ခိုင်မြဲစွာရပ်တည်သွားရမည့် အချက်(၄)ချက်ဖြစ်သည့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး လမ်းစဉ် ဦးဆောင်မှုကို ခိုင်မြဲစွာလုပ်ဆောင်ရမည်ဖြစ်ကြောင်း ၊ အာရှ-ပစိဖိတ် လွတ်လပ်သည့် စီးပွားရေး အဆင့်အတန်းကို ခိုင်မြဲစွာ ထိန်းသိမ်းရမည်ဖြစ်ကြောင်း ၊ ဒေသတွင်း အပြန်အလှန် ချိတ်ဆက်မှု များကို ခိုင်မြဲစွာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း နှင့် ပြုပြင်ပြောင်းလဲရေး နှင့် ဆန်းသစ်တီထွင်မှုများကိုလည်း ခိုင်မြဲစွာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

နောက်ဆုံးတွင် သမ္မတ ရှီကျင့်ဖိန် က APEC တည်ထောင်ခဲ့သည့် ၂၅ နှစ်တာ ကာလအတွင်း အာရှ-ပစိဖိတ် ဖွံ့ဖြိုးတိုးတက်ရေး ကို ဦးစားပေးဆောင်ရွက်ခဲ့ပြီး ၂၀၂၀ ခုနှစ် ရည်မှန်းချက် နှင့် ပိုမိုနီးကပ်လာသည် နှင့် အမျှ မိမိ တို့အနေဖြင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးချဲ့ကာ အတူတကွ အနာဂတ် ရေရှည်ပူးပေါင်းဆောင်ရွက်မှု များကို ရေးဆွဲသွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.