Connect with us

China

တရုတ်နိုင်ငံ ပေါင်းစည်းရေးလုပ်ငန်းကြီးကို ဟန့်တားဆန့်ကျင်ရန် ကြိုးပမ်းမှုများက မုချမသွေ ရှုံးနိမ့်ခြင်းဖြင့်သာ အဆုံးသတ်မည်ဟု ဝမ်ရိပြောကြား

ပေကျင်း၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ)

ထိုင်ဝမ်အရေးသည် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးဖြစ်သလို တရုတ် ဗဟိုအကျိုးစီးပွား၏ အချက်အချာဖြစ်ကြောင်း တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဒီဇင်ဘာ ၃၀ ရက်တွင် ကျင်းပသည့် ၂၀၂၅ ခုနှစ် နိုင်ငံတကာအခြေအနေနှင့် တရုတ်နိုင်ငံခြားရေး ဆွေးနွေးပွဲ၌ ပြောကြားခဲ့သည်။

“ထိုင်ဝမ်ခွဲထွက်ရေး” အင်အား၏ ဆက်တိုက်ရန်စခြင်းနှင့် ထိုင်ဝမ်ထံ အမေရိကန်က လက်နက်ပမာဏ အများအပြား ရောင်းချခြင်းအပေါ် မိမိတို့အနေဖြင့် ပြတ်ပြတ်သားသား ဆန့်ကျင်ရမည်ဖြစ်သလို အားကောင်းစွာ ပြန်လည်တုံ့ပြန်ရမည်ဖြစ်ကြောင်း၊ ယခုနှစ်သည် ထိုင်ဝမ် ပြန်လည်ရရှိခြင်း နှစ် ၈၀ ပြည့်ဖြစ်ရာ အမိတိုင်းပြည် အပြည့်အဝပေါင်းစည်းမှုကို ဖော်ဆောင်ရေးသည် နိုင်ငံ၏အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုကို ဥပဒေနှင့်အညီ ကာကွယ်ထိန်းသိမ်းခြင်း ဖြစ်သလို မိမိတို့ မုချမသွေ ပြီးမြောက်အောင် ဆောင်ရွက်ရမည့် သမိုင်းတာဝန်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ပိုမိုများပြားသော နိုင်ငံများက တရုတ်နိုင်ငံနှင့်အတူ ရပ်တည်ကာ တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အခိုင်အမာလက်ကိုင်ထားပြီး ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ နယ်မြေပိုင်နက်ဖြစ်သည်ကို အသိအမှတ်ပြုဝန်ခံကြောင်း ထပ်မံအလေးထားပြောကြားရုံသာမက “ထိုင်ဝမ်ခွဲထွက်ရေး” လုပ်ရပ်များကို ဆန့်ကျင်ပြီး တရုတ်နိုင်ငံပေါင်းစည်းရေးလုပ်ငန်းကြီးကို ထောက်ခံကြောင်းလည်း အတိအလင်း ပြောကြားခဲ့သည်ကို မိမိတို့အနေဖြင့် တွေ့မြင်ရကြောင်း၊ ဤသမိုင်းအခြေအနေကြီးကို ဟန့်တားဆန့်ကျင်ရန် ကြိုးပမ်းမှုများမှာ မုချမသွေ ရှုံးနိမ့်ခြင်းဖြင့်သာ အဆုံးသတ်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

——————-
(Chinese Version)
王毅:任何企图阻挡中国统一大业的倒行逆施都必将以失败而告终
新华社北京12月30日电(记者曹嘉玥、孙楠)12月30日,中共中央政治局委员、外交部长王毅在2025年国际形势与中国外交研讨会上表示,台湾问题是中国的内政,是中国核心利益中的核心。针对“台独”势力不断挑衅以及美国大规模对台售武,我们当然要坚决反对、有力反制。今年是台湾光复80周年,实现祖国完全统一,是在依法维护国家的主权和领土完整,是我们必须完成的历史使命。我们看到,越来越多的国家和中国站在一起,不仅重申坚持一个中国原则、承认台湾是中国的领土,还明确反对一切“台独”分裂行径,支持中国统一大业。任何企图阻挡这一历史大势的倒行逆施都必将以失败而告终。(完)