China
တရုတ်နိုင်ငံအနေဖြင့် ပြင်သစ် စသည့်နိုင်ငံများအပေါ် ဗီဇာကင်းလွတ်ခွင့် မူဝါဒအား သက်တမ်းတိုးရန် ဆုံးဖြတ်
ပေကျင်း၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)
၂၀ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ စတုတ္ထအကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးစိတ်ဓာတ်အား အပြည့်အဝေအကောင်အထည်ဖော်ရန်၊ အဆင့်မြင့် ပြည်ပတံခါးဖွင့်လှစ်မှုအား တိုးချဲ့ရန်၊ တရုတ်နိုင်ငံ ပြည်တွင်းပြည်ပ လူပုဂ္ဂိုလ်သွားလာမှုအား အဆင်ပြေချောမွေ့စေရန် တရုတ်နိုင်ငံအနေဖြင့် ပြင်သစ် စသည့်နိုင်ငံများအပေါ် ဗီဇာကင်းလွတ်ခွင့်မူဝါဒ သက်တမ်းအား ၂၀
၂၆ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ သက်တမ်းတိုးရန် ဆုံးဖြတ်လိုက်ကြောင်း၊ ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၀ ရက်မှ ၂၀၂၆ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ ဆွီဒင်နိုင်ငံအပေါ် ဗီဇာကင်းလွတ်ခွင့် ကျင့်သုံးမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မော်နင်က နိုဝင်ဘာ ၃ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ မေးမြန်းမှုကို ဖြေကြားစဉ်အတွင်း ပြောကြားခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ချုံချင့်မြို့ ကျန်းပေအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အချက်အလက်စစ်ဆေးမှုခံယူရန် စောင့်ဆိုင်းနေသည့် ပြည်ဝင်လာသော ခရီးသွားဧည့်သည်များကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
——————-
(Chinese Version)
中方决定延长对法国等国免签政策
新华社北京11月3日电(记者马卓言、冯歆然)外交部发言人毛宁3日在例行记者会上答问时表示,为了贯彻落实党的二十届四中全会精神,扩大高水平对外开放,持续便利中外人员往来,中方决定将对法国等国的免签政策延长至2026年12月31日。此外,中方将于2025年11月10日至2026年12月31日对瑞典免签。(完)
1、7月21日,意大利游客在上海外滩听导游介绍景点。新华社记者 陈浩明 摄
2、10月1日,在重庆江北国际机场,入境旅客排队等候查验信息。新华社发(曾言延 摄)
