Connect with us

China

ထိုင်ဝမ်နှင့်စပ်လျဉ်းသော ဆာနာအဲ တာကာအိချိ၏ အခြေအမြစ်မရှိသည့် ပြောဆိုချက်အား လိုက်ချင်းသဲ အာဏာပိုင် လိုက်လျောပေးနေမှုကြောင့် ထိုင်ဝမ် နယ်ပယ်အသီးသီး၏ အဆက်မပြတ် ပြစ်တင်ရှုတ်ချခြင်းခံရ

တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသ ထိုင်ပေမြို့ရှိ မိုးမျှော်တိုက် ထိုင်ပေ 101 ကို ရှန်းဆန်းတောင်မှ ၂၀၁၉ ခုနှစ် ဇူလိုင် ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ထိုင်ပေ၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိက ထိုင်ဝမ်နှင့်စပ်လျဉ်းသော ဆိုးရွားစွာ မှားယွင်းသည့် ပြောဆိုချက် ထုတ်ပြန်ပြောကြားပြီးနောက် လိုက်ချင်းသဲနှင့် ဒီမိုကရက်တစ် တိုးတက်ရေးပါတီ (DPP) အာဏာပိုင်က အကျိုးအမြတ်ကိုငဲ့‌ပြီး အမှန်တရားကိုမေ့ကာ အစွမ်းကုန် မျက်နှာချိုသွေးနေခဲ့ရာ ထိုလုပ်ရပ်သည် ထိုင်ဝမ်လူမှုအသိုက်အဝန်း၏ ပြစ်တင်ရှုတ်ချခြင်းခံခဲ့ရသည်။
လိုက်ချင်းသဲနှင့် DPP အာဏာပိုင်များအနေဖြင့် အမျိုးသားရေးရပ်တည်ချက်ကို သစ္စာဖောက်၍ ဂျပန်လက်ယာယိမ်းအင်အားစုများနှင့် တစ်ကျိတ်တည်း တစ်ဉာဏ်တည်း ပူးပေါင်းလျက် တစ်ကိုယ်ကောင်း အကျိုးစီးပွားအတွက် ဂျပန်အပေါ် အစွမ်းကုန် မျက်နှာချိုသွေး၍ မြှောက်ပင့်ကာ အောက်ကျနောက်ကျခံပြီး အမှားအမှန်နှင့် ပြည်သူများ၏ လုံခြုံရေးအန္တရာယ်ကိုပင် လျစ်လျူရှုထားခြင်းသည် ထိုင်ဝမ်ကို ပိုမိုအန္တရာယ်များသော အခြေအနေတွင်းသို့သာ ပို့ဆောင်လိုက်လိမ့်မည်ဟု ထိုင်ဝမ်ကျွန်းရှိ လူထုသဘောထားနှင့် နယ်ပယ်အသီးသီး လူပုဂ္ဂိုလ်များက ဒေါသကြီးစွာဖြင့် ပြစ်တင်ပြောကြားခဲ့သည်။

လတ်တလောရက်ပိုင်းတွင် လိုက်ချင်းသဲနှင့် DPP အာဏာပိုင်မှ နိုင်ငံရေးသမားများစွာက အခွင့်ကောင်းယူ၍ တရုတ်နိုင်ငံ ပြည်မကြီးအား နာမည်ဖျက်ပြောကြားခဲ့သည့်အပြင် လူမှုမီဒီယာ၌လည်း ဂျပန်အစားအစာ စားသုံးသည့် ဓာတ်ပုံများ တင်ကာ ပြည်သူများကို ဂျပန်နိုင်ငံသို့ သွားရောက် ခရီးသွားလည်ပတ်ရန် တိုက်တွန်းပြီး “ထိုင်ဝမ်-ဂျပန်ချစ်ကြည်ရေး” ဟူသည်ကို ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြခဲ့သည်။
နိုင်ငံရေးပုဂ္ဂိုလ်များအနေဖြင့် ဂျပန်နိုင်ငံရေးပုဂ္ဂိုလ်၏ ပေါ့ပျက်ပျက် ပြောဆိုချက်အား လျှောက်၍ လိုက်လျောခြင်းမပြုမှသာ ထိုင်ဝမ်ရေလက်ကြားတင်းမာမှု အခြေအနေသည် အကြောင်းမဲ့ဖြစ်လာစေမည် မဟုတ်ကြောင်း၊ အာဏာပိုင်အနေဖြင့် ယခုလိုအချိန်တွင် ဖူကူရှီးမား စသည့် နျူကလီးယား ကပ်ဘေးသင့်ဒေသမှ စားသောက်ကုန်များအား တားမြစ်မှုကို ဖယ်ရှားပေးခြင်းသည် နိုင်ငံရေးရည်ရွယ်ချက် ထင်ရှားပြီး ထိခိုက်နစ်နာသည်မှာ ထိုင်ဝမ်ပြည်သူများပင်ဖြစ်ကြောင်း ထိုင်ဝမ် “China Times” က နိုဝင်ဘာ ၂၃ ရက်တွင် အယ်ဒီတာ့အာဘော် ထုတ်ပြန်၍ ထောက်ပြခဲ့သည်။

ထိုသတင်းစာသည် မကြာသေးမီကလည်း အယ်ဒီတာ့အာဘော်ထုတ်ပြန်၍ ထိုင်ဝမ်သည် တစ်ချိန်က ရာစုနှစ်တစ်ဝက်ကြာ ဂျပန်၏ ကိုလိုနီပြုခြင်းခံခဲ့ရကြောင်း၊ ထိုင်ဝမ်အရေးကိစ္စသည် တရုတ်တစ်နိုင်ငံတည်း မူဝါဒနှင့် သက်ဆိုင်နေသည်သာမက သမိုင်းအကြောင်း သိမြင်မှု အရေးကိစ္စနှင့်လည်း စပ်လျဉ်းနေကြောင်း၊ ဆာနာအဲ တာကာအိချိက ထင်ရာပြော၍ ဂျပန်နိုင်ငံ “သေရေးရှင်ရေးအန္တရာယ်” ကို အကြောင်းပြကာ ထိုင်ဝမ်အားထိပါးခြင်းကို ခွင့်မပြုနိုင်ကြောင်း၊ လိုက်ချင်းသဲက ဆာနာအဲ တာကာအိချိကို ထောက်ခံကြောင်း စကားဆိုခြင်းသည် သူခိုးဓားရိုးကမ်းခြင်းဖြစ်ရာ “ပြဿနာမီးခွက်ထွန်းရှာ” သည့် ပညာမဲ့သောလုပ်ရပ်ဖြစ်ပြီး ထိုင်ဝမ်ရေလက်ကြားဒေသ လုံခြုံရေးအန္တရာယ်သာ တိုးစေသည်ဟု ထောက်ပြခဲ့သည်။
“ဆာနာအဲ တာကာအိချိ ပြဿနာရှာခြင်းသည် လိုက်ချင်းသဲတွင် ပြဿနာရှိသည်” ၊ နိုင်ငံရေး ဝါဆာဘိများ အပြည့်တို့ထားသော ဖူကူရှီးမား နျူကလီးယား အစားအစာများ ထမင်းစားပွဲပေါ်သို့ ချက်ချင်းရောက်လာကြောင်း၊ လိုက်ချင်းသဲ အာဏာပိုင်အဖွဲ့သည် အစားအစာဘေးကင်းလုံခြုံမှုကို “ထိုင်ဝမ်-ဂျပန်ချစ်ကြည်ရေး” ခေါင်းစဉ်အောက်တွင် ဖုံးကွယ်ထားရာ အဆိုပါပင်လယ်စာသည် အရသာမပျက်ဘဲ နေမည်လောဟု ယူဆကြောင်း ထိုင်ဝမ် “United Daily News” က နိုဝင်ဘာ ၂၃ ရက်တွင် အတွေးအမြင် ထုတ်ပြန်ဖော်ပြခဲ့သည်။
ထိုင်ဝမ်အလုပ်သမားပါတီ၊ ရေလက်ကြား နှစ်ဖက်ကမ်း ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်မှုဖိုရမ်၊ ထိုင်ဝမ်တရုတ်လူငယ်များ ဖွံ့ဖြိုးတိုးတက်မှု အသင်းချုပ် စသည့် ထိုင်ဝမ်ကျွန်းပေါ်ရှိ အစုအဖွဲ့ဒါဇင်ချီသည် မကြာသေးမီက ပူးတွဲကြေညာချက်ထုတ်ပြန်၍ ဆာနာအဲ တာကာအိချိ၏ ထိုင်ဝမ်နှင့်ပတ်သက်သော မဟုတ်မမှန်သည့် ပြောဆိုချက်များအား လေးနက်စွာ ဆန့်ကျင်ကြောင်း၊ ထိုင်ဝမ်ပြည်သူများအနေဖြင့် ဂျပန်စစ်ဝါဒ၏ စတေးခံဖြစ်ခြင်းကို ငြင်းပယ်ကြောင်း ပြောကြားခဲ့သည်။

DDP အာဏာပိုင်အနေဖြင့် ဂျပန်၏ စစ်ရေးကြိုးပမ်းရည်ရွယ်မှုများကို အသံတိတ်ခွင့်ပြုခြင်း၊ လိုက်လျောခြင်း သို့မဟုတ် တွဲဖက်လုပ်ဆောင်ခြင်းမပြုရန်၊ ဂျပန်က စစ်ရေးနည်းဖြင့် ကြားဝင်ခြင်းအား သဘောထားထုတ်ပြန်၍ ငြင်းပယ်ရန်၊ ထိုင်ဝမ်အား စစ်ပွဲတွင်းသို့ တွန်းပို့သည့် မည်သည့်ပြည်ပအင်အားကိုမဆို လိုက်လျောခြင်းမပြုရန်၊ တရုတ်တစ်နိုင်ငံတည်းမူဝါဒ၏ တရားဥပဒေနှင့် သဘောတရားအခြေခံပေါ်တွင် နှစ်ဖက်ကမ်း တွေ့ဆုံဆွေးနွေးမှု ပြန်လည်ဖော်ဆောင်ခြင်းအား အတတ်နိုင်ဆုံး လျင်မြန်စွာ လုပ်ဆောင်ရန်၊ ထိုင်ဝမ်ပြည်သူလူထု အသက်အိုးအိမ် ဘေးကင်းလုံခြုံမှုနှင့် ငြိမ်းချမ်းရေးအား အာမခံပေးသည့် မူဘောင် ထူထောင်ရန် အဆိုပါကြေညာချက်တွင် တောင်းဆိုထားသည်။
တရုတ် ကူမင်တန်ပါတီဥက္ကဋ္ဌ ကျိန့်လိဝန်သည် မကြာသေးမီက လူမှုမီဒီယာ၌ ပို့စ်တင်၍ လိုက်ချင်းသဲ၏ တုံ့ပြန်ချက်သည် မီးလောင်ရာလေပင့်ခြင်းနှင့် အခွင့်ကောင်းယူ၍ နိုင်ငံရေးလုပ်ဆောင်ချက် ပြုလုပ်ခြင်းပင်ဖြစ်ရာ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုအပေါ် အထောက်အကူပြုသည့် အကျိုးအလျဉ်းမရှိကြောင်း၊ ထိုင်ဝမ်ရေလက်ကြားနှင့် ဒေသတွင်းအခြေအနေ အကဲဆတ်နေသည့် အခါသမယတွင် အကြီးအကဲများအနေဖြင့် သဘောထားအသိအမြင်အရ ဦးဆောင်စစ်ချီပြီး မိမိပါတီအကျိုးစီးပွားအတွက် တင်းမာမှုအခြေအနေအား ဝန်ဆောင်မှုအဖြစ် အသုံးပြုခြင်းမဟုတ်ဘဲ ပိုမိုသတိထား ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်သင့်ကြောင်း၊ လိုက်ချင်းသဲ၏ ပြောဆိုလုပ်ဆောင်ချက်သည် ဒေသတွင်းအခြေအနေ တည်ငြိမ်မှုအတွက် အထောက်အကူမပြုသည်သာမက ထိုင်ဝမ်ရေလက်ကြားနှင့် ဒေသတွင်းအား ပိုမိုအန္တရာယ်များသော အခြေအနေသို့ တွန်းပို့လိုက်နိုင်ကြောင်း ပြောကြားခဲ့သည်။

ထိုင်ဝမ် ပြန်လည်ပေါင်းစည်းရေးမဟာမိတ်ပါတီ နာယက ချီကျားလျင်က DDP အာဏာပိုင်အနေဖြင့် ဤမျှအဆင့်အတန်းနိမ့်ကျ၍ သူခိုးအား အဖေခေါ်သကဲ့သို့ ဆာနာအဲ တာကာအိချိနှင့် ပင်လယ်ကမ်းခြားကာ လိုက်လျောပြောဆိုမှု မလုပ်ဆောင်သင့်ကြောင်း၊ ဂျပန်က ထိုင်ဝမ်အား ကိုလိုနီပြုသည့်ကာလအတွင်း ထိုင်ဝမ်ပြည်သူများအပေါ် ကြီးလေးသည့်ပြစ်ဒဏ်ကျူးလွန်ခဲ့ရာ DDP က ဆာနာအဲ တာကာအိချိ၏ သဘောထားကို ဤမျှထောက်ခံအားပေးခြင်းသည် ထိုင်ဝမ်ဟူသည့်ဒေသအပေါ်၊ ထိုင်ဝမ်ဘိုးဘေးများအပေါ် အရှက်ရစေကြောင်း၊ မိမိတို့အနေဖြင့် ဂျပန်စစ်ဝါဒပြန်လည်နိုးထလာခြင်းကို ခိုင်မာစွာ ကန့်ကွက်၍ ဂျပန်က ထိုင်ဝမ်ကို ထိပါးသည့် သမိုင်းဟောင်း ပြန်လည်ဖြစ်ပေါ်ခြင်းကို လုံးဝခွင့်ပြုမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
ထိုင်ဝမ် “Chaiwan Ben Post” အင်တာနက်စာတည်း ချန်ချုံကျန်းက လိုက်ချင်းသဲနှင့် DDP အာဏာပိုင်များ၏ ပြောဆိုလုပ်ဆောင်ချက်သည် “ထိုင်ဝမ်ခွဲထွက်ရေး” အင်အားစုများ၏ အမေရိကန်နှင့် ရင်းနှီး၍ ဂျပန်ကိုလိုက်လျောသော၊ လိုလိုလားလား လက်ပါးစေလုပ်သည့် သဘာဝကို ထပ်မံပေါ်လွင်စေကြောင်း၊ ၎င်း၏ ပြောဆိုလုပ်ဆောင်ချက်များသည် ထိုင်ဝမ်ကို စစ်မီးတွင်းသို့ ဆွဲခေါ်နေခြင်းဖြစ်ရာ ထိုင်ဝမ်ပြည်သူအများစု၏ ဆန္ဒနှင့် ဆန့်ကျင်နေကြောင်း၊ ယခုနှစ်သည် ထိုင်ဝမ်ဒေသအား ပြန်လည်ရရှိခြင်း နှစ် ၈၀ ပြည့်ဖြစ်ရာ ဂျပန်က ထိုင်ဝမ်ပြည်သူများအပေါ် ကိုလိုနီပြု၍ ခေါင်းပုံဖြတ် သတ်ဖြတ်သည့်သမိုင်းကို မျက်ဝါးထင်ထင်တွေ့မြင်နိုင်ဆဲဖြစ်ကြောင်း၊ လိုက်ချင်းသဲအာဏာပိုင်အဖွဲ့သည် ဂျပန်လက်နက်ချအညံ့ခံမှုကို “နောက်ဆုံးစစ်ပွဲ” ဟူ၍ ခေါ်ဆိုသည်မှ ပြည်ပအင်အားစုများ၏ “ထိုင်ဝမ်၏အနေအထားအား မသတ်မှတ်ရသေးခြင်း သီအိုရီ” အား လိုက်လျောသည်အထိ၊ ထိုမှတစ်ဆင့် ယနေ့၏ ဂျပန်အပေါ် မျက်နှာချိုသွေးသည့် ပြောဆိုလုပ်ဆောင်ချက်များအထိ လမ်းကြောင်းနောက်ပြန်ဆွဲမှု လုပ်ဆောင်ချက်များ ဆက်တိုက်လုပ်ဆောင်ခြင်းသည် သမိုင်းအရ တရားမျှတမှုမရှိသလို အမျိုးသားဂုဏ်သိက္ခာလည်း ကျဆင်းစေပေသည်ဟု ပြောကြားခဲ့သည်။

“လိုက်ချင်းသဲအာဏာပိုင်က ဆာနာအဲ တာကာအိချိရဲ့ အခြေအမြစ်မရှိတဲ့ ပြောဆိုချက်ကို အစုလိုက်အပြုံလိုက် လိုက်လျောပေးနေခြင်း လုပ်ရပ်က လုံးဝမယုံနိုင်လောက်စရာဖြစ်ပြီး အဓိပ္ပာယ်လည်းမရှိပါဘူး။ ကျွန်တော်တို့အနေနဲ့ သူတို့ရဲ့ အမျိုးသားဂုဏ်သိက္ခာကို နင်းချေတဲ့ အောက်တန်းကျတဲ့လုပ်ရပ်ကို အပြင်းထန်ဆုံး ကန့်ကွက်ပါတယ်” ဟု ထိုင်ဝမ်လူငယ် ရှီရွှယ်ချင်က ဆိုသည်။ လိုက်ချင်းသဲ အာဏာပိုင်အဖွဲ့သည် ဂျပန်အပေါ် အလိုလိုက်အကြိုက်ဆောင်ကာမျက်နှာချိုသွေးသည့် လုပ်ရပ် သည် ထိုင်ဝမ်ပြည်သူများကို ဆိုးရွားသည့်ပေးဆပ်မှုများသာ ဖြစ်စေမည်ဖြစ်ကြောင်း၊ ရေလက်ကြား နှစ်ဖက်ဒေသက ပေါင်းစည်းမှုဆီသို့ လျှောက်လှမ်းခြင်းသည် တားဆီး၍မရသော ခေတ်ရေစီးကြောင်းအလားအလာဖြစ်ကြောင်း၊ “ထိုင်ဝမ်ခွဲထွက်ရေး” အင်အားစုများသည် အမျိုးသားရေးနှင့် ကျောခိုင်းဆန့်ကျင်နေခြင်းသည် လမ်းဆုံးသို့သာကျရောက်သွားမည်ဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

ဂျပန်နိုင်ငံ တိုကျိုမြို့ ဝန်ကြီးချုပ်အိမ်တော်အပြင်၌ ဆန္ဒပြလှုပ်ရှားမှုတွင် ပါဝင်နေသော ပြည်သူများကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

———————
(Chinese Version)
赖清德当局迎合高市早苗涉台谬论遭台湾各界持续挞伐
新华社台北11月24日电 日本首相高市早苗抛出涉台严重错误言论后,赖清德及民进党当局见利忘义、卖力迎合,此举遭到台湾社会挞伐。岛内舆论和各界人士纷纷怒斥赖清德及民进党当局背弃民族立场,与日本右翼分子狼狈为奸,为一己私利大肆媚日舔日跪日,不顾是非曲直和百姓安危,只会把台湾推向更危险境地。
连日来,赖清德及民进党当局多名政客借机污蔑大陆,还在社交平台上贴出吃日本料理的图片,呼吁民众赴日旅游,宣扬所谓“台日友好”。台湾《中国时报》23日发表社论指出,政治人物不要胡乱附和日本政治人物的轻率言论,才不会无谓挑起台海紧张局势。当局此刻解禁福岛等核灾区的食品,政治意图明显,受害的是台湾人民。
该报日前还刊发社论指出,台湾曾被日本殖民半世纪,台湾问题不仅攸关一中政策,更涉历史认识问题,不容高市说三道四、借口日本“存亡危机”染指台湾。赖清德声援高市无异胳臂外弯,是“没事找事”的不智之举,徒增台海安全危机。
台湾《联合报》23日发表评论认为,“高市惹事,清德有事”,沾满政治芥末的福岛核食立马上桌。赖清德当局刻意将食品安全隐匿于“台日友好”之下,那盘海鲜能不走味吗?
台湾劳动党、两岸和平发展论坛、台湾中华青年发展联合会等数十个岛内团体日前联合发表声明,严正抗议高市早苗涉台妄言,表示台湾人民拒绝成为日本军国主义的牺牲品。该声明要求,民进党当局不得默许、附和或配合日本的军事企图,必须表态拒绝日本军事介入,不得附和任何将台湾推向战争的外力,必须尽速在一中的法理基础上恢复两岸对话,建立确保台湾人民生命安全的和平框架。
中国国民党主席郑丽文日前在社交平台发文表示,赖清德的回应无疑是火上加油、借机政治操作,对维系和平毫无助益。在台海与区域局势敏感之际,领导人更应谨慎克制,而不是以意识形态挂帅,利用紧张局势服务自身党派利益。赖清德的言行不仅无助稳定区域情势,反而可能让台海和区域被推向更危险局面。
台湾统一联盟党荣誉主席戚嘉林表示,民进党当局不应如此失格,认贼作父地与高市早苗隔海唱和。日本在殖民台湾期间对台湾民众犯下滔天罪行,民进党如此支持高市早苗立场,愧对台湾这块土地,愧对台湾先祖。我们坚决反对日本军国主义死灰复燃,绝不允许日本染指台湾的历史重演。
台湾《两岸犇报》网络主编陈崇真表示,赖清德和民进党当局的言行再次暴露“台独”分裂分子亲美媚日、甘为鹰犬的本质,其言行举止是把台湾带向战火,背弃台湾多数民意。今年是台湾光复80周年,日本殖民、剥削、屠杀台湾人民的历史历历在目。赖清德当局从用“终战”指称日本投降,到附和外部势力的“台湾地位未定论”,再到如今媚日言行,一路逆行倒施,既无历史正义,更丢民族尊严。
“赖清德当局集体附和高市早苗谬论,这般操作匪夷所思、荒谬至极。我们要对其践踏民族尊严的卑劣行径,予以最强烈的声讨!”台湾青年史学勤说,赖清德当局遂行媚日行径,只会让台湾民众付出惨痛代价。两岸走向统一是不可阻挡的时代大势,“台独”分裂势力背离民族大义,逆势而行,只会陷入穷途末路。(完)
图说1:Photo taken on July 21, 2019 from Xiangshan Mountain shows the Taipei 101 skyscraper in Taipei, southeast China’s Taiwan. (Xinhua/Zhu Xiang)
图说2:11月21日,在日本东京的首相官邸外,民众参加抗议活动。新华社记者 贾浩成 摄