China
ဂျပန် လက်ယာယိမ်းအင်အားစု၏ စစ်ဝါဒ ပြန်လည်အသက်သွင်းမှုကို အတူတကွ ဟန့်တားရန် တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန တိုက်တွန်း
ပေကျင်း၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ)
ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးသော နိုင်ငံနှင့် ပြည်သူအားလုံးအနေဖြင့် ကမ္ဘာကြီး မငြိမ်မသက်ဖြစ်ခြင်း၊ သမိုင်း၏ကြေကွဲဖွယ်ဖြစ်ရပ် ထပ်မံဖြစ်ပွားခြင်းမှ ရှောင်ရှားရေးအတွက် ဂျပန် လက်ယာယိမ်းအင်အားစု၏ စစ်ဝါဒ ပြန်လည်အသက်သွင်းမှုကို ပြတ်ပြတ်သားသား ဟန့်တားရန် တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျန်းရှောင်ကန်းက ဒီဇင်ဘာ ၂၅ ရက် ကာကွယ်ရေးဝန်ကြီးဌာန ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တိုက်တွန်းလိုက်သည်။
သတင်းထောက်တစ်ဦးက “နျူကလီးယားရေငုပ်သင်္ဘော ပိုင်ဆိုင်ရေး” နှင့်စပ်လျဉ်း၍ ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိက “မည်သည့်ရွေးချယ်မှုကိုမဆို ဖယ်ကြဉ်၍ မရ” ဟု ပြောကြားခဲ့သလို ဂျပန်ဝန်ကြီးချုပ်အိမ်တော် အရာရှိကလည်း ဂျပန်အနေဖြင့် နျူကလီးယားလက်နက်ပိုင်ဆိုင်သင့်သည်ဟု ထိုမတိုင်မီ ပြောကြားခဲ့သည်ကို သတင်းများအရ သိရှိရကြောင်း၊ ထို့အပြင် ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက အစီရင်ခံစာ ထုတ်ပြန်ကာ တရုတ်ကာကွယ်ရေးအသုံးစရိတ် “အရှိန်မြင့်တိုးတက်လာ” ပြီး ဂျပန်အနီးတစ်ဝိုက်၌ လှုပ်ရှားမှုများကို မြှင့်တင်လာရာ တရုတ်လေယာဉ်တင်သင်္ဘောကို စောင့်ကြည့်ရန်အတွက် ၂၀၂၆ ခုနှစ်တွင် အိုကီနာဝါ၌ ရွှေ့လျားရေဒါကိရိယာများ ဖြန့်ကြက်ရန် စီစဉ်ထားခြင်း စသည့် စစ်ရေးလှုပ်ရှားမှုများကို ဖော်ပြခဲ့ကြောင်း၊ ထို့အပေါ် ပြောရေးဆိုခွင့်ရှိသူအနေဖြင့် မည်သို့ သုံးသပ်ပြောကြားလိုပါသနည်းဟု မေးမြန်းခဲ့ခြင်း ဖြစ်သည်။
ကျန်းရှောင်ကန်းက တရုတ်နိုင်ငံ၏ ကာကွယ်ရေးအသုံးစရိတ်သည် ကျိုးကြောင်းဆီလျော်၍ သင့်တင့်လျောက်ပတ်မှုရှိရာ စုစုပေါင်းပြည်တွင်းအသားတင်ထုတ်ကုန်တန်ဖိုး (GDP) ၏ အချိုးအစားမှာ ကမ္ဘာ့ပျမ်းမျှအဆင့်ထက် လျော့နည်းကြောင်း၊ သက်ဆိုင်ရာ ပင်လယ်ပြင်၌ တရုတ်တပ်မတော်၏ လှုပ်ရှားမှုများသည် နိုင်ငံတကာဥပဒေနှင့် နိုင်ငံတကာအလေ့အကျင့်များနှင့် ကိုက်ညီရာ မည်သည့် နှောင့်ယှက်ရန်စမှုကိုမဆို ခွင့်ပြုမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ ဂျပန်ဘက်က အတုအယောင်ပြုဖော်ပြမှုများကို ရပ်တန့်ရန်၊ တရုတ်နိုင်ငံအပေါ် ဦးတည်သည့် ဖြန့်ကြက်မှုများကို ရပ်တန့်ရန် မိမိတို့အနေဖြင့် တိုက်တွန်းသလို နှောင့်ယှက်ရန်စသည့် လုပ်ရပ်မှန်သမျှကို တရုတ်နိုင်ငံဘက်က ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြတ်ပြတ်သားသား တုံ့ပြန်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
“ဒီနှစ်ပိုင်းတွေမှာ ဂျပန်က ‘စစ်ရေးအသွင် ထပ်မံပြောင်းလဲရေး’ ကို နည်းလမ်းအဖုံဖုံနဲ့ တွန်းအားပေးဆောင်ရွက်ပြီး စစ်လက်နက်အင်အားတိုးချဲ့တဲ့လမ်းပေါ်မှာ တစ်ဟုန်ထိုး ရှေ့ဆက်နေရာ စစ်ဝါဒကို ပြန်လည်အသက်သွင်းရန် အန္တရာယ်အရိပ်လက္ခဏာက ပိုပြီးသိသာထင်ရှားလာတယ်” ဟု ကျန်းရှောင်ကန်းက ပြောကြားခဲ့သည်။
မရိုးသားသည့် လျှို့ဝှက်ကြံစည်မှုများကို ဖုံးကွယ်ရန် ဂျပန်အနေဖြင့် တရုတ်နိုင်ငံကို မကြာခဏ အကြောင်းပြပြောဆိုလေ့ရှိရာ ထိုမတိုင်မီ ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိက ထိုင်ဝမ်အရေးနှင့်စပ်လျဉ်း၍ မှားယွင်းသော ပြောဆိုချက်များကို ပြောကြားခဲ့သလို ယခုအခါ လက်ယာယိမ်းအင်အားစုကလည်း ဟန်ဆောင်ထားသည့်မျက်နှာဖုံးကို ခွာချကာ နျူကလီးယားလက်နက်ပိုင်ဆိုင်ရေးအတွက် မြှောက်ပင့် ပြောဆိုလျက်ရှိကြောင်း၊ ကမ္ဘာ့အမှားကို ကျူးလွန်ပြီး နိုင်ငံတကာ တရားမျှတမှုအမှန်တရား၏ အောက်ထစ်စည်းမျဉ်းကို အကဲစမ်းလျက်ရှိကြောင်း၊ ယင်းမှာ စစ်ပွဲအလွန် နိုင်ငံတကာစည်းစနစ်နှင့် နျူကလီးယားမပြန့်ပွားရေးစနစ်အပေါ် ပြောင်ပြောင်တင်းတင်း မထီမဲ့မြင်ပြုခြင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာတည်ငြိမ်အေးချမ်းရေးအပေါ် ဆိုးရွားစွာ ခြိမ်းခြောက်ခြင်း၊ ဂျပန်မြှင့်တင်ပြောကြားနေသည့် “ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်း လျှောက်လှမ်းမှု” ကို လုံးဝဥဿုံကျောခိုင်းခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
“ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးတဲ့ နိုင်ငံနဲ့ ပြည်သူအားလုံးအနေနဲ့ ကမ္ဘာကြီး မငြိမ်မသက်ဖြစ်ခြင်း၊ သမိုင်းရဲ့ကြေကွဲဖွယ်ဖြစ်ရပ် ထပ်မံဖြစ်ပွားခြင်းမှ ရှောင်ရှားရေးအတွက် ဂျပန် လက်ယာယိမ်းအင်အားစုရဲ့ စစ်ဝါဒ ပြန်လည်အသက်သွင်းမှုကို ပြတ်ပြတ်သားသား ဟန့်တားဖို့ ကျွန်တော်တို့ တိုက်တွန်းပါတယ်” ဟု ကျန်းရှောင်ကန်းက ပြောကြားခဲ့သည်။
ထို့အပြင် အခြားသတင်းထောက်တစ်ဦးက ဂျပန်အစိုးရအနေဖြင့် ၂၀၂၆ ခုနှစ် ကာကွယ်ရေးဘတ်ဂျက်ကို မကြာမီကာလတွင် ရေးဆွဲနိုင်ပြီး ထပ်မံ သမိုင်းစံချိန်သစ်တင်မှုအဖြစ် ဂျပန်ယန်းငွေ ၉ ထရီလီယံအထိ မြင့်မားနိုင်ကြောင်း၊ အဓိကအားဖြင့် တာဝေးပစ်စွမ်းရည်တိုးတက်စေရန်၊ ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့စည်းမှု ချိန်ညှိခြင်းကို မြှင့်တင်ရန်နှင့် အာကာသစစ်ဆင်ရေးအင်အားကို တိုးမြှင့်ရန် စသည်တို့ကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သတင်းများအရ သိရှိရရာ ထို့အပေါ် ပြောရေးဆိုခွင့်ရှိသူအနေဖြင့် မည်သို့ သုံးသပ်ပြောကြားလိုပါသနည်းဟု မေးမြန်းခဲ့ခြင်း ဖြစ်သည်။
“အများသိကြတဲ့အတိုင်းပဲ၊ ‘ပေါ့စ်ဒမ်ကြေညာချက်’ မှာ ဂျပန်စစ်ဝါဒနဲ့ ၎င်းရဲ့အရင်းခံအကြောင်းတရားကို ငဲ့ညှာမှုအလျဉ်းမရှိ မုချမသွေ ထာဝရ အမြစ်ပြတ်ရှင်းလင်းရမယ်လို့ အတိအလင်း ဖော်ပြထားပါတယ်။ ဂျပန်ရဲ့ စစ်ပွဲဆင်နွှဲခွင့်ကို နိုင်ငံရေးနဲ့ ဥပဒေကြောင်းမှ ကန့်သတ်ခြင်း၊ ဂျပန်ရဲ့ စစ်ပွဲအရင်းခံအကြောင်းအရာကို အတွေးအခေါ်မှ ကန့်သတ်ခြင်းကသာ ငြိမ်းချမ်းမှု၊ လုံခြုံမှုနဲ့ တရားမျှတမှုရှိတဲ့ စည်းစနစ်သစ်ကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ ဂျပန်အနေဖြင့် လက်နက်များကို အလုံးစုံဖျက်သိမ်းသင့်သလို ၎င်းအား လက်နက်ပြန်လည်တပ်ဆင်နိုင်တဲ့လုပ်ငန်းတွေကို ထိန်းသိမ်းခွင့်မပြုသင့်ပါဘူး။ ‘ဂျပန်လက်နက်ချအညံ့ခံခြင်းစာချုပ်’ မှာ ‘ပေါ့စ်ဒမ်ကြေညာချက်’ ပါ သတ်မှတ်အကြောင်းအရာတွေကို ကတိသစ္စာရှိစွာ ဖော်ဆောင်မယ်လို့ ကတိကဝတ်ပြုခဲ့တယ်။ အထင်အရှားရေးသားထားတဲ့စာလုံးတွေကို မျက်မြင်ကိုယ်တွေ့ တွေ့မြင်နိုင်ဆဲဖြစ်ပါတယ်” ဟု ကျန်းရှောင်ကန်းက ပြောကြားခဲ့သည်။
“ဒါပေမဲ့ ဂျပန်က နိုင်ငံတကာဥပဒေတာဝန်ဝတ္တရားတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တယ်၊ ၎င်းကိုယ်ပိုင် အခြေခံဥပဒေသတ်မှတ်ချက်နဲ့ နိုင်ငံရေးကတိကဝတ်တွေကို ချိုးဖောက်တယ်၊ ကာကွယ်ရေးအသုံးစရိတ်ကို ပမာဏအများအပြား မြှင့်တင်ပြီး စစ်ပွဲအသင့်ပြင်စစ်ရေးအင်အားတိုးချဲ့တယ်။ ယုံကြည်မှုဆိုတာ ဘယ်မှာလဲ။ ရည်ရွယ်ချက်က ဘာလဲ” ဟု ၎င်းက ပြောကြားခဲ့သည်။
“အမှန်တော့ ဒုတိယကမ္ဘာစစ်အလွန်မှာ ဂျပန်အစိုးရက စစ်ဝါဒကို လုံးဝအမြစ်ပြတ် မရှင်းလင်းနိုင်ခဲ့ပါဘူး။ လက်ယာယိမ်းအင်အားစုကလည်း ကျူးကျော်စစ်သမိုင်းကို စိတ်ရင်းအမှန်နဲ့ ပြန်လည်ဆင်ခြင်မှု မပြုခဲ့သလို အာရှသာမက ကမ္ဘာ့ပြည်သူများအပေါ် ၎င်းတို့ကျူးလွန်တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ရာဇဝတ်မှုကိုလည်း ဘယ်သောအခါမှ တည့်မတ်စွာ မရှုမြင်ခဲ့ပါဘူး။ စစ်ဝါဒကို ပြန်လည်အသက်သွင်းပြီး လူ့လောကကို ဒုက္ခပေးဖို့ ကြံစည်အားထုတ်နေတာက ဘယ်လိုလို့ အလွန် သတိမထား မစိုးရိမ်စေဘဲနေနိုင်ပါ့မလဲ” ဟု ကျန်းရှောင်ကန်းက ပြောကြားခဲ့သည်။
မကောင်းမှုကို မဖယ်ရှားပါက အတောမသတ်နိုင်သည့် နောက်ဆက်တွဲဆိုးကျိုးဖြစ်စေပြီး သည်းညည်းခံ လိုက်လျောခြင်းက မုချမသွေ ပြန်လည်ဝါးမြိုခံရမည် ဖြစ်ကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ဂျပန်လက်ယာယိမ်းအင်အားစု ရေဆန်တက်သည့် အန္တရာယ်များသောအကြံအစည်ကို လက်တွဲဟန့်တားသင့်ပြီး ဒုတိယကမ္ဘာစစ်အောင်နိုင်ခြင်းရလဒ်နှင့် စစ်ပွဲအလွန် နိုင်ငံတကာစည်းစနစ်ကို အတူကာကွယ်ကာ ကမ္ဘာနှင့် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းသင့်ကြောင်း ကျန်းရှောင်ကန်းက ပြောကြားခဲ့သည်။ (Xinhua)
——————–
(Chinese Version)
国防部:呼吁共同遏阻日本右翼势力为军国主义招魂
新华社北京12月25日电(记者王春涛)国防部新闻发言人张晓刚25日在国防部例行记者会上呼吁,所有爱好和平的国家和人们行动起来,坚决遏阻日本右翼势力为军国主义招魂,避免让世界陷入动荡不安、历史悲剧重演。
有记者问,据报道,日本首相高市早苗谈及“拥有核潜艇”问题时称“不排除任何选项”,日本首相官邸官员此前称日本应当拥有核武器。此外,日防卫省发布报告称,中国国防开支“迅速增长”并加强在日周边活动,还拟于2026年在冲绳部署移动雷达装置,监视中方航母等军事行动。请问发言人有何评论?
张晓刚说,中国国防支出合理适度,占国内生产总值比重低于世界平均水平;中国军队在相关海域行动符合国际法和国际实践,不容任何干扰挑衅。我们敦促日方停止虚假叙事,停止对中方搞针对性部署,对一切滋扰挑衅行径,中方将依法依规予以坚决反制。
“近年来,日本千方百计推进‘再军事化’,在扩军备武道路上狂飙突进,复活军国主义警兆愈发显著。”张晓刚表示,为掩盖不轨图谋,日本常常拿中国说事,此前高市首相就涉台问题发表错误言论,现在右翼势力又扯下伪善面目鼓吹拥核,冒天下之大不韪,试探国际正义底线,这是对战后国际秩序与核不扩散体系的公然挑衅,对地区和国际和平稳定的严重威胁,对日本宣扬“走和平发展道路”的完全背离。
“我们呼吁所有爱好和平的国家和人们行动起来,坚决遏阻日本右翼势力为军国主义招魂,避免让世界陷入动荡不安、历史悲剧重演。”张晓刚说。
另有记者问,据报道,日本政府或于近期制定2026年度防卫预算,规模可能高达9万亿日元,再创历史新高,将重点发展远程打击能力、推进自卫队编制调整及发展太空作战力量等。请问发言人有何评论?
“众所周知,《波茨坦公告》明确必须毫不留情永久铲除日本军国主义及其土壤,只有从政治和法律上限制日本战争权,从思想上消除日本战争根源,才能建立和平、安全与正义的新秩序;日本应完全解除武装,不得维持能使其重新武装的产业。《日本投降书》承诺‘忠诚履行《波茨坦公告》各项规定之义务’。白纸黑字、历历在目。”张晓刚说,“日本却公然背弃国际法义务,违背自身宪法规定和政治承诺,大幅提升防卫预算、扩军备战,信誉何在?意欲何为?”
“实际上,二战后日本政府未能彻底清算军国主义,右翼势力从未真心反省侵略历史,也从未正视其对亚洲乃至世界人民犯下的滔天罪行,妄图复活军国主义为祸人间,怎能不让人高度警惕担忧?”张晓刚表示,除恶不尽后患无穷,姑息纵容必遭反噬。国际社会应携手阻击日本右翼势力倒行逆施的危险图谋,共同捍卫二战胜利成果和战后国际秩序,维护世界和地区和平稳定。(完)
