China
တစ်ကမ္ဘာလုံး စီးပွားရေးနှင့် ကုန်သွယ်ရေး အခွင့်အလမ်းအသစ်များ ချိတ်ဆက်ပေးခြင်း – ဟုန်ချောင်ဖိုရမ်တွင် တရုတ်ပြည်တွင်းပြည်ပ ဧည့်သည်တော်များက ဘဏ္ဍာရေးဖြင့် တစ်ကမ္ဘာလုံး စီးပွားရေးနှင့် ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှုကို အားဖြည့်ခြင်း အကြောင်း အတူဆွေးနွေး
ရှန်ဟိုင်း၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)
၈ ကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) ကို နိုဝင်ဘာ ၅ ရက်တွင် စတင်ဖွင့်လှစ် ကျင်းပခဲ့သည်။ CIIE ၏ အရေးကြီး အစိတ်အပိုင်းအနေဖြင့် ကျင်းပသော ၈ ကြိမ်မြောက် ဟုန်ချောင် နိုင်ငံတကာစီးပွားရေးဖိုရမ် “ဘဏ္ဍာရေးဖြင့် တစ်ကမ္ဘာလုံး စီးပွားရေးနှင့် ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှုကို အားဖြည့်ခြင်း” ဖိုရမ်ခွဲကိုလည်း ထိုနေ့တွင်ပင် ကျင်းပခဲ့သည်။ ဖိုရမ်တွင် တရုတ်နိုင်ငံ ပြည်တွင်းပြည်ပ ဧည့်သည်တော်များက ဘဏ္ဍာရေးဖြင့် တစ်ကမ္ဘာလုံး စီးပွားရေးနှင့် ကုန်သွယ်ရေး အခွင့်အလမ်းအသစ်များအား မည်သို့ ချိတ်ဆက်၍ တစ်ကမ္ဘာလုံး စီးပွားရေးနှင့် ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှုအား အထောက်အကူပြုပုံတို့နှင့် စပ်လျဉ်း၍ နက်ရှိုင်းစွာ ဖလှယ်ခဲ့ကြသည်။
ရှန်ဟိုင်းသည် တရုတ်နိုင်ငံ၏ ပြည်ပသို့ တံခါးဖွင့်လှစ်သော အရေးကြီးပြတင်းပေါက်ဖြစ်သည်။ ယခုနှစ် ဇွန်လတွင် ဗဟိုဘဏ္ဍာရေးကော်မရှင်သည် “ရှန်ဟိုင်း နိုင်ငံတကာဘဏ္ဍာရေးစင်တာ အရှိန်မြှင့် တည်ဆောက်မှုအား ထောက်ခံအားပေးခြင်းဆိုင်ရာ သဘောထားမှတ်ချက်” ကို ထုတ်ပြန်ခဲ့ပြီးနောက် ဘဏ္ဍာရေးမူဝါဒအစီအမံများစွာ တစ်ဆင့်ချင်းအကောင်အထည်ဖော်ခဲ့ရာ ရှန်ဟိုင်း နိုင်ငံတကာ ဘဏ္ဍာရေးစင်တာ၏ ယှဉ်ပြိုင်မှုအင်အားနှင့် သက်ရောက်မှုများကို အဆက်မပြတ်မြှင့်တင်လိုက်ပြီး စွမ်းရည်အဆင့်လည်း အဆက်မပြတ် တိုးတက်လာခဲ့သည်။ ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ရှန်ဟိုင်း ဘဏ္ဍာရေးဈေးကွက်၏ အရောင်းအဝယ်ဖြစ်မြောက်သည့် စုစုပေါင်းပမာဏမှာ ယွမ် ၂၉၆၇.၈၃ ထရီလီယံအထိ ရှိလာပြီး ယမန်နှစ်ကာလတူထက် ၁၂.၇ ရာခိုင်နှုန်း တိုးတက်လာကြောင်း တရုတ်ကွန်မြူနစ်ပါတီ ရှန်ဟိုင်းမြို့ ကော်မတီ အမြဲတမ်းကော်မတီဝင်၊ အမှုဆောင်ဒုတိယမြို့တော်ဝန် ဝူဝေက ပြောကြားခဲ့သည်။
ရှန်ဟိုင်းမြို့အနေဖြင့် ဘဏ္ဍာရေးဈေးကွက် ပြုပြင်ပြောင်းလဲမှုကို ဆက်လက်နက်ရှိုင်းအောင် လုပ်ဆောင်၍ ဘဏ္ဍာရေးဆိုင်ရာ အဆင့်မြင့်ပြည်ပတံခါးဖွင့်လှစ်မှုအား တွန်းအားပေးသွားမည်ဖြစ်ကြောင်း၊ လွတ်လပ်သောကုန်သွယ်ရေး စမ်းသပ်ဇုန်နှင့် လျင်ကန်အထူးဒေသ ရှေ့ပြေးစမ်းသပ်အသုံးပြုမှု အခန်းကဏ္ဍကို အသုံးပြုကာ နယ်စပ်ဖြတ်ကျော် ဘဏ္ဍာရေးဝန်ဆောင်မှုများအတွက် ပိုမိုပြုလွယ်ပြင်လွယ်သော၊ ထိရောက်မှုမြင့်မားသော ဖြေရှင်းမှုနည်းလမ်းကို ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း၊ ထောက်ပံ့ရေးကွင်းဆက် ဘဏ္ဍာရေး၊ ကုန်သွယ်ရေး အရင်းအနှီးထည့်ဝင်မှု၊ တင်ပို့မှု ယုံကြည်ချက်ဆိုင်ရာ အာမခံ စသည့် ထုတ်ကုန် ဆန်းသစ်တီထွင်မှုများ စဉ်ဆက်မပြတ်လုပ်ဆောင်ခြင်းဖြင့် ကုန်သွယ်ရေးလုပ်ငန်းအသွင်သစ် ဖွံ့ဖြိုးတိုးတက်မှုကို ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်း ဝူဝေက ပြောကြားခဲ့သည်။
လက်ရှိတွင် တစ်ကမ္ဘာလုံး ကုန်ထုတ်လုပ်ငန်းကွင်းဆက်၊ ထောက်ပံ့ရေးကွင်းဆက် အခင်းအကျင်းကို အဆက်မပြတ် ပြန်လည်ပုံဖော်တည်ဆောက်လာနေသည်နှင့်အမျှ နယ်စပ်ဖြတ်ကျော် ဘဏ္ဍာရေးဝန်ဆောင်မှု၏ လိုအပ်ချက်အသစ်များ ပေါ်ထွက်လာရန် တွန်းအားပေးဖြစ်ခဲ့သည်။
Bank of China ဥက္ကဋ္ဌ ကျန်းဟွေးက စီးပွားရေးဘဏ်များအနေဖြင့် နယ်စပ်ဖြတ်ကျော် ဘဏ္ဍာရေးဝန်ဆောင်မှု ဆန်းသစ်တီထွင်မှုကို အရှိန်မြှင့်ခြင်း၊ သိပ္ပံနည်းပညာဖြင့် အားဖြည့်မှုအား စဉ်ဆက်မပြတ် စူးစမ်းလေ့လာခြင်း၊ ကုန်စည်စီးဆင်းမှု၊ သတင်းအချက်အလက် စီးဆင်းမှု၊ ငွေကြေးစီးဆင်းမှုကို ထိရောက်စွာပေါင်းစပ်ခြင်းဖြင့် ကွင်းဆက်ပေါ်ရှိ လုပ်ငန်းကုမ္ပဏီများအတွက် ပိုမိုအဆင်ပြေလွယ်ကူသော၊ လုံခြုံသော၊ ထိရောက်မှုမြင့်မားသော နယ်စပ်ဖြတ်ကျော် စာရင်းရှင်းမှု၊ အရင်းအနှီးထည့်ဝင်မှု၊ အန္တရာယ်ထိန်းချုပ်မှု စသည့် “One stop service” ဘဏ္ဍာရေးဝန်ဆောင်မှု ပံ့ပိုးပေးရမည်ဟု ယူဆသည်။
တစ်ချိန်တည်းတွင် တရုတ်နိုင်ငံနှင့် နိုင်ငံများစွာ၏ ကုန်သွယ်စီးပွားဆက်ဆံရေး စဉ်ဆက်မပြတ် နက်ရှိုင်းလာသည်နှင့်အမျှ တရုတ်ယွမ် (RMB) နိုင်ငံတကာအသွင်ပြောင်းအသုံးပြုရေးအား တွန်းအားပေးဖော်ဆောင်ခြင်းသည် အချိန်သင့်အခါသင့် ဖြစ်ပေသည်။
“စီးပွားရေးဘဏ်များက ဘဏ္ဍာရေးအခြေခံအဆောက်အဦ အပြန်အလှန်ချိတ်ဆက်မှု အခွင့်အလမ်းကို အမိအရ ဖမ်းဆုပ်ထားပြီး တရုတ်နိုင်ငံ ပြည်မကြီးပြင်ပမှာ အရောင်းအဝယ်လုပ်တဲ့ ယွမ်ငွေ ဘဏ္ဍာရေးထုတ်ကုန်စနစ်ကို ပြည့်စုံအောင် လုပ်ဆောင်ရပါမယ်။ ပြည်ပလုပ်ငန်းလည်ပတ်မှု အစုအဖွဲ့တွေက ယွမ်ငွေကိုင်ဆောင်ထားတဲ့ ကုန်သွယ်ရေး ရင်းနှီးမြှုပ်နှံမှုနဲ့ အန္တရာယ်လျှော့ချမှု (Risk Hedging) လိုအပ်ချက်ကို ထိရောက်စွာ ဖြည့်ဆည်းပေးရပါမယ်” ဟု ကျန်းဟွေးက ဆိုသည်။
“ခေတ်မီမှု၊ အားလုံးပါဝင်မှု၊ ကျယ်ကျယ်ပြန့်ပြန့် အကျိုးပြုမှုရှိတဲ့ ဘဏ္ဍာရေး ဂေဟစနစ်က ကျွန်တော်တို့အတွက် အလွန်အရေးကြီးပါတယ်” ဟု Louis Dreyfus ကုမ္ပဏီ ဘဏ္ဍာရေးအရာရှိချုပ် Patrick Treuer က ဆိုသည်။ တရုတ်နိုင်ငံ စားသောက်ကုန်လုပ်ငန်းတွင် ပါဝင်သူအနေဖြင့် ၎င်းတို့ကုမ္ပဏီသည် တရုတ်နိုင်ငံ ဘက်အသီးသီးနှင့်အတူလက်တွဲ၍ ဘဏ္ဍာရေးကိရိယာများကို အတူကောင်းမွန်စွာ အသုံးပြုပြီး ၎င်းအား စားသောက်ကုန်နှင့် စိုက်ပျိုးရေးလုပ်ငန်း ကုန်သွယ်မှု ဖြစ်စဉ်အတွင်း ထည့်သွင်းအသုံးပြုသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဖိုရမ်ခွဲတွင် ဘဏ္ဍာရေးဖြင့် တစ်ကမ္ဘာလုံး ကုန်သွယ်စီးပွားဖွံ့ဖြိုးတိုးတက်မှုအား ထောက်ခံအားပေးသည့် လက်တွေ့အစီအမံနှင့် အရေးကြီးရလဒ်များအနက် တစ်ခုအနေဖြင့် Bank of China နှင့် ဟောင်ကောင် ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှုကောင်စီတို့သည် မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာအား အတူတကွ လက်မှတ်ရေးထိုးခဲ့သည်။ Bank of China အနေဖြင့် ဘက်အသီးသီးနှင့် အတူလက်တွဲ၍ ဘဏ္ဍာရေး ဆန်းသစ်တီထွင်မှု၏ စူးစမ်းလေ့လာသူ၊ တံခါးဖွင့် ပူးပေါင်းဆောင်ရွက်မှု၏ လက်တွေ့ကျင့်သုံးသူအဖြစ် လုပ်ဆောင်ပြီး တစ်ကမ္ဘာလုံး စီးပွားရေးနှင့် ကုန်သွယ်ရေး အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ပိုမိုကြီးမားသောအင်အားဖြင့် အကျိုးထမ်းဆောင်သွားမည်ဖြစ်ကြောင်း ကျန်းဟွေးက ပြောကြားခဲ့သည်။ (Xinhua)
—————–
(Chinese Version)
第八届进博会丨链接全球经贸新机遇——虹桥论坛中外嘉宾共话金融助力全球经贸发展
新华社上海11月5日电 题:链接全球经贸新机遇——虹桥论坛中外嘉宾共话金融助力全球经贸发展 新华社记者刘羽佳、张晓洁
第八届中国国际进口博览会11月5日开幕。作为进博会重要组成部分,第八届虹桥国际经济论坛“金融助力全球经贸发展”分论坛同日举行。其间,中外嘉宾围绕金融如何链接全球经贸新机遇、助力全球经贸发展进行了深入交流。
上海是中国对外开放的重要窗口。今年6月,中央金融委员会对外发布《关于支持加快建设上海国际金融中心的意见》后,一系列金融政策举措渐次落地,上海国际金融中心竞争力和影响力不断增强,能级持续提升。上海市委常委、常务副市长吴伟介绍,今年1至9月,上海金融市场交易总额达到2967.83万亿元,同比增长12.7%。
吴伟表示,上海将持续深化金融市场改革,推进金融高水平对外开放。发挥自贸试验区及临港新片区先行先试作用,为跨境金融服务提供更加灵活、高效的解决方案。持续开展供应链金融、贸易融资、出口信用保险等产品创新,支持贸易新业态发展。
当前,全球产业链、供应链格局不断重塑,催生了跨境金融服务的新需求。中国银行行长张辉认为,商业银行要加快创新跨境金融服务,持续探索科技赋能,有效整合物流、信息流、资金流,为链上企业提供更加便捷、安全、高效的跨境结算、融资、风控等“一站式”金融服务。
同时,随着中国与越来越多国家的经贸关系持续深化,推进人民币国际化正当其时。“商业银行要把握金融基础设施互联互通的机遇,完善离岸人民币金融产品体系,有效满足海外经营主体持有人民币的贸易投资和风险对冲需求。”张辉说。
“现代、包容、普惠的金融生态系统对我们非常重要。”路易达孚集团全球首席财务官朴瑞克说,作为中国食品行业的参与者,集团会持续与中国各方携手,一起利用好金融工具,将其应用到食品以及农业贸易过程当中。
分论坛上,作为金融支持全球经贸发展的务实举措和重要成果之一,中国银行与香港贸易发展局共同签署战略合作备忘录。张辉表示,中国银行愿携手各方,做金融创新的探索者、开放合作的践行者,为推动全球经贸高质量发展贡献更大力量。(完)
图说:11月5日,第八届虹桥国际经济论坛“金融助力全球经贸发展”分论坛在国家会展中心(上海)举行。 新华社记者 王泽聪 摄
