Connect with us

Environment, Disasters & Accidents

တရုတ် နိုင်ငံ မှ အာဖဂန် နစ္စတန် နိုင်ငံ ကို ထောက်ပံ့ပေးသည့် လူသားချင်း စာနာထောက်ထားမှု ထောက်ပံ့ရေး ပစ္စည်းများ ကဘူးလ် သို့ရောက်ရှိ

တရုတ် နိုင်ငံ မှ အာဖဂန် နစ္စတန် နိုင်ငံ ကို ထောက်ပံ့ပေးသည့် ထောက်ပံ့ရေး ပစ္စည်းများ အား ကဘူးလ် လေဆိပ်တွင် မြင်တွေ့ရစဉ်(ဆင်ဟွာ)

ကဘူးလ် ၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ အစိုးရ မှ အာဖဂန် နစ္စတန် နိုင်ငံ အစိုးရ ထံသို့ ကူညီထောက်ပံ့ပေးသည့် လူသားချင်း စာနာထောက်ထားမှု ထောက်ပံ့ရေး ပစ္စည်းများ ကို သယ်ဆောင်လာသော လေယာဉ် သည် ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် ကဘူးလ် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိခဲ့ပြီး အာဖဂန် နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ရောင်ကျင့် (Yao Jing) နှင့် အာဖဂန် နိုင်ငံ အမျိုးသား သဘာဝဘေး နှင့် လူသားချင်း စာနာထောက်ထားမှု ရေးရာဌာန ဝန်ကြီး Barmak တို့မှ ထောက်ပံ့ရေး ပစ္စည်း လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနား ကို တက်ရောက် ခဲ့ကြသည်။

အခမ်းအနားတွင် ဝန်ကြီး Barmak က မိမိ အနေဖြင့် အာဖဂန် နိုင်ငံ ကိုယ်စား တရုတ် နိုင်ငံ အစိုးရ နှင့် ပြည်သူလူထု တို့အား ကျေးဇူးတင်ကြောင်း ၊ တရုတ် နိုင်ငံ အစိုးရ သည် အာဖဂန် နိုင်ငံ အစိုးရ ၏ လိုအပ်ချက်ကို ဦးစွာ ကူညီထောက်ပံ့မှု ဆောင်ရွက်ပေးသည့် နိုင်ငံ ဖြစ်ပြီး အာဖဂန် နိုင်ငံ အတွင်းရှိ သဘာဝဘေးခံစားနေရသည့် ပြည်သူများထံသို့ လူသားချင်းစာနာထောက်ထားမှု ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း ၊ ထို့ပြင် သဘာဝဘေးခံရသည့် အာဖဂန် ပြည်သူများ နေအိမ် ပြန်လည် တည်ဆောက်ရေး လုပ်ငန်များတွင် ကူညီ ဆောင်ရွက်ပေးခဲ့သည့် အတွက် အလွန် ကျေးဇူးတင်ရှိကြောင်း ပြောကြား ခဲ့သည်။

အာဖဂန် နစ္စတန် နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ရောင်ကျင့် က တရုတ် နိုင်ငံ အစိုးရသည် အာဖဂန် ပြည်သူ တို့မှ အခက်အခဲ ကြုံတွေ့ရသည့် အတွက် စိတ်မကောင်း ဖြစ်ရကြောင်း ၊ တရုတ် နိုင်ငံ အတွင်းရှိ သက်ဆိုင်ရာ ဌာန တို့မှ အချိန်တိုအတွင်း ကူညီထောက်ပံ့ရေး ပစ္စည်းများကို ပြင်ဆင်ကာ အာဖဂန် နိုင်ငံ သို့ပို့ဆောင်ပေးခဲ့ပြီး အမြန်ဆုံး အာဖဂန် ပြည်သူများထံသို့ ရောက်ရှိစေလိုကြောင်း ပြောကြားခဲ့သည်။

အာဖဂန် နစ္စတန် နိုင်ငံ သည် ဆောင်းရာသီ ဝင်ရောက်ချိန် မှ စတင်၍ နေရာအနှံ့အပြား တွင် သဘာဝ နှင်းဘေး အန္တရာယ် ကိုကြုံတွေ့ခဲ့ရပြီး ပြည်သူများ၏ နေထိုင်မှု သည် လွန်စွာ ဒုက္ခရောက်ခဲ့ကြသည်။ တရုတ် နိုင်ငံ အစိုးရ မှ အာဖဂန် ပြည်သူလူထု တို့အား လူသားချင်း စာနာထောက်ထားမှု ပစ္စည်းများကို လေယာဉ် နှစ်စင်းဖြင့် ပို့ဆောင်ပေးသွားမည် ဖြစ်ပြီး နောက်လေယာဉ် တစ်စင်း သည် ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် ရောက်ရှိမည် ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.