Connect with us

Environment, Disasters & Accidents

တရုတ်နိုင်ငံ၏ အရှည်ဆုံး လိုဏ်ဂူ ၌ ကျောက်ဖြစ်ရုပ်ကြွင်းများတွေ့ရှိ

တရုတ်နိုင်ငံ၏ အရှည်ဆုံး လှိုဏ်ဂူ ဖြစ်သည့် Shuanghe လိုဏ်ဂူအားတွေ့ရစဉ် (ဓါတ်ပုံ-ဆင်ဟွာ)

ကွေ့ယန်၊ မေလ ၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နှင့် ပြင်သစ်နိုင်ငံ မှ လိုဏ်ဂူလေ့လာရေး ပညာရှင်များပါဝင်သည့် အဖွဲ့ က တရုတ်နိုင်ငံ ၏ အရှည်ဆုံး လိုဏ်ဂူ၏ အလျားသည် ၁၈၆ကီလိုမီတာ ရှိသည်ဟု ဆုံးဖြတ်ခဲ့ကြပြီး ၂၀၁၄ခုနှစ်တွင် တိုင်းတာခဲ့သည့် တိုင်းတာချက် ထက် ၂၅ကီလိုမီတာ ပိုမို ရှည်လျား ကြောင်း သိရှိရသည်။

လိုဏ်ဂူလေ့လာရေး ပညာရှင်များသည် တရုတ်နိုင်ငံ Guizhou ပြည်နယ် အနောက်တောင်ပိုင်း Suiyang စီရင်စု၊ Wenquan မြို့ရှိ Shuanghe လိုဏ်ဂူတွင် ပူးတွဲ လေ့လာရေးလုပ်ငန်း များကို ဧပြီ၁၆ မှ ၂၈ ရက်အထိ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပညာရှင်များသည် လိုဏ်ဂူ၏ နေရာ ၁၃ခုတွင် ကျောရိုးရှိ သတ္တဝါများ၏ ကျောက်ဖြစ်ရုပ်ကြွင်းများကို တွေ့ရှိခဲ့ပြီး အများစု သည် ပန်ဒါကြီး များ၏ ရုပ်ကြွင်းများဖြစ်ပြီး အခြား ဝက်ဝံနှင့် ဆင် တို့၏ အရိုးများလည်း ပါဝင်ကြောင်း သိရသည်။
ယင်းလိုဏ်ဂူအား ၂၉၈၀ပြည့်လွန်နှောင်းပိုင်းနှစ်များတွင် တွေ့ရှိခဲ့ကြပြီး တရုတ် သုတေသနပညာရှင်များ နှင့် ပြည်ပ ပညာရှင်များ ပူးပေါင်းကာ အကြီးစား ဆန်းစစ်လေ့လာမှု ၁၀ ခု ပြုလုပ်ခဲ့ကာ လိုဏ်ဂူအတွင်းသို့ ဝင်ရောက် နိုင်သည့် ဝင်ပေါက် ၂၀၃ ခုကိုတွေ့ရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.