Connect with us

China

ထိုင်ဝမ်အရေးတွင် စည်းကျော် ရန်စသည့် ဆိုးရွားသော မည်သည့်လုပ်ရပ်မဆို တရုတ်နိုင်ငံ၏ ပြတ်ပြတ်သားသား တုံ့ပြန်မှုကို မုချမသွေ ခံရမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လျင်ကျန့်အား ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၉ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဓာတ်ပုံ- Ministry of Foreign Affairs People’s Republic of China)

ပေကျင်း၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ)

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) အရှေ့ပိုင်းစစ်ဒေသကြီးသည် “Justice Mission 2025” လေ့ကျင့်မှုကို ဒီဇင်ဘာ ၂၉ ရက်မှစ၍ စီစဉ်ဆောင်ရွက်လျက်ရှိသည်။
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ သက်ဆိုင်ရာ စစ်ရေးလေ့ကျင့်မှုများသည် “ထိုင်ဝမ်ခွဲထွက်ရေး” အင်အားစု၏ “လက်နက်ဖြင့် ခွဲထွက်ရေး ကြံစည်ကြိုးပမ်းမှု” အပေါ် ပြင်းပြင်းထန်ထန် ဒဏ်ခတ်သတိပေးခြင်း ဖြစ်ကြောင်း၊ ထိုင်ဝမ်အရေးတွင် စည်းကျော် ရန်စသည့် ဆိုးရွားသော မည်သည့်လုပ်ရပ်မဆို တရုတ်နိုင်ငံ၏ ပြတ်ပြတ်သားသား တုံ့ပြန်မှုကို မုချမသွေ ခံရမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လျင်ကျန့်က ဒီဇင်ဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။

ယင်းနေ့တွင် ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက အရှေ့ပိုင်းစစ်ဒေသကြီးအနေဖြင့် ထိုင်ဝမ်ကျွန်းအနီးတစ်ဝိုက်တွင် ဒီဇင်ဘာ ၂၉ ရက်နံနက်ပိုင်းက စစ်ရေးလေ့ကျင့်မှုများပြုလုပ်ခဲ့ကြောင်း၊ ယခုအကြိမ် စစ်ရေးလေ့ကျင့်မှုသည် မကြာမီကာလက အမေရိကန် ထုတ်ပြန်လိုက်သည့် ထိုင်ဝမ်ထံ ကန်ဒေါ်လာ ၁၁.၁ ဘီလီယံ ပမာဏရှိ စစ်လက်နက်ပစ္စည်းရောင်းချခြင်းကို ဦးတည်ခြင်းဖြစ်သည်ဟု သတင်းများက ဆိုကြောင်း၊ ထို့အပေါ် ပြောရေးဆိုခွင့်ရှိသူအနေဖြင့် မည်သို့ သုံးသပ်ပြောကြားလိုပါသနည်းဟု မေးမြန်းခဲ့ခြင်း ဖြစ်သည်။

“စစ်ရေးလေ့ကျင့်မှုနဲ့ သက်ဆိုင်တဲ့ သတင်းတွေကို အရှေ့ပိုင်းစစ်ဒေသကြီး ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ပြီးဖြစ်ပါတယ်” ဟု လျင်ကျန့်က ပြောကြားခဲ့သည်။
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ သက်ဆိုင်ရာ စစ်ရေးလေ့ကျင့်မှုများသည် “ထိုင်ဝမ်ခွဲထွက်ရေး” အင်အားစု၏ “လက်နက်ဖြင့် ခွဲထွက်ရေး ကြံစည်ကြိုးပမ်းမှု” အပေါ် ပြင်းပြင်းထန်ထန် ဒဏ်ခတ်သတိပေးခြင်း ဖြစ်သလို နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုကို ကာကွယ်သော မဖြစ်မနေလိုအပ်သည့် လှုပ်ရှားမှုဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဒီမိုကရက်တစ် တိုးတက်ရေးပါတီ (DPP) အာဏာပိုင်များက “ထိုင်ဝမ်ခွဲထွက်ရေး” ရပ်တည်ချက်ကို ခေါင်းမာစွာ လက်ကိုင်ထားခြင်း၊ “အမေရိကန်အားကိုး၍ ထိုင်ဝမ်ခွဲထွက်ရေး” ကြံစည်ကြိုးပမ်းခြင်း၊ ထိုင်ဝမ်ကို “ယမ်းပုံး”၊ “လက်နက်ခဲယမ်းဂိုဒေါင်” အဖြစ် တန်ဖိုးမထားဘဲပြောင်းလဲခြင်းသည် ၎င်း၏ “ငြိမ်းချမ်းရေးဖျက်ဆီးသူ”၊ “အန္တရာယ်ဖန်တီးသူ”၊ “စစ်ပွဲလှုံ့ဆော်သူ” ရုန့်ရင်းကြမ်းတမ်းသည့်အသွင်အပြင်ကို အပြည့်အဝ ပေါ်လွင်စေကြောင်း၊ ပြည်ပအင်အား၏ “ထိုင်ဝမ်ဖြင့် တရုတ်နိုင်ငံအား ထိန်းချုပ်ခြင်း”၊ ထိုင်ဝမ်ကို လက်နက်တပ်ဆင်ပေးခြင်းသည် “ထိုင်ဝမ်ခွဲထွက်ရေးသမားများ” ကိုသာ မာနထောင်လွှားစေကာ ထိုင်ဝမ်ရေလက်ကြားကို တိုက်ခိုက်မှုစစ်ပွဲအန္တရာယ်အခြေအနေသို့ တွန်းပို့မည်သာဖြစ်ကြောင်း လျင်ကျန့်က ပြောကြားခဲ့သည်။

“ထိုင်ဝမ်အရေးကိစ္စက တရုတ်နိုင်ငံ ဗဟိုအကျိုးစီးပွားထဲက အချက်အချာဖြစ်တယ်” ဟု လျင်ကျန့်က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် နိုင်ငံ၏အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုကို ကာကွယ်ထိန်းသိမ်းသည့် သန္နိဋ္ဌာန်သည် မယိမ်းမယိုင် ခိုင်မာမြဲမြံကြောင်း၊ ထိုင်ဝမ်အရေးတွင် စည်းကျော် ရန်စသည့် ဆိုးရွားသော မည်သည့်လုပ်ရပ်မဆို တရုတ်နိုင်ငံ၏ ပြတ်ပြတ်သားသား တုံ့ပြန်မှုကို မုချမသွေ ခံရမည်ဖြစ်သလို တရုတ်နိုင်ငံပေါင်းစည်းရေးဖော်ဆောင်မှုကို ဟန့်တားနှောင့်ယှက်သော မည်သည့် ယုတ်ညံ့သည့် ကြံစည်ကြိုးပမ်းမှုမဆို ရှုံးနိမ့်မည်သာ ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

———————-
(Chinese Version)
外交部:任何在台湾问题上越线挑衅的恶劣行径必将遭到中方坚决回击
新华社北京12月29日电(记者温馨、冯歆然)12月29日开始,中国人民解放军东部战区组织开展“正义使命-2025”演习。外交部发言人林剑29日表示,中国人民解放军开展有关军事演习是对“台独”分裂势力“以武谋独”的严厉惩戒。任何在台湾问题上越线挑衅的恶劣行径都必将遭到中方的坚决回击。
当日例行记者会上,有记者问:29日上午,东部战区在台湾岛附近开展军事演习。有消息称,此次军演是针对美国近期出台的111亿美元大规模对台军售。请问发言人对此有何评论?
“东部战区新闻发言人已就有关军事演习发布消息。”林剑表示,中国人民解放军开展有关军事演习是对“台独”分裂势力“以武谋独”的严厉惩戒,是捍卫国家主权和领土完整的必要行动。
林剑说,民进党当局顽固坚持“台独”立场,企图“倚美谋独”,不惜把台湾变成“火药桶”“弹药库”,充分暴露其“和平破坏者”“危机制造者”“战争煽动者”的凶恶面目。外部势力“以台制华”、武装台湾,只会助长“台独”嚣张气焰,把台海推向兵凶战危的境地。
“台湾问题是中国核心利益中的核心。”林剑说,中方维护国家主权、安全和领土完整的意志坚定不移。任何在台湾问题上越线挑衅的恶劣行径都必将遭到中方的坚决回击,任何阻挠中国实现统一的险恶图谋都不会得逞。(完)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.