Connect with us

Environment, Disasters & Accidents

တရုတ်နှင့် အမေရိကန် စီးပွားရေး၊ ငွေကြေးလုပ်ငန်းအဖွဲ့များ ကြေညာ

ပေကျင်း၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့သည် စီးပွားရေးနယ်ပယ်တွင် လုပ်ငန်းအဖွဲ့နှစ်ခု ဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့ကြောင်း တရုတ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MOF) က စက်တင်ဘာ ၂၂ ရက်၌ ကြေညာခဲ့သည်။
ယခုလိုဆောင်ရွက်ချက်သည် နှစ်နိုင်ငံခေါင်းဆောင်များ ဘာလီကျွန်း အစည်းအဝေးပြီးနောက် ရရှိခဲ့သော အရေးပါသည့် ဘုံသဘောတူညီချက်များမှတစ်ဆင့် ပေါ်ထွက်လာခြင်းဖြစ်သလို တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ တရုတ်-အမေရိကန် စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ တရုတ်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဟယ်လိဖုန်းနှင့် အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး ဂျန်းနက် ရယ်လန် (Janet Yellen) တို့ သဘောတူညီမှုရရှိပြီးနောက် ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း တရုတ်ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်၌ ပြောကြားခဲ့သည်။

အဆိုပါ လုပ်ငန်းအဖွဲ့များသည် စီးပွားရေးနှင့် ငွေကြေးကဏ္ဍများအား လွှမ်းခြုံအောင် ဆောင်ရွက်မည်ဖြစ်သည်။ စီးပွားရေးလုပ်ငန်းအဖွဲ့ကို MOF နှင့် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးအဆင့် တာဝန်ရှိသူများက ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ကြမည်ဖြစ်သည်။

ငွေကြေးလုပ်ငန်းအဖွဲ့ကိုမူ တရုတ်နိုင်ငံ ဗဟိုဘဏ်နှင့် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးအဆင့် တာဝန်ရှိသူများက ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ကြမည်ဖြစ်သည်။
ထိုလုပ်ငန်းအဖွဲ့ နှစ်ဖွဲ့သည် စီးပွားရေးနှင့် ငွေကြေးဆိုင်ရာ ကိစ္စရပ်များအတွက် ဆက်သွယ်ရေးနှင့် ဖလှယ်မှုများ အားကောင်းလာစေရန် ပုံမှန်နှင့် အရေးပေါ်အစည်းအဝေးများ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
……………………………
China, U.S. launch economic, financial working groups

BEIJING, Sept. 22 (Xinhua) — China and the United States have decided to establish two working groups in the economic field, China’s Ministry of Finance (MOF) announced Friday.
The move is to follow through on the important common understandings reached between the presidents of the two countries at their meeting in Bali, and came after the consensus reached by He Lifeng, Chinese Vice Premier and Chinese lead person for China-U.S. economic and trade affairs, and U.S. Treasury Secretary Janet Yellen, the finance ministry said in a statement.
The working groups will cover economic and financial sectors. The economic working group will be co-chaired by vice-ministerial officials from the MOF and the U.S. treasury department.
The financial working group will be co-chaired by vice-ministerial officials from the People’s Bank of China and the U.S. Department of the Treasury.
The two working groups will hold regular and ad-hoc meetings to strengthen communication and exchanges on economic and financial issues.