ကူမင်း၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် မြို့တော် ကူမင်းရှိ Dianchi ရေကန်၊ သဘာဝစိမ့်မြေအရပ်သို့ ဇန်နဝါရီ ၂၀ ရက်က သွားရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ ဇန်နဝါရီ ၂၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံဗဟိုအစိုးရက တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ရှင်းကျန်းဝေဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(Xinjiang Uygur) တွင် ငလျင်ဒဏ်ကယ်ဆယ်ရေးအတွက် တရုတ်ယွမ်ငွေ သန်း ၃၀ (အမေရိကန်ဒေါ်လာ ၄ဒသမ၃၇) တန်ဖိုးရှိ ဘဏ္ဍာရေး ထောက်ပံ့ကူညီမှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အရှည်ဆုံးမြစ်သော ယန်ဇီမြစ်အတွင်းရှိ ဇီဝမျိုးကွဲများအား ကာကွယ်ရန် မြစ်အတွင်းရှိ အဓိကနေရာများတွင် ငါးဖမ်းခွင့် ၁၀ နှစ်တာပိတ်ပင်မှုအား ဇန်နဝါရီ ၁ ရက်၌ စတင်ခဲ့ကြောင်း စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဝန်ကြီးဌာနက သိရသည်။
ဟောင်ကောင် ၊ ဒီဇင်ဘာ ၃၁ ရက်(ဆင်ဟွာ) ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR) အမှုဆောင် အုပ်ချုပ်ရေးမှူးချုပ် ကယ်ရီလမ်းက ပြီးခဲ့သော လများ အတွင်း ဆန္ဒပြသမားများကြောင့် ပျက်စီးခဲ့သည့် လမ်းမီးပွိုင့်များ ပြင်ဆင်ရန် ဟောင်ကောင် ဒေါ်လာ သန်း ၃၀ ကျော်(အမေရိကန် ဒေါ်လာ ၃ ဒသမ ၈၅ သန်း)...
ရန်ကုန်၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် အနောက်ပုလင်းကျေးရွာအနီး၊ ဧရာဝတီမြစ်ကမ်းဘေး၌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့သစ်လုပ်ငန်း၊ သစ်ထုတ်ရေးဌာနမှ ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာ ဆင်စခန်းသို့(၂)နှစ်အတွင်း ပြည်တွင်းပြည်ပ ခရီးသွားဆင်ချစ်သူများ တစ်သိန်းကျော် ဝင်ရောက်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ယနေ့ထုတ်ပြန်သော သတင်းအရသိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ) မန္တလေးတိုင်း ဒေသကြီး ပုသိမ်ကြီးမြို့နယ်ရှိ မြင်းစီးကွင်း၌ ရှားပါးငှက်မျိုးစိတ်များ၏ အမဲလိုက်ပြိုင်ပွဲကို ဒီဇင်ဘာလ ၂၈ ရက်က ကျင်းပခဲ့သည်ကို ကြေးမုံသတင်းစာတွင် ယနေ့ဖော်ပြထားသည်။
ကျီရှန့်၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ) ဟူခိုရေတံခွန်သည် တရုတ်နိုင်ငံမြောက်ပိုင်း ဆန်းရှီးနှင့် တရုတ်နိုင်ငံအရှေ့မြောက်ဘက်ရှိ ဆန်ရှိပြည်နယ် အကြားနယ်နိမိတ်တွင်တည်ရှိသည်။
ပေကျင်း ၊ ဒီဇင်ဘာ ၁၃ရက်(ဆင်ဟွာ) ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်မှစတင်ကာ တရုတ်နိုင်ငံအလယ်ပိုင်း Danjiankou ရေလှောင်ကန်မှ ရေကုဗမီတာပေါင်း ၅.၂ ဘီလီယံကျော်ကို တောင်မှမြောက်သို့ ရေပေးဝေဖြန့်ဖြူးမှု ပြုလုပ်ခဲ့ရာ ပေကျင်းမြို့နေပြည်သူ ၁၂ သန်းကျော်အတွက် အကျိုးပြုပေးခဲ့ကြောင်း သိရသည်။
ရှင်းအန်းမုံ ၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ) အအေးလွန်ကဲသော ဆောင်းရာသီ တွင် အပူချိန် အနှုတ် ၄၀ ဒီဂရီ ဆဲလ်စီယပ် အထိ ကျဆင်းသွားသည့်အချိန် ၌ပင် အနီအောက်ရောင်ခြည် အကျိုးသက်ရောက်မှုအရ အရှည်၂၀ ကီလိုမီတာ ရှိသော Halha မြစ်သည် မည်သည့်အခါမျှ ရေခဲခြင်းမရှိကြောင်းသိရသည်။ ...
ပေကျင်း၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် မိုးခေါင်ရာသီဥတု လျော့ပါးသက်သာစေရေးနှင့် စိုက်ပျိုးရေးထုတ်လုပ်မှု သေချာစေရေး ယွမ် သန်း ၈၃၀ (အမေရိကန်ဒေါ်လာ ၁၁၈ ဒသမ ၆ သန်း) အသုံးပြုရန် သတ်မှတ်လျာထားခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီး (MOF) က နိုဝင်ဘာ ၁၂ ရက်တွင်...