Connect with us

China

သမီး၏ သက်ရှိထင်ရှားရှိစဉ်က ဆန္ဒကိုဖြည့်ဆည်းရန်အတွက် ကန်တင်းဖွင့်၍ ခိုကိုးရာမဲ့ သက်ကြီးရွယ်အို ရာချီအား စောင့်ရှောက်နေသော မိခင်

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ ရှင့်ဖူကျားယွမ်ရပ်ကွက် ပရဟိတကန်တင်းတွင် ဝမ်လန်လန် (ဝဲ) နှင့် သက်ကြီးရွယ်အိုတစ်ဦး စကားပြောနေသည်ကို ၂၀၂၅ ခုနှစ် မေ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကူမင်း၊ ဇွန် ၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ ဝူဟွာခရိုင် ရှင့်ဖူကျားယွမ်ရပ်ကွက်တွင် လူနေမှုဘဝအငွေ့အသက်များ ပြည့်နှက်နေသော ပရဟိတကန်တင်း တစ်ခုရှိသည်။ ထိုကန်တင်းတွင် ရပ်ကွက်ထဲမှ သက်ကြီးရွယ်အိုများက ငွေသုံးယွမ်တည်းဖြင့် အသားဟင်းနှင့် အရွက်ဟင်း တွဲဖက်ထားသော ထမင်းဟင်းတစ်နပ် စားသုံးနိုင်ပြီး မသန်စွမ်းသူ၊ အသက် ၈၀ နှင့်အထက် သက်ကြီးရွယ်အိုများကမူ အခမဲ့ စားသုံးနိုင်သည်။ အဆိုပါကန်တင်းဖွင့်လှစ်သည်မှာ ၁၃ နှစ်ရှိပြီဖြစ်သော်လည်း တစ်ကြိမ်မျှ ဈေးမတက်ဖူးဘဲ သက်ကြီးရွယ်အိုဦးရေ ၄၀၀ ကျော်ကို အကျိုးပြုခဲ့သည်။ ယင်းသို့ သန္နိဋ္ဌာန်ချလုပ်ဆောင်မှုတွင် ကန်တင်းဖွင့်လှစ်တည်ထောင်သူ ဝမ်လန်လန်က ၎င်း၏သမီး သက်ရှိထင်ရှားရှိစဉ်က ဆန္ဒအပေါ် စွဲမြဲစွာ ဖော်ဆောင်လိုမှုများ ပါဝင်နေပေသည်။

၂၀၀၅ ခုနှစ်တွင် ဝမ်လန်လန်၏သမီးသည် ရောဂါကြောင့်ဆုံးပါးသွားခဲ့သည်။ သမီးဖြစ်သူ ကျန်ရှိသောပစ္စည်းများကို စီစဉ်ရာ၌ ၎င်းက သမီးဖြစ်သူ၏ ဒိုင်ယာရီစာအုပ်ကို တွေ့ခဲ့သည်။ စာအုပ်ထဲတွင် “ကျွန်မက ပရဟိတလုပ်ဆောင်သူတစ်ဦးဖြစ်ပြီး ကျွန်မကို ကူညီပေးခဲ့တဲ့လူအားလုံးကို ပြန်အကျိုးပြုချင်ပါတယ်” ဟု ရေးသားထားပေသည်။ ထိုမှစ၍ ဝမ်လန်လန်သည် ပရဟိတလမ်းပေါ် လျှောက်လှမ်းခဲ့ပြီး လက်တွေ့လှုပ်ရှားမှုဖြင့် သမီးဖြစ်သူ မဖော်ဆောင်ရသေးသည့် ဆန္ဒကို ဆက်လက်ဖော်ဆောင်လာခဲ့သည်။

၂၀၁၂ ခုနှစ်တွင် ရှင့်ဖူကျားယွမ်ရပ်ကွက်သို့ ပြောင်းရွှေ့နေထိုင်လာသော ဝမ်လန်လန်က အဆိုပါ တန်ဖိုးနည်း အငှားအိမ်ရာရပ်ကွက်အတွင်း၌ လူနေမှုဘဝကျပ်တည်းသော၊ လှုပ်ရှားသွားလာရန် အဆင်မပြေသော ခိုကိုးရာမဲ့ သက်ကြီးရွယ်အိုများစွာ နေထိုင်နေသည်ကို တွေ့ရှိခဲ့သည်။ ၎င်းတို့ ထမင်းစားရန် အခက်အခဲအား ဖြေရှင်းရန်အတွက် ဝမ်လန်လန်သည် ရပ်ကွက်အတွင်း၌ ပရဟိတကန်တင်း တည်ထောင်ဖွင့်လှစ်ခဲ့သည်။

ဝမ်လန်လန်နှင့် ပရဟိတဝန်ထမ်းများက နေ့စဉ်နံနက် ၇ နာရီတွင် စတင်အလုပ်လုပ်ကိုင်ကြသည်။ ဈေးဝယ်ခြင်း၊ ဟင်းရွက်သင်ခြင်း၊ ထမင်းဟင်းချက်ခြင်း၊ ပန်းကန်ဆေးခြင်း၊ သန့်ရှင်းရေးလုပ်ခြင်း…အလုပ်မှာ များပြားလှသော်လည်း အဓိပ္ပာယ်ပြည့်ဝလျက်ရှိသည်။ နေ့စဉ် နေ့လယ်ပိုင်းနှင့် ညနေပိုင်းတွင် ပရဟိတကန်တင်း၌ လူသွားလူလာများဖြင့် ထမင်းဟင်းရနံ့များ သင်းပျံ့လျက်ရှိပေသည်။ အိမ်အတွင်း ကုတင်ပေါ်၌ လဲလျောင်းနေရသော သက်ကြီးရွယ်အိုများအတွက်မူ ဝမ်လန်လန်က အိမ်အရောက် ထမင်းဟင်းသွားရောက်ပို့ဆောင်၍ နေထိုင်မှုဘဝကုန်ကျစရိတ်များ ကိုယ်စားဆောင်ပေးခြင်း၊ ဆေးကုသမှုခံယူရန် ကူညီပေးခြင်းတို့ပင် လုပ်ဆောင်ပေးသည်။

ပရဟိတကန်တင်း၏ ပစ္စည်းဂိုဒေါင်ထဲတွင် လူမှုအသိုက်အဝန်း နယ်ပယ်အသီးသီးက လှူဒါန်းထားသော စားနပ်ရိက္ခာပစ္စည်းများကို စီစီရီရီ သိုလှောင်ထားသည်။ ၁၃ နှစ်တာကာလအတွင်း ပရဟိတကန်တင်းသည် အကြိမ်များစွာ အရင်းအနှီးငွေပြတ်လပ်မှုကြောင့် ပိတ်လုနီးပါးဖြစ်ခဲ့ရသော်လည်း စေတနာရှင်များ လက်ဆင့်ကမ်းမှုကြားတွင် ပြန်လည်ရှင်သန်ခဲ့သည်။ “နွေးထွေးသောလက်အစုံများစွာက ဒီမေတ္တာတရားကို ရှေ့ဆက်အောင် လက်ဆင့်ကမ်းပေးနိုင်ခဲ့တာပါ” ဟုဝမ်လန်လန်က ပြောကြားခဲ့သည်။

ပရဟိတကန်တင်း၏ အနာဂတ်အကြောင်းဆိုရာတွင် ဝမ်လန်လန်က အနီးရှိ ပရဟိတဝန်ထမ်း ညီအစ်မများကို လှည့်ကြည့်လျက် မျက်ဝန်းတစ်စုံတွင် ကျေးဇူးတင်ရှိမှုနှင့် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နေသည်။ ပျမ်းမျှအားဖြင့် အသက် ၆၀ ကျော်ကြပြီဖြစ်သည့် ၎င်းတို့သည် နေ့စဉ် ပရဟိတကန်တင်း၌ ၁၀ နာရီနှင့်အထက် လုပ်ကိုင်ကြပြီး တစ်နှစ်ပတ်လုံး နားရက်မရှိသလောက်ပင် ဖြစ်သည်။ ပရဟိတဝန်ထမ်း စိန်စူးချင်းက ပရဟိတကန်တင်း စဖွင့်ကတည်းက လာရောက်ကူညီလုပ်ကိုင်ပေးခဲ့ပြီး “လုပ်နိုင်သေးသရွေ့ ကျွန်မတို့ ဆက်လုပ်သွားမှာပါ” ဟု ပြောကြားခဲ့သည်။

စတုရန်းမီတာ ၆၀ ရှိသည့် အဆိုပါပရဟိတကန်တင်းသည် မကျယ်ဝန်းလှသော်လည်း ရပ်ကွက်အတွင်းရှိ သက်ကြီးရွယ်အိုများအပေါ်ထားသည့် မေတ္တာတရားများနှင့် ပြည့်နှက်နေသည်။ ပရဟိတဝန်ထမ်းပေါင်း ၁၀ ဦးကျော်ပါဝင်သော အဖွဲ့သည် လူမများလှသော်လည်း ၁၃ နှစ်ကြာသည့်တိုင် မပြောင်းလဲသည့် နွေးထွေးမှုကို လက်ဆင့်ကမ်းလျက်ရှိပေသည်။ ဝမ်လန်လန်နှင့် ပရဟိတဝန်ထမ်းများသည် ရိုးစင်းသောလှုပ်ရှားမှုများဖြင့် သက်ကြီးရွယ်အိုများအတွက် နားခိုရာနေရာတစ်ခု တည်ဆောက်ပေးလျက်ရှိပေသည်။ ထိုမေတ္တာတရားသည် နွေဦးမြို့လေးမှ နေရောင်ခြည်အလား နွေးထွေးပြီး အဆက်မပြတ်တည်ရှိနေပေသည်။ (Xinhua)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ ရှင့်ဖူကျားယွမ်ရပ်ကွက် ပရဟိတကန်တင်းတွင် လာရောက်ထမင်းစားသော သက်ကြီးရွယ်အိုများ တန်းစီနေသည်ကို ၂၀၂၄ ခုနှစ် မတ် ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

————————-
(Chinese Version)
温度丨为实现女儿遗愿,她创办这间食堂照顾数百孤寡老人
新华社照片,昆明,2025年6月9日
在云南昆明五华区幸福家园小区,有一间烟火气满满的爱心食堂。小区里的老人只花三块钱,就能吃一顿荤素搭配的饭菜,残障人士、80岁以上的老人还能免费用餐。这间食堂开业13年从未涨过价,已累计惠及400余名老人。这份坚持,承载着创办者王兰兰对实现女儿遗愿的一往情深。
2005年,王兰兰的女儿因病去世。整理遗物时,她发现女儿的日记本上写着:“我想成为一名慈善家,回报所有帮助过我的人。”王兰兰从此便踏上公益之路,用行动延续女儿未竟的心愿。
2012年,搬入幸福家园小区的王兰兰发现,这个廉租房小区里居住着许多生活困顿、行动不便的孤寡老人。为了解决他们的就餐难题,王兰兰在小区内办起爱心食堂。
王兰兰和义工们每天早晨七点开工,买菜、择菜、做饭、洗碗、打扫……过得忙碌而充实。每天中午和傍晚,爱心食堂人来人往,饭菜飘香。对于居家卧床的老人,王兰兰会送餐上门,甚至帮忙代缴生活费用、协助就医。
在爱心食堂的储物间里,整齐码放着社会各界捐赠的粮油物资。13年来,爱心食堂多次因资金短缺濒临倒闭,又总在爱心接力中重获新生。“是无数双温暖的手,托起并延续了这份爱。”王兰兰说。
聊起爱心食堂的未来,王兰兰望向一旁的义工姐妹们,眼中充满感激,又露出隐隐的担忧。平均年龄逾六旬的她们,每天在爱心食堂工作十小时以上,几乎全年无休。义工沈淑清自爱心食堂开业就来帮工,“只要身体允许,我们都会一直坚持下去。”
60平方米的爱心食堂空间不广,却装满了对小区老人的关爱;十余名义工的队伍不大,却传递着十三年如一日的温暖。王兰兰和义工们用朴素的行动,为老人们筑起一处避风的港湾。这份爱,如同春城的阳光,温暖绵长,生生不息。
图说1:在昆明市幸福家园小区爱心食堂,王兰兰(左)与一名老人交谈(5月28日摄)。新华社记者 胡超 摄
图说2:在昆明市幸福家园小区爱心食堂,来吃饭的老人排起长队(2024年3月6日摄)。新华社记者 胡超 摄

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.