China
တရုတ်နိုင်ငံ ဟန်ကျိုးမြို့ မေလျင်ကျေးရွာလေးသို့ သွားရောက်၍ “အနာဂတ်ကျေးလက်” သာယာလှပသောဘဝအား လေ့လာခြင်း

ဟန်ကျိုး၊ ဩဂုတ် ၅ ရက် (ဆင်ဟွာ)
မေလျင်ကျေးရွာလေးသည် တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ဟန်ကျိုးမြို့ ရှောင်းဆန်းခရိုင်တွင် တည်ရှိသည်။ “ကျေးရွာထောင်ချီ စံပြအဖြစ်တည်ဆောက်ရေးနှင့် ကျေးရွာသောင်းချီ နေရာချထားစီမံရေးလုပ်ငန်း” ၏ စံပြကျေးရွာအနေဖြင့် မေလျင်ကျေးရွာလေးသည် နှစ်ပေါင်း ၂၀ ကျော်ကြာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာရာ ကျဲ့ကျန်းပြည်နယ်၏ ပထမအသုတ် “အနာဂတ်ကျေးရွာလေး” စမ်းသပ်နေရာ ဖြစ်လာခဲ့သည်။
ယခုနှစ်များတွင် မေလျင်ကျေးရွာလေးသည် ကာဗွန်လျော့နည်းရေးနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုလျှော့ချရေးလမ်းစဉ်ကို တက်ကြွစွာ ကြိုးပမ်းရှာဖွေခဲ့ရာ အိမ်ခေါင်မိုး ဆိုလာစီမံကိန်း တွင်ကျယ်အောင်ဆောင်ရွက်ခြင်း၊ စမတ်လယ်ယာမြေနှင့် နေရောင်ခြည်စွမ်းအင် ထုတ်လုပ်မှု-သိုလှောင်မှု-အားသွင်းမှု တစ်သားတည်းရှိသော လျှပ်စစ်ဓာတ်အားသွင်းစခန်း တည်ဆောက်ခြင်း စသည့် ခိုင်မာသော အစီအမံများကို ဆောင်ရွက်ခြင်းမှတစ်ဆင့် ကျေးရွာအတွင်း သန့်ရှင်းစွမ်းအင် ကျယ်ပြန့်အောင် ဆောင်ရွက်နိုင်ခဲ့ပြီး ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိမ်းရောင်တွန်းအားကို ဖြည့်တင်းခဲ့ပေသည်။ (Xinhua)

တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ဟန်ကျိုးမြို့ ရှောင်းဆန်းခရိုင် မေလျင်ကျေးရွာလေးတွင် နေအိမ်အဆောက်အဦခေါင်မိုးရှိ ဆိုလာပြားများအား ၂၀၂၅ ခုနှစ် ဩဂုတ် ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ဟန်ကျိုးမြို့ ရှောင်းဆန်းခရိုင် မေလျင်ကျေးရွာလေးတွင် နည်းပညာသမားများက နေရောင်ခြည်စွမ်းအင် ထုတ်လုပ်မှု-သိုလှောင်မှု-အားသွင်းမှု တစ်သားတည်းရှိသော လျှပ်စစ်ဓာတ်အားသွင်းစခန်းအား မိတ်ဆက်ပေးနေသည်ကို ၂၀၂၅ ခုနှစ် ဩဂုတ် ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ဟန်ကျိုးမြို့ ရှောင်းဆန်းခရိုင် မေလျင်ကျေးရွာလေးရှိ စမတ်ကျန်းမာရေးစခန်းတွင် အမျိုးသမီးတစ်ဦးက အလိုအလျောက်သွေးခုန်နှုန်း တိုင်းတာနေသည်ကို ၂၀၂၅ ခုနှစ် ဩဂုတ် ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
———————–
(Chinese Version)
活力中国调研行|走进杭州梅林村 探访“未来乡村”的美好生活
新华社照片,杭州,2025年8月5日
梅林村位于浙江省杭州市萧山区。作为“千万工程”的示范村,梅林村经过二十多年的持续发展,成为浙江省首批“未来乡村”试点。 近年来,梅林村积极探寻减污降碳之路,通过推广屋顶光伏项目、建成智慧农田和光充储一体化充电站等一系列扎实举措,使清洁能源在村内广泛普及,为乡村振兴注入强劲的绿色动力。
1. 这是8月4日在浙江省杭州市萧山区梅林村拍摄的村民住宅楼。 新华社记者 毛竹 摄
2. 这是8月4日在浙江省杭州市萧山区梅林村拍摄的民居屋顶光伏板。新华社记者 毛竹 摄
3. 8月4日,在浙江省杭州市萧山区梅林村,技术人员介绍光充储一体化充电站。新华社记者 毛竹 摄
4. 8月4日,一名女士在浙江省杭州市萧山区梅林村的智慧健康小站自助测量血压。新华社记者 毛竹 摄