Connect with us

China

အချိန်ကာလများကျော်ဖြတ်၍ “သားအဖနှစ်ဦး ဆုံစည်းမှု”

ယန်စုဝူက ၎င်း၏ဖခင်ဓာတ်ပုံကို ကိုင်၍ကြည့်ရှုနေသည်ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

သန်းတုန်း (လျောင်နင်)၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)
လတ်တလောရက်ပိုင်းတွင် စစ်မှုထမ်းဟောင်းရေးရာဝန်ကြီးဌာနမှ စီစဉ်သော ရုပ်ကြွင်းများ စိစစ်အတည်ပြုမှုအရ တောင်ကိုရီးယားနိုင်ငံမှ လွှဲပြောင်းပေးအပ်သော တရုတ်ပြည်သူ့စေတနာ့ဝန်ထမ်းတပ်ဖွဲ့ သူရဲကောင်းရုပ်ကြွင်းများက မည်သူမည်ဝါဖြစ်ကြောင်းကို အတည်ပြုနိုင်ခဲ့သည်။ ၎င်းအနက် သူရဲကောင်း ယန်ကျုံးကွေ့သည် တရုတ်နိုင်ငံ လျောင်နင်ပြည်နယ် သန်းတုန်းမြို့ ဖုန့်ချိန်ခရိုင်မြို့မှဖြစ်သည်။
လတ်တလောရက်ပိုင်းတွင် ဆင်ဟွာသတင်းထောက်က သူရဲကောင်း ယန်ကျုံးကွေ့၏ သားဖြစ်သူ၊ ယခုနှစ်တွင် အသက် ၇၄ နှစ်ရှိပြီဖြစ်သည့် ယန်စုဝူအား သွားရောက်တွေ့ဆုံမေးမြန်းခဲ့သည်။
ယန်စုဝူသည် ၎င်း၏ဖခင်အား တစ်ကြိမ်တစ်ခါမျှ မမြင်ဘူးသော်လည်း ဖခင်ဖြစ်သူချန်ရစ်ထားသည့် တစ်ပုံတည်းသော ဖလင်ပြားကို အမြဲတန်ဖိုးထား ထိန်းသိမ်းထားသည်။ သို့သော် ဖလင်ပြားသည် ဟောင်းနွမ်းလွန်းလှသဖြင့် ၎င်းက ဒေသန္တရဓာတ်ပုံဆိုင်များကို သွားရှာခဲ့သည့်တိုင် နည်းပညာအကန့်အသတ်ကြောင့် ဖလင်ဆေး ဓာတ်ပုံထုတ်နိုင်ခဲ့ခြင်းမရှိပေ။
သတင်းထောက်က ထိုဖလင်ပြားကို စိန်ရန်မြို့သို့ ပြန်လည်သယ်ဆောင်လာပြီးနောက် အခက်အခဲများကျော်ဖြတ်ကာ ဓာတ်ပုံဟောင်းများ ဖလင်ဆေးပုံနှိပ်သည့်နည်းပညာ ကျွမ်းကျင်သည့် ဓာတ်ပုံဆိုင်တစ်ဆိုင်အား ရှာဖွေတွေ့ရှိခဲ့သည်။ အကြိမ်ကြိမ်အခါခါ ဖလင်ဆေးမှုနှင့် ပြုပြင်မှုဖြင့် နောက်ဆုံးတွင် ကြည်လင်ပြတ်သားသော ဓာတ်ပုံတစ်ပုံအားရရှိခဲ့သည်။ အဆိုပါဓာတ်ပုံကို နိုဝင်ဘာ ၅ ရက်တွင် ယန်စုဝူထံသို့ ပြန်လည်ယူဆောင်သွားပေးခဲ့ရာ ၎င်းတို့သားအဖသည် နှစ်ပေါင်း ၇၄ နှစ်အကြာတွင် “ဆုံစည်း” နိုင်ခဲ့ပေသည်။ (Xinhua)

———————
(Chinese Version)
跨越时空的“父子相见”
新华社照片,丹东(辽宁),2025年11月6日
近日,经退役军人事务部组织的遗骸鉴定,有8位韩国移交的中国人民志愿军烈士遗骸身份得到确认,其中烈士杨忠贵为辽宁丹东凤城人。近日,新华社记者采访到杨忠贵烈士的儿子、今年74岁的杨树武。杨树武从未见过父亲,一直珍藏着父亲留下的唯一一张胶片,但由于胶片太老太旧,他找遍了当地的照相馆,也因技术有限没能把照片清晰洗出来。记者将胶片带回沈阳,几经周折找到一家掌握老照片洗印技术的冲洗店,经过反复冲洗和修复,终于洗出了一张清晰的照片,并于11月5日将照片带给杨树武,让父子时隔74年终于“相见”。
图说1:11月5日,杨树武抚摸父亲遗像。 新华社记者 吴青昊 摄