Connect with us

China

တရုတ်နိုင်ငံက ပင်လယ်သမုဒ္ဒရာ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းမှုအား ပေါင်းစပ်ထားခြင်းသည် မော်လ်ဒိုက်နိုင်ငံအတွက် များစွာလေးစားအတုယူဖွယ်ရာဖြစ်

တရုတ်နိုင်ငံ တောင်တရုတ်ပင်လယ် ရှုမြင်ကွင်းများကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆန်းရ၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် နိုင်ငံတကာ ပင်လယ်သမုဒ္ဒရာ ပူးပေါင်းဆောင်ရွက်မှု၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုနှင့် ပင်လယ်သမုဒ္ဒရာ ကာကွယ်စောင့်ရှောက်ရေး ကဏ္ဍများတွင် အစဉ်အမြဲ အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ ကမ်းရိုးတန်းဒေသ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းမှုအား ပေါင်းစပ်သည့် တရုတ်နိုင်ငံ နည်းလမ်းသည် မော်လ်ဒိုက်နိုင်ငံအတွက် များစွာလေးစားအတုယူဖွယ်ရာဖြစ်ကြောင်း မော်လ်ဒိုက်နိုင်ငံ ငါးလုပ်ငန်းနှင့် ပင်လယ်သမုဒ္ဒရာ အရင်းအမြစ် ဝန်ကြီးဌာန ဒုတိယဝန်ကြီး Ahmed Aarim Mohamed က ဒီဇင်ဘာ ၁၀ ရက်တွင် ပြောကြားခဲ့သည်။
၆ ကြိမ်မြောက် “ပင်လယ်သမုဒ္ဒရာ ပူးပေါင်းဆောင်ရွက်မှုနှင့် စီမံခန့်ခွဲရေးဖိုရမ်” ကို တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် ဆန်းရမြို့၌ ကျင်းပလျက်ရှိသည်။ Ahmed Aarim Mohamed က ဖိုရမ်တက်ရောက်စဉ်တွင် တရုတ်ဘက်က အဆိုပြုသော ပင်လယ်သမုဒ္ဒရာ အေးအတူပူအမျှ အသိုက်အဝန်း အယူအဆအပေါ် မော်လ်ဒိုက်ပြည်သူများက များစွာထပ်တူထပ်မျှ ခံစားရကြောင်း၊ “ပင်လယ်သမုဒ္ဒရာက ကျွန်တော်တို့ကို ဆက်သွယ်ပေးတယ်။ ကျွန်တော်တို့ရှင်သန်နေထိုင်မှုကို ထိန်းသိမ်းပေးထားတဲ့အပြင် ကျွန်တော်တို့ရဲ့ အနာဂတ်ကို နီးကပ်စွာ ချိတ်ဆက်ပေးတယ်” ဟု ပြောကြားခဲ့သည်။
မော်လ်ဒိုက်နိုင်ငံသည် ၂၀၄၀ ပြည့်နှစ် မျှော်မှန်းချက်အား ချမှတ်ထားကြောင်း၊ မော်လ်ဒိုက်နှင့် တရုတ်နိုင်ငံအတွက် ပင်လယ်သမုဒ္ဒရာသည် ဘုံပိုင်နေရာဖြစ်ရုံသာမက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ဂေဟယဉ်ကျေးမှုတည်ဆောက်ရေးကို တွန်းအားပေးသည့် ဘုံအခွင့်အလမ်းလည်း ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ယခုအကြိမ် ဖိုရမ်ကို ဟွာယန် ပင်လယ်သမုဒ္ဒရာ သုတေသနစင်တာ၊ တရုတ်နိုင်ငံ အမျိုးသား တောင်တရုတ်ပင်လယ် သုတေသန အင်စတီကျု၊ တရုတ်နိုင်ငံ ပင်လယ်သမုဒ္ဒရာ ဖွံ့ဖြိုးတိုးတက်မှု ဖောင်ဒေးရှင်း၊ ဟိုင်နန် လွတ်လပ်စွာကုန်သွယ်ရေးဆိပ်ကမ်း သုတေသနအင်စတီကျုတို့မှ ပူးတွဲကျင်းပခြင်းဖြစ်သည်။ အဆိုပါဖိုရမ်သို့ တစ်ကမ္ဘာလုံး နိုင်ငံနှင့် ဒေသပေါင်း ၃၀ ကျော်မှ ကျွမ်းကျင်ပညာရှင်၊ အစိုးရအရာရှိ၊ နိုင်ငံခြားမှ တရုတ်နိုင်ငံအခြေစိုက် သံတမန်များ၊ နိုင်ငံတကာအဖွဲ့အစည်းနှင့် ပင်လယ်သမုဒ္ဒရာဌာနဆိုင်ရာနှင့် မီဒီယာကိုယ်စားလှယ်များ ၃၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

————————————–
(Chinese Version)
马尔代夫官员:中国将海洋开发和环保结合令马深受启迪
新华社三亚12月10日电(记者韩冰 赵颖全)马尔代夫渔业和海洋资源部副部长艾哈迈德·阿里姆·穆罕默德10日表示,中国始终在推动国际海洋合作、可持续发展和海洋保护方面发挥重要作用,中国将沿海开发与环境保护相结合的做法令马尔代夫深受启迪。
第六届“海洋合作与治理论坛”正在海南三亚举行。艾哈迈德在出席论坛时说,中方提出的海洋命运共同体理念令马尔代夫人深感共鸣:“海洋将我们联系在一起,维系我们的生存,并将我们的未来紧密相连。”
他说,马尔代夫制定了2040年愿景。对马尔代夫和中国而言,海洋不仅是共同的空间,更是推动经济发展和生态文明建设的共同机遇。
本届论坛由华阳海洋研究中心、中国南海研究院、中国海洋发展基金会、海南自由贸易港研究院联合主办。来自全球30多个国家和地区的300余名专家学者、政府官员、外国驻华使节、国际组织及涉海部门和媒体代表出席论坛。(完)
图说:9月8日拍摄的我国南海风光。新华社记者 徐宏岩 摄