Connect with us

China

တရုတ်နိုင်ငံ ရှီးဇန့်ဒေသ လားဆမြစ်ထက်ရှိ တံတားများ

တရုတ်နိုင်ငံ ရှီးဇန့်ဒေသ၌ ဇန့်ရက်တံတား (ဝဲဘက်) နှင့် လားဆတံတားတို့အား ၂၀၂၅ ခုနှစ် ဩဂုတ် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လားဆ၊ ဩဂုတ် ၆ ရက် (ဆင်ဟွာ)
၁၉၆၅ ခုနှစ် ဩဂုတ် ၂၅ ရက်တွင် တရုတ်နိုင်ငံ ရှီးဇန့်ဒေသ လားဆမြစ်ကို ကျော်ဖြတ်ထားသည့် ပထမဆုံး တံတားကြီးဖြစ်သော လားဆတံတားသည် တရားဝင်တည်ဆောက်ပြီးစီး၍ စတင်အသုံးပြုခဲ့ရာ ဒေသတွင်းပြည်သူများက နွားသားရေဖောင်ဖြင့် မြစ်ဖြတ်ကူးရသည့် သမိုင်းကို အဆုံးသတ်ခဲ့သည်။

ယနေ့တွင် တရုတ်နိုင်ငံ ရှီးဇန့်ဒေသ လားဆမြို့အတွင်း၌ပင် လျိုတုန်းတံတားကြီး၊ ချင်းဟိုင်-ရှီးဇန့်ရထားလမ်း လားဆမြစ်ကူးတံတားကြီး၊ ဟယ်မေတံတား၊ လျိုဝူတံတား၊ လျန်ရှင်းတံတား၊ ယဉ်ချင်းတံတား၊ လားဆတံတားကြီး၊ ဇန့်ရက်တံတားကြီး၊ နာ့ကျင်းတံတားကြီး စသည့် လားဆမြစ်ဖြတ်ကျော် တံတားပေါင်းများစွာ ရှိနေပြီဖြစ်သည်။

လားဆမြစ်ထက်ရှိ တံတားများက လူအများ၏ လူနေမှုဘဝကို အဆင်ပြေစေသည့်အပြင် မြို့ပြရှုခင်းကိုလည်း တင့်တယ်လာစေခဲ့သည်။ ယင်းသည် ရှီးဇန့်ဒေသ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု၊ လမ်းပန်းဆက်သွယ်ရေး အခြေခံအဆောက်အဦ နေ့စဉ်နှင့်အမျှ ပြောင်းလဲလာသည့် တစ်စေ့တစ်စောင်းပုံရိပ်ငယ်လည်းဖြစ်ပေသည်။ (Xinhua)

တရုတ်နိုင်ငံ ရှီးဇန့်ဒေသ၌ လားဆတံတား တည်ဆောက်ပြီးစီး၍ စတင်အသုံးပြုခြင်း အခမ်းအနားကို ၁၉၆၅ ခုနှစ် ဩဂုတ် ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှီးဇန့်ဒေသ လားဆမြစ်ထက်ရှိ လျန်ရှင်းတံတား၊ လျိုဝူတံတား၊ ဟယ်မေတံတားနှင့် ချင်းဟိုင်-ရှီးဇန့်ရထားလမ်း လားဆမြစ်ကူးတံတားကြီး (နီးရာမှ ဝေးရာထိ) တို့အား ၂၀၂၅ ခုနှစ် ဇူလိုင် ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————
(Chinese Version)
拉萨河上的桥
新华社照片,拉萨,2025年8月5日
1965年8月25日,横跨拉萨河的第一座大桥拉萨大桥正式落成通车,结束了当地群众靠牛皮筏渡河的历史。如今仅在拉萨市区,就有柳东大桥、青藏铁路拉萨河特大桥、和美桥、柳梧大桥、连心桥、迎亲桥、拉萨大桥、藏热大桥、纳金大桥等众多大桥跨越拉萨河。拉萨河上的桥梁方便了人们的生活,扮靓了城市的风景,也是西藏经济社会发展、交通基础设施建设日新月异的侧影。
图说1:这是8月1日拍摄的藏热大桥(左)和拉萨大桥。新华社记者 姜帆 摄
图说2:拉萨大桥落成通车典礼(1965年8月25日摄)。新华社发
图说3:这是7月30日拍摄的拉萨河风光,由近及远分别是连心桥、柳梧大桥、和美桥和青藏铁路拉萨河特大桥。 新华社记者 姜帆 摄