Connect with us

Environment, Disasters & Accidents

အိုလံပစ်ပန်ဒါ ကိုဘီ အသက် ၂၅နှစ်၌သေဆုံး

၁၉၉၂ခုနှစ် အိုလံပစ် လာဘ်ကောင် ပန်ဒါ ကိုဘီအား တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ချန်ဒူး၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ)

၁၉၉၂ခုနှစ် ဘာဆီလိုနာအိုလံပစ်အားကစားပွဲတော်၏ လာဘ်ကောင်ဖြစ်သော အသက်၂၅နှစ်အရွယ် ပန်ဒါကြီးမျိုး ကိုဘီ သည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ် မြို့တော် ချန်ဒူးမြို့ ရှိ တိရစ္ဆာန်ရုံတစ်ခု တွင် ဖေဖော်ဝါရီလက သေဆုံးသွားခဲ့ကြောင်း သိရသည်။

ကိုဘီ သည် ဇန်နဝါရီလ ၃၁ ရက်တွင် ရုတ်တရက် မေ့မြောသွားခဲ့ပြီးနောက် ၂ရက်ကြာ အရေးပေါ်ကုသမှုများပြုလုပ်ပေးခဲ့သော်လည်း ဖေဖော်ဝါရီ ၂ ရက်တွင် သေဆုံးသွားခဲ့ကြောင်း ချန်ဒူးတိရစ္ဆာန်ရုံ က ဖေဖော်ဝါရီ ၁၆ရက်တွင်ကြေညာခဲ့သည်။

ယင်းပန်ဒါအထီး၏ သက်တမ်းသည် လူ့သက်တမ်း ၇၅နှစ်ခန့်နှင့် ညီမျှကြောင်းသိရသည်။ ၎င်းသည် အသက်အရွယ်ကြီးရင့်လာမှုကြောင့် အစားသိပ်မစားသည့် လက္ခဏာများမှ လွဲ၍ ရုတ်တရက် နေမကောင်းမဖြစ်ခင် ကျန်းကျန်းမာမာရှိခဲ့ကြောင်း သိရသည်။

ကိုဘီ ဟူသောနာမည်အား နိုင်ငံတကာအိုလံပစ်ကော်မတီ ဥက္ကဋ္ဌဟောင်း Juan Antonio Samaranch က ပေးခဲ့ခြင်းဖြစ်ပြီး ကိုဘီအား စပိန်နိုင်ငံတွင် ကျင်းပခဲ့သော၂၅ကြိမ်မြောက် အိုလံပစ်အားကစားပွဲတော် ဖွင့်ပွဲနေ့ရက်နှင့် ထပ်တူကျသည့် ပေကျင်းစံတော်ချိန် ၁၉၉၂ခုနှစ် ဇူလိုင် ၂၆ရက်တွင် မွေးဖွားခဲ့ကြောင်း သိရသည်။

ကိုဘီသည် ပန်ဒါကိုးကောင်၏ ဖခင်ဖြစ်ပြီး ယင်းပန်ဒါအများစုတွင်လည်း နောက်ထပ် ပန်ဒါမျိုးဆက်များရှိသေးကြောင်း သိရသည်။

ပန်ဒါရိုင်းများ၏ ပုံမှန်သက်တမ်းသည် ၁၅နှစ်ဖြစ်သော်လည်း ထိန်းသိမ်းစောင့်ရှောက်ထားသည့် ပန်ဒါများသည် အစာအာဟာရ နှင့် နေထိုင်မှုအခြေအနေကောင်းမွန်မှုများကြောင့် သက်တမ်းကြာရှည်စွာ နေထိုင်နိုင်ကြကြောင်း သိရသည်။

စစ်တမ်းကောက်ယူမှုများအရ ၂၀၁၃ခုနှစ်တွင် တရုတ်နိုင်ငံ၌ ပန်ဒါရိုင်း ကောင်ရေ ၁,၈၆၄ကောင် နှင့် ထိန်းသိမ်းစောင့်ရှောက်ထားသော ပန်ဒါ ၃၇၅ကောင်ရှိကြောင်း သိရသည်။ (Xinhua)