Connect with us

Environment, Disasters & Accidents

မိုးသက်မုန်တိုင်းကြောင့် ချန်ဒူး လေဆိပ်တွင် ခရီးသည် ၄,၀၀၀ ကျော် သောင်တင်

လေဆိပ်၌ ခရီးသည်များ စောင့်ဆိုင်းနေစဉ် (ဆင်ဟွာ)

ချန်ဒူး၊ မေ ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ စီချွမ်ပြည်နယ်၏ မြို့တော် ချန်ဒူးတွင် မိုးသက်မုန်တိုင်း ကျရောက်မှုကြောင့် လေဆိပ်၌ ခရီးသည် ၄,၀၀၀ ဦးကျော် သောင်တင်နေကြောင်း တာဝန်ရှိသူများက ပြောသည်။

မေလ ၆ ရက်နေ့ကတည်းက စတင်ရွာသွန်းနေသည့် မိုးသည်းထန်မှုကြောင့်် လေယာဉ် ၂၁ စင်းမှာ ချုံချင်း၊ ကူမင်း၊ ရှီးအန်း၊ ကွေ့ယန် နှင့် မြန်ယန် စသည့် လေဆိပ်များ၌ ဆင်းသက်ခဲ့ရပြီး လေယာဉ် ၄၈ စင်းလည်း ခရီးစဉ် ဖျက်သိမ်းခဲ့ရသည်။ လေယာဉ် တစ်စင်းမှာမူ လေဆိပ်မှ ထွက်ခွာပြီးမှ ပြန်လည်ဆင်းသက်ခဲ့ရသည်။
မေလ ၆ ရက်နေ့ ည ၁၀း၃၀ အချိန်တွင် လေယာဉ် ၃၅၇ စင်း ခရီးစဉ် ကြန့်ကြာမှုကြောင့် ခရီးသည် ၉,၀၀၀ လေဆိပ်၌ သောင်တင်နေခဲ့သည်။ လူ ၄,၀၀၀ ခန့်မှာ လေဆိပ်အနီးရှိ ဟိုတယ်တွင် ညအိပ်ခဲ့ရကြောင်း လေဆိပ် အရာရှိများက ပြောသည်။
ထိုသို့ လေဆိပ်၌ သောင်တင်နေသူများအား မေလ ၇ ရက်တွင် လေယာဉ် ၈၉၅ စင်းကျော်ဖြင့် ပြန်လည် ပို့ဆောင်ပေးနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.