ဟန်ကျိုး၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ) မကြာမီကာလများက တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ဟန်ကျိုးမြို့ ချွန်အန်းခရိုင် ဖိန်မန်ကျေးရွာစု ကျင်းလျင်ရွာလေးရှိ တောင်မြင့်ပေါ်တွင် သဘာဝအလျောက် ပေါက်ရောက်လျက်ရှိသော၊ တရုတ်မူ (Mu) ရာနှင့်ချီရှိသော တောင်ဇလပ်ပန်းလေးများမှာ သူ့ထက်ငါအပြိုင် ပွင့်လန်းလျက်ရှိရာ အနယ်နယ်အရပ်ရပ်က ခရီးသွားဧည့်သည်များ လာရောက်ရှုစားရန် ဆွဲဆောင်လျက်ရှိသည်။ ချွန်အန်းခရိုင်...
ဟန်ကျိုး၊ ဩဂုတ် ၅ ရက် (ဆင်ဟွာ) မေလျင်ကျေးရွာလေးသည် တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ဟန်ကျိုးမြို့ ရှောင်းဆန်းခရိုင်တွင် တည်ရှိသည်။ “ကျေးရွာထောင်ချီ စံပြအဖြစ်တည်ဆောက်ရေးနှင့် ကျေးရွာသောင်းချီ နေရာချထားစီမံရေးလုပ်ငန်း” ၏ စံပြကျေးရွာအနေဖြင့် မေလျင်ကျေးရွာလေးသည် နှစ်ပေါင်း ၂၀ ကျော်ကြာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာရာ ကျဲ့ကျန်းပြည်နယ်၏ ပထမအသုတ် “အနာဂတ်ကျေးရွာလေး”...
ကွေ့ကျိုး၊ မတ် ၄ ရက် (ဆင်ဟွာ) နွေဦးရာသီ ကနဦးကာလတွင် ရာသီဥတုပြန်လည်နွေးထွေးလာရာ တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် ပိကျယ်မြို့ ချန်ရှီးခရိုင်မြို့ ဟွဝူးကျေးရွာလေးက တိမ်စိုင်တိမ်လိပ်များနှင့်အတူ ကျယ်ပြောလှသော မြစ်ရေပြင်ရှိပေသည်။ တောင်တန်းကိုနောက်ခံထား၍ မြစ်ကမ်းနံဘေးရှိ မြောင်လူမျိုးတို့၏ ဤကျေးရွာလေးသည် ပန်းချီကားသဖွယ် သာယာလှသော တောတောင်ရေမြေ အလှရှုခင်းများကို ပိုင်ဆိုင်ထားသည်။ ထက်မြက်သောဓားသွားဖြင့်...