China
ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ ထိုင်ဝမ်ဖြစ်သည်ကို ဂျပန်အနေဖြင့် မှတ်သားထားသင့် ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို
ပေကျင်း၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)
ဂျပန်ကျူးကျော်သူက ထိုင်ဝမ်၌ ဖော်ပြ၍မကုန်ဆုံးနိုင်သော ပြစ်မှုများကို ကျူးလွန်ခဲ့ကြရာ ထိုင်ဝမ်သမိုင်းတွင် အမှောင်မိုက်ဆုံးစာမျက်နှာအား ရေးသားခဲ့ကြောင်း၊ ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ ထိုင်ဝမ်ဖြစ်သည်ကို ဂျပန်အနေဖြင့် မှတ်သားထားသင့်ကြောင်း၊ ထိုင်ဝမ်တွင် အရေးကိစ္စရှိခြင်းသည် ဂျပန်၏ကိစ္စ လုံးဝမဟုတ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မော်နင်က နိုဝင်ဘာ ၂၀ ရက်တွင် ပြောကြားခဲ့သည်။
ဂျပန်နိုင်ငံဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိ၏ “ထိုင်ဝမ်တွင်အရေးကိစ္စရှိခြင်း” ပြောဆိုချက်နှင့်စပ်လျဉ်း၍ တရုတ်ပြည်သူများစွာက ထိုင်ဝမ်အရေးကိစ္စတွင် ဂျပန်က သမိုင်းဝဋ်ကြွေးရှိသောကြောင့် “အရေးကိစ္စရှိမှု” အား ပြောဆိုခွင့်မရှိဆုံးသူဖြစ်သည်ဟု ယူဆကြကြောင်း၊ ယင်းအပေါ် ပြောခွင့်ရပုဂ္ဂိုလ်က မည်ကဲ့သို့မှတ်ချက်ပြုလိုသနည်းဟု သတင်းထောက်က ထိုနေ့သတင်းစာရှင်းလင်းပွဲ၌ မေးမြန်းခဲ့သည်။
မော်နင်က သမိုင်းတွင် ဂျပန်သည် ထိုင်ဝမ်အား အတင်းအဓမ္မ သိမ်းပိုက်၍ ရာစုနှစ်တစ်ဝက်ကြာ ကိုလိုနီအုပ်ချုပ်မှု လုပ်ဆောင်ခဲ့ကြောင်း၊ ဂျပန်သိမ်းပိုက်ထားသည့်ကာလအတွင်း ထိုင်ဝမ်ပြည်သူများသည် နက်ရှိုင်းသော ကပ်ဘေးနှင့်ကြုံတွေ့ခဲ့ရပြီး သွေးချင်းပေါင်းသိန်းချီ သတ်ဖြတ်ခံခဲ့ရကြောင်း၊ ပြည်သူများက နိုင်ငံရေး အခွင့်အရေး၊ ဘာသာရေး လွတ်လပ်ခွင့်နှင့် ယဉ်ကျေးမှုလွတ်လပ်ခွင့်တို့ အလျဉ်းမရှိသည့်အပြင် သတ္ထုအရင်းအမြစ်၊ ပြည်သူလူနေမှုဘဝပစ္စည်းများသည်လည်း ကြမ်းတမ်းစွာ လုယူခံခဲ့ရကြောင်း၊ ဂျပန်ကျူးကျော်သူက ထိုင်ဝမ်၌ ဖော်ပြ၍မကုန်ဆုံးနိုင်သော ပြစ်မှုများကို ကျူးလွန်ခဲ့ကြရာ ထိုင်ဝမ်သမိုင်းတွင် အမှောင်မိုက်ဆုံးစာမျက်နှာအား ရေးသားခဲ့ကြောင်း ပြောကြားခဲ့သည်။
“ယခုနှစ်က ထိုင်ဝမ်ဒေသကို ပြန်လည်ရရှိတဲ့ နှစ် ၈၀ ပြည့်ဖြစ်ပါတယ်။ ထိုင်ဝမ်က တရုတ်နိုင်ငံရဲ့ ထိုင်ဝမ်ဖြစ်တယ်ဆိုတာကို ဂျပန်က မှတ်သားထားသင့်ပါတယ်။ ထိုင်ဝမ်မှာ အရေးကိစ္စရှိတာ၊ မရှိတာက ဂျပန်ရဲ့ကိစ္စ လုံးဝမဟုတ်ပါဘူး။ ထိုင်ဝမ်ကို အကြောင်းပြုပြီး ပြဿနာရှာတာက ဂျပန်အတွက် ပြဿနာရှာတာပဲ ဖြစ်မှာပါ” ဟု မော်နင်က ပြောကြားခဲ့သည်။ (Xinhua)
———————
(Chinese Version)
外交部:日本应该记住,台湾是中国的台湾
新华社北京11月20日电(记者曹嘉玥、朱超)外交部发言人毛宁20日表示,日本侵略者在台湾犯下罄竹难书的罪行,书写了台湾历史上最黑暗的一页。日本应该记住,台湾是中国的台湾。台湾是否有事,根本不是日本的事。
当日例行记者会上,有记者问:针对日本首相高市早苗所谓“台湾有事”的言论,许多中国民众认为,在台湾问题上,日本负有历史罪责,是最没资格谈“有事”的一方,发言人对此有何评论?
毛宁说,历史上,日本曾经强行侵占台湾并进行长达半个世纪的殖民统治。日本占领时期,台湾人民灾难深重,数十万同胞被杀害,民众毫无政治权利、信仰自由和文化自由,矿产资源、民生物资遭疯狂掠夺。日本侵略者在台湾犯下罄竹难书的罪行,书写了台湾历史上最黑暗的一页。
“今年是台湾光复80周年。日本应该记住,台湾是中国的台湾。台湾是否有事,根本不是日本的事。借台湾生事,只会给日本找事!”毛宁说。(完)
