China
တရုတ်နိုင်ငံ စီချွမ်းပြည်နယ် မောက်ခရိုင်တွင် ချန်းလူမျိုး နှစ်သစ်ကူးပွဲတော်အား ကြိုဆို
မောက်ခရိုင် (စီချွမ်း)၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ စီချွမ်းပြည်နယ် အားပါ့ ဇန့်လူမျိုး၊ ချန်းလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ မောက်ခရိုင် ချစ်ပုဆူးမြို့နယ်တွင် နိုဝင်ဘာ ၁၈ ရက်က တစ်မူထူးခြားသော ရိုးရာဓလေ့ ယဉ်ကျေးမှုလှုပ်ရှားမှု ကျင်းပခဲ့သည်။ ဒေသခံပြည်သူများသည် ရိုးရာတိုင်းရင်းသားဝတ်စုံကို ဝတ်ဆင်ထားပြီး ခရီးသွားဧည့်သည်များနှင့်အတူ သီဆိုကခုန်ကာ မုယောစပါးအရက်အား မြည်းစမ်းရင်း အထွက်နှုန်းတိုးမှုအကြောင်း အတူဆွေးနွေး၍ တစ်နှစ်တစ်ကြိမ်ဖြစ်သော ချန်းလူမျိုး နှစ်သစ်ကူးပွဲတော်အား ကြိုဆိုခဲ့သည်။
ချန်းလူမျိုး နှစ်သစ်ကူးသည် ချန်းလူမျိုး၏ အခမ်းနားဆုံးပွဲတော်ဖြစ်သည်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၅ ရက်တွင် ကုလသမဂ္ဂ ယူနက်စကိုအဖွဲ့သည် ချန်းလူမျိုးနှစ်သစ်ကူးအား ကာကွယ်ထိန်းသိမ်းရန် အရေးတကြီးလိုအပ်လျက်ရှိသည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းမှ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်အဖြစ် ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ စီချွမ်းပြည်နယ် မောက်ခရိုင် ချစ်ပုဆူးမြို့နယ်၌ ဒေသခံ ချန်းလူမျိုး အမျိုးသမီးများက ရိုးရာဝတ်စုံများ ဝတ်ဆင်၍ စုစည်းကာ ချန်းလူမျိုးနှစ်သစ်ကူးအား ကြိုဆိုနေကြသည်ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)


新华社照片,茂县(四川),2025年11月19日
11月18日,四川省阿坝藏族羌族自治州茂县赤不苏镇举行特色民俗文化活动,当地群众身着传统民族服饰,与游客一起载歌载舞、品尝咂酒、共话丰收,喜迎一年一度的羌历新年。
羌历新年是羌族最为隆重的节日。2024年12月5日,联合国教科文组织将羌年从急需保护的非物质文化遗产名录转入人类非物质文化遗产代表作名录。
图说1:11月18日,在茂县赤不苏镇,当地群众在跳萨朗舞。 新华社记者 江宏景 摄
图说2:11月18日,在茂县赤不苏镇,当地羌族妇女身着传统服饰聚集在一起,迎接羌年的到来。新华社发(兰红光摄)
