Connect with us

China

ရှီက အင်အား ၆.၂ အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီးနောက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အစွမ်းကုန် ကြိုးစားအားထုတ်ရန် တိုက်တွန်း

ပေကျင်း၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကန်းစုပြည်နယ်၊ Jishishan ခရိုင်၌ ဒီဇင်ဘာ ၁၈ ရက် သန်းခေါင်ယံအချိန်က အင်အား ၆.၂ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ပြီးနောက် ပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များ ဘေးကင်းစေရန် အစွမ်းကုန် ရှာဖွေကယ်ဆယ်ရေး ကြိုးပမ်းမှုများနှင့် သင့်လျော်သော အစီအစဉ်များချမှတ်ရန် သမ္မတ ရှီကျင့်ဖိန်က တိုက်တွန်းပြောကြားခဲ့သည်။

ငလျင်လှုပ်ခတ်မှုကြောင့် ကန်းစုပြည်နယ်တွင် ယခုအချိန်အထိ သေဆုံးသူ ၁၀၀ ဦးနှင့် ချင်းဟိုင်ပြည်နယ်တွင် ၁၁ ဦး သေဆုံးခဲ့ကာ ရေ၊ လျှပ်စစ်၊ လမ်းပန်းဆက်သွယ်ရေးနှင့် တယ်လီဖုန်းဆက်သွယ်ရေး စသည့် အခြေခံအဆောက်အအုံအချို့ ပျက်စီးခဲ့ကြောင်း သိရသည်။

တရုတ်ကွန်မြူနစ်ပါတီ(CPC) ဗဟိုကော်မတီအထွေထွေအတွင်းရေးမှူးချုပ် နှင့် ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌလည်းဖြစ်သူ ရှီက ဒေသဆိုင်ရာ အာဏာပိုင်များအနေဖြင့် အသေအပျောက် အနည်းဆုံးဖြစ်စေရန် အချိန်မီလျင်မြန်စွာဆောင်ရွက်ရန်၊ ထပ်မံဖြစ်ပွားနိုင်သည့် ငလျင်အခြေအနေနှင့် ရာသီဥတုအပြောင်းအလဲများကို အနီးကပ်ကြပ်မတ်၍ စောင့်ကြည့်ရန် ပြောကြားခဲ့သည်။

ငလျင်ဒဏ်သင့် ဒေသများသို့ ကယ်ဆယ်ရေးပစ္စည်းများ အမြန်ဆုံးခွဲဝေချထားပေးရေး၊ ပျက်စီးသွားသော လျှပ်စစ်မီး၊ တယ်လီဖုန်းလိုင်းဆက်သွယ်ရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် အပူပေးစနစ် စသည့် ပျက်စီးနေသော အခြေခံအဆောက်အအုံများ ပြုပြင်ရန်နှင့် ငလျင်ဒဏ်သင့်ပြည်သူများ၏ အခြေခံ စားဝတ်နေရေး လိုအပ်ချက်များကို သင့်လျော်စွာ ဆောင်ရွက်ပေးရန်တို့ကိုလည်း ရှီကတိုက်တွန်းထားသည်။

ဝန်ကြီးချုပ် လီချန်ကလည်း ပိတ်မိနေသူများကို ကယ်ဆယ်ရန်နှင့် လူသေဆုံးမှုလျော့ကျစေရေးအတွက် ထိခိုက်ဒဏ်ရာရရှိသူများကို ကုသရာတွင် အစွမ်းကုန် ကြိုးပမ်းအားထုတ်ရန် ညွှန်ကြားခဲ့သည်။
ကယ်ဆယ်ရေးလုပ်ငန်းများကို လမ်းညွှန်ကူညီရန် နိုင်ငံတော်ကောင်စီမှ ကယ်ဆယ်ရေးလုပ်ငန်းအဖွဲ့တစ်ဖွဲ့ စေလွှတ်ထားကြောင်း သိရသည်။ ကန်းစုနှင့် ချင်းဟိုင် ပြည်နယ်များနှင့် ငလျင်ဒဏ်သင့် ဒေသများသို့ ယာယီတဲများ၊ ခေါက်ကုတင်များကဲ့သို့သော ကယ်ဆယ်ရေးပစ္စည်းများကို အရေးပေါ်ခွဲဝေပေးခြင်းတို့ကို စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ငလျင် ကယ်ဆယ်ရေး လုပ်ငန်းများကို စနစ်တကျ စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)

……………………………………
(English Version)
1st LD-Writethru: Xi urges all-out search, rescue, relief efforts after 6.2-magnitude earthquake
BEIJING, Dec. 19 (Xinhua) — President Xi Jinping has urged all-out search and rescue efforts and proper arrangements for affected people to ensure the safety of people’s lives and property after a 6.2-magnitude earthquake jolted Jishishan County in northwest China’s Gansu Province at midnight Monday.
So far, the earthquake has caused 100 deaths in Gansu Province and 11 deaths in Qinghai Province, and damaged some infrastructure such as water, electricity, transportation and communications.
Xi, also general secretary of the Communist Party of China Central Committee and chairman of the Central Military Commission, asked local authorities to rescue and treat the injured people in a timely manner to minimize casualties, and closely monitor the earthquake situation and weather changes to prevent secondary disasters.
He also urged allocation of relief supplies to the affected regions as soon as possible, repair of damaged infrastructure such as electricity, communications, transportation and heating, and proper accommodation of the affected people to ensure their basic living needs.
Premier Li Qiang also made instructions, urging all-out efforts to rescue the trapped and treat the injured in order to minimize casualties.
The State Council has sent a working group to the stricken regions to help guide relief work. Gansu and Qinghai provinces have organized relief support with immediate allocation of relief supplies such as camps and folding beds to the affected areas.
Earthquake relief work is undergoing in an orderly manner. Enditem