Connect with us

China

ဂျပန်ဘက်က စာလွှာတွင် မှားယွင်းသောအမြင်နှင့် အတုအယောင်လိမ်လည်မှုများ ပြည့်နှက်နေသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လျင်ကျန့်အား ၂၀၂၅ ခုနှစ်ဒီဇင်ဘာ ၂ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဓာတ်ပုံ- Ministry of Foreign Affairs People’s Republic of China)

ပေကျင်း၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂဆိုင်ရာ ဂျပန်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ်က ထိုမတိုင်မီ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ထံသို့ စာလွှာပေးပို့ခြင်းနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လျင်ကျန့်က ဂျပန်ဘက်က စာလွှာတွင် မှားယွင်းသောအမြင်နှင့် အတုအယောင်လိမ်လည်မှုများဖြင့် ပြည့်နှက်နေကြောင်း၊ ဂျပန်နိုင်ငံအနေဖြင့် လက်တွေ့ပြန်လည်သုံးသပ်ကာ အမှားကို ပြင်ဆင်ရန်၊ စစ်ရှုံးနိုင်ငံ၏ တာဝန်ဝတ္တရားများကို ထမ်းဆောင်ရန်၊ တရုတ်နိုင်ငံနှင့် နိုင်ငံတကာအပေါ် ပြုထားသည့် ကတိကဝတ်များကို လက်တွေ့လှုပ်ရှားဖော်ဆောင်ရန်၊ အဖန်တလဲလဲ ကတိပျက်ခြင်းမပြုရန် တရုတ်နိုင်ငံက တိုက်တွန်းကြောင်း ဒီဇင်ဘာ ၂ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ထိုင်ဝမ်အရေးနှင့်စပ်လျဉ်းသည့် ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိ၏ မှားယွင်းသောပြောဆိုချက်များသည် ဒုတိယကမ္ဘာစစ် အောင်နိုင်ခြင်းရလဒ်နှင့် စစ်ပွဲအလွန် နိုင်ငံတကာစည်းစနစ်ကို ပြောင်ပြောင်တင်းတင်း စိန်ခေါ်ခြင်းဖြစ်ပြီး “ကုလသမဂ္ဂပဋိညာဉ်စာတမ်း” ရည်ရွယ်ချက်နှင့် အခြေခံမူများကို ပြင်းထန်စွာ ချိုးဖောက်ခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံဘက်က ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ထံသို့ စာလွှာပေးပို့ကာ လေးနက်သည့်ရပ်တည်ချက်အား ရှင်းလင်းခြင်းမှာ အမှန်တရားအတွက် မဖြစ်မနေ အပြည့်အဝ လိုအပ်မှုရှိကြောင်း လျင်ကျန့်က ပြောကြားခဲ့သည်။

ဂျပန်ဘက်က စာလွှာတွင် မှားယွင်းသောအမြင်နှင့် အတုအယောင်လိမ်လည်မှုများဖြင့် ပြည့်နှက်နေကြောင်း၊ ထိုင်ဝမ်အရေးတွင် ဂျပန်ဘက်က “တစ်သမတ်တည်းရပ်တည်ချက်” ဟူ၍ စာလွှာတွင် ဖော်ပြထားသော်လည်း ယင်း “တစ်သမတ်တည်းရပ်တည်ချက်” ဆိုသည်မှာ အဘယ်နည်းကိုမူ ဂျပန်ဘက်က အစဉ်အမြဲ ရှောင်လွှဲကာ ဝေဝေဝါးဝါးပြောကြားနေပြီး ယခုထိတိုင် တရုတ်ဘက်သို့ တိုက်ရိုက်ဖြေကြားမှု မပြုသေးကြောင်း လျင်ကျန့်က ပြောကြားခဲ့သည်။

“တရုတ်-ဂျပန် နိုင်ငံရေးစာရွက်စာတမ်း ၄ ခုထဲက ထိုင်ဝမ်အရေးနဲ့စပ်လျဉ်းတဲ့ ‘တစ်သမတ်တည်းရပ်တည်ချက်’ က ဘာလဲဆိုတာကို ဂျပန်အစိုးရအနေနဲ့ နိုင်ငံတကာသိုက်အဝန်းအား ပြည့်စုံတိကျစွာ အဖြေပေးနိုင်ပါသလားလို့ ကျွန်တော်တို့အနေနဲ့ ထပ်ပြီးမေးခွန်းထုတ်ရပါမယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ဂျပန်ဘက်က “ကာကွယ်ရေးကိုသာ သီးသန့်ဦးတည်ခြင်း”နှင့် “တုံ့ပြန်ကာကွယ်ခြင်း” ဆိုသည်ကို အခိုင်အမာ လက်ကိုင်ထားကြောင်းနှင့် ဝန်ကြီးချုပ် တာကာအိချိ၏ ထိုမတိုင်မီပြောဆိုချက်များသည် ယင်းရပ်တည်ချက်ပေါ်တွင် အခြေခံကြောင်း အလေးထားပြောကြားနေသည်ဟု ၎င်းက ဆိုသည်။ ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ နယ်မြေပိုင်နက်ဖြစ်ပြီး ထိုင်ဝမ်အရေး မည်သို့ဖြေရှင်းမည်မှာ တရုတ်လူမျိုးများ၏ ကိုယ်ပိုင်ကိစ္စဖြစ်ရာ ပြင်ပစွက်ဖက်မှုကို ခွင့်ပြုမည်မဟုတ်ကြောင်း၊ ဆာနာအဲ တာကာအိချိကမူ ဂျပန်၏ “သေရေးရှင်ရေး အကျပ်အတည်းအခြေအနေ” နှင့် “ထိုင်ဝမ်အရေးကိစ္စရှိခြင်း” ကို ဆက်စပ်ကာ တရုတ်နိုင်ငံအပေါ် လက်နက်အင်အားအသုံးပြုနိုင်သည်ဟု အရိပ်အမြွက်ပြောဆိုခဲ့ကြောင်း၊ ယင်းမှာ ဂျပန်ဘက်က ဆိုလိုနေသည့် “ကာကွယ်ရေးကိုသာ သီးသန့်ဦးတည်ခြင်း”နှင့် “တုံ့ပြန်ကာကွယ်ခြင်း” မူဝါဒ၏ ရှိသင့်သည့်အနက်အဓိပ္ပာယ်လော ဟူ၍ ၎င်းက ပြောကြားခဲ့သည်။

“ကုလသမဂ္ဂပဋိညာဉ်စာတမ်း” ပထမအခန်း ဒုတိယအပိုဒ် ပုဒ်မ ၄ တွင် “အဖွဲ့ဝင်နိုင်ငံအသီးသီးက ၎င်း၏နိုင်ငံတကာဆက်ဆံရေးတွင် ခြိမ်းခြောက်မှု သို့မဟုတ် လက်နက်အင်အားသုံးမှု မပြုရ” ဟူ၍ သတ်မှတ်ထားကြောင်း၊ ဒုတိယကမ္ဘာစစ် စစ်ရှုံးနိုင်ငံ၏ လက်ရှိအကြီးအကဲအနေဖြင့် တာကာအိချိသည် “သေရေးရှင်ရေး အကျပ်အတည်းအခြေအနေ” ဟုဆိုကာ စစ်နိုင်သည့် နိုင်ငံအပေါ် လက်နက်အင်အားသုံးမည်ဟု ခြိမ်းခြောက်လျက်ရှိရာ ယင်းအချက်တစ်ချက်တည်းဖြင့်ပင် ဂျပန်က မိမိသည် “ကုလသမဂ္ဂပဋိညာဉ်စာတမ်း” အပါအဝင် နိုင်ငံတကာဥပဒေကို အစဉ်အမြဲ လေးစားလိုက်နာသည် ဟု အရှက်တရားမဲ့စွာ ဆိုရဲပါသေးသလော ဟု လျင်ကျန့်က ဆိုခဲ့သည်။

ထို့အပြင် ဂျပန်ဘက်က အခြားနိုင်ငံများ၏ ကာကွယ်ရေးအင်အား တည်ဆောက်မှုနှင့် “ခြိမ်းခြောက်အကျပ်ကိုင်မှု” လုပ်ဆောင်သည့်အပေါ် တန်ပြန်ပြစ်တင်စွပ်စွဲပြောဆိုခဲ့ရာ ယင်းမှာ လုံးဝဥဿုံ မိမိ၏အပြစ်အား သူတစ်ပါးကို လှီးလွှဲပုံချခြင်း ဖြစ်ကြောင်း လျင်ကျန့်က ပြောကြားခဲ့သည်။
အမှန်စင်စစ်တွင် ဂျပန်စစ်ရှုံးပြီးနောက်ပိုင်း လက်ယာယိမ်းအင်အားစုများက ကျူးကျော်မှုရာဇဝင်ကို ပြန်လှန်ရန် စဉ်ဆက်မပြတ် အားထုတ်ဆောင်ရွက်ခဲ့ကြောင်း၊ ယခုနှစ်များတွင် ဂျပန်နိုင်ငံ၏ ကာကွယ်ရေးအသုံးစရိတ်သည် ၁၃ နှစ်ဆက်တိုက် တိုးမြှင့်ပြီး မိမိကိုယ်ကို စုဖွဲ့ကာကွယ်ခွင့်၏ ချည်နှောင်မှုကို ကိုယ်တိုင် ဖြေလျှော့နေခြင်း၊ လက်နက်တင်ပို့မှုကန့်သတ်ချက်ကို အကြိမ်များစွာ ဖြေလျှော့ခြင်း၊ “ရန်သူအခြေစိုက်စခန်းအား တိုက်ခိုက်မှုစွမ်းရည်” ဟူသည်ကို တိုးတက်အောင် ဆောင်ရွက်ခြင်း၊ “နျူကလီးယားကင်းစင်ရေး အခြေခံမူသုံးရပ်” ကို ပြင်ဆင်ရန်ကြိုးပမ်းခြင်း စသည်တို့ဖြင့် “ကိုင်ရိုကြေညာချက်” နှင့် “ပေ့ါစ်ဒမ် ကြေညာချက်” တွင် ဂျပန်အပေါ် အတိအလင်းသတ်မှတ်ထားသည့် အကြောင်းအရာများကို တစ်လှမ်းချင်းစီ အနှစ်သာရမဲ့အောင် လုပ်ဆောင်လျက်ရှိသလို မိမိ၏ ဂျပန်အခြေခံဥပဒေပါ ကတိကဝတ်များကို ချိုးဖောက်ခဲ့ကြောင်း၊ “စစ်အင်အားတိုးချဲ့ခြင်း”၊ “အခြားနိုင်ငံအား ခြိမ်းခြောက်အကျပ်ကိုင်ခြင်း”၊ “အိမ်နီးချင်းနိုင်ငံများ၏ ကန့်ကွက်မှုကို လျစ်လျူရှု၍ လက်ရှိအခြေအနေကို တစ်ဖက်သတ်ပြောင်းလဲရန် ကြိုးပမ်းခြင်း” ဟူသည်မှာ ဂျပန်နိုင်ငံကိုယ်တိုင်ပင် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထိုအကြောင်းအရာများကြောင့် ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံကိုယ်စားလှယ်အဖွဲ့သည် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ထံသို့ ထပ်မံစာလွှာပေးပို့ကာ တရုတ်နိုင်ငံ၏ တည်ကြည်လေးနက်သည့် ရပ်တည်ချက်ကို ထပ်မံဖော်ပြခဲ့ကြောင်း လျင်ကျန့်က ဆိုသည်။

“ယခုနှစ်ဟာ တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်စစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် ဖြစ်ပါတယ်။ တရုတ်နိုင်ငံဘက်က ဂျပန်ရဲ့ စစ်ပွဲအလွန်စည်းစနစ်အား စိန်ခေါ်ကာ ပြောင်းပြန်လှန်ဖို့ လုပ်ဆောင်ခြင်း၊ စစ်ဝါဒအသက်သွင်းခြင်းကို အခိုင်အမာ ကန့်ကွက်သလို ဂျပန်နိုင်ငံအနေနဲ့ လက်တွေ့ပြန်လည်သုံးသပ်ကာ အမှားကို ပြင်ဆင်ဖို့၊ စစ်ရှုံးနိုင်ငံရဲ့ တာဝန်ဝတ္တရားများကို ထမ်းဆောင်ဖို့၊ တရုတ်နိုင်ငံနဲ့ နိုင်ငံတကာအပေါ် ပြုထားတဲ့ ကတိကဝတ်များကို လက်တွေ့လှုပ်ရှားဖော်ဆောင်ဖို့၊ အဖန်တလဲလဲ ကတိပျက်ခြင်းမပြုဖို့ ထပ်မံတိုက်တွန်းလိုက်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

——————
(Chinese Version)
外交部回应日本代表致函联合国秘书长:日方信函充斥错误观点和虚伪谎言
新华社北京12月2日电(记者董雪、邵艺博)针对日本常驻联合国代表此前致函联合国秘书长,外交部发言人林剑2日在例行记者会上表示,日方信函充斥错误观点和虚伪谎言,中方再次敦促日方切实反思纠错,履行战败国义务,以实际行动兑现对中国和国际社会的承诺,不要一再背信弃义。
林剑说,日本首相高市早苗涉台错误言论公然挑战二战胜利成果和战后国际秩序,严重违反《联合国宪章》宗旨和原则。中方向联合国秘书长致函阐明严正立场,完全正当必要。
林剑表示,日方信函充斥错误观点和虚伪谎言。信函提到日方在台湾问题上所谓“一贯立场”,但对于这个“一贯立场”到底是什么,日方始终言辞闪躲,语焉不详,到现在仍未给中方以正面答复。“我们要再问一遍:日本政府能否向国际社会完整准确地回答,在中日四个政治文件中关于台湾问题的‘一贯立场’是什么?”
他说,日方强调坚持所谓“专守防卫”和“被动防御”,并且说高市首相此前言论是基于这一立场。台湾是中国领土,如何解决台湾问题,是中国人自己的事,不容外部干涉。高市早苗却把日本的“存亡危机事态”与“台湾有事”相关联,暗示对中国动武。这难道就是日方所谓“专守防卫”“被动防御”政策的应有之义吗?
林剑说,《联合国宪章》第一章第二条第四款规定“各会员国在其国际关系上不得使用威胁或武力”。作为二战战败国的现职领导人,高市居然以所谓“存亡危机事态”对战胜国威胁使用武力。仅此一条,日方还敢大言不惭地声称自己“始终尊重并遵守包括《联合国宪章》在内的国际法”吗?
林剑表示,日方还影射指责他国防卫力量建设和实施“胁迫”,这完全是倒打一耙。事实上,自日本战败以来,右翼势力不断推动为侵略历史翻案。近些年日本防卫费十三连增,自我松绑集体自卫权,多次放宽武器出口限制,发展所谓“对敌基地攻击能力”,图谋修改“无核三原则”等,一步步掏空《开罗宣言》和《波茨坦公告》对日明确规定的条款,违背自身在日本宪法中所作承诺。“所谓‘扩张军力’‘胁迫他国’‘不顾周边邻国反对试图单方面改变现状’的恰恰是日方自己。”
林剑表示,有鉴于此,中国常驻联合国代表团已再次致函联合国秘书长,重申中方严正立场。“今年是中国人民抗日战争暨世界反法西斯战争胜利80周年。中方坚决反对日方倒行逆施挑战战后国际秩序,为军国主义招魂,再次敦促日方切实反思纠错,履行战败国义务,以实际行动兑现对中国和国际社会的承诺,不要一再背信弃义。”(完)