Connect with us

China

နိုင်ငံတကာ တရားဥပဒေစိုးမိုးရေးကို အခိုင်အမာ လက်ကိုင်ထားခြင်းမှာ အခြေခံအာမခံချက်ဖြစ်ခြင်း – ပိုမို တရားမျှတမှုနှင့် ကျိုးကြောင်းဆီလျော်မှုရှိသော ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် တည်ဆောက်ခြင်း

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အဖွဲ့ဝင်နိုင်ငံများ၏ ၂၅ ကြိမ်မြောက် နိုင်ငံတော်အကြီးအကဲများကောင်စီ အစည်းအဝေးကို တရုတ်နိုင်ငံ ထျန်းကျင်းမြို့ မေကျန်း ကွန်ဗင်းရှင်းနှင့် ပြပွဲစင်တာတွင် စက်တင်ဘာ ၁ ရက် နံနက်ပိုင်းက ကျင်းပရာ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က အစည်းအဝေးကို ကြီးမှူးကျင်းပ၍ “မူလရည်ရွယ်ချက် စွဲမြဲစွာ မှတ်သား၍ သာယာလှပသောအနာဂတ်အား ဖွင့်လှစ်မည်” ဟူသော ခေါင်းစဉ်ဖြင့် အရေးကြီးမိန့်ခွန်း ပြောကြားစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)
လက်ရှိ ကမ္ဘာသည့် ကစဉ့်ကလျား ပြောင်းလဲမှုကာလသစ်သို့ ဝင်ရောက်လျက်ရှိရာ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုသည် လမ်းဆုံသစ်သို့ ရောက်ရှိနေပေသည်။ မကြာသေးမီရက်များက တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံ ထျန်းကျင်းမြို့၌ ကျင်းပသည့် “SCO Plus” အစည်းအဝေးတွင် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံ (GGI) ကို အလေးအနက် အဆိုပြုခဲ့ရာ “နိုင်ငံတကာ တရားဥပဒေစိုးမိုးရေးကို လေးစားလိုက်နာရန်” အထင်အရှား အလေးထားပြောကြားခဲ့သည်။ ယင်းမှာ တည်ဆဲ နိုင်ငံတကာယန္တရား၏ ဩဇာသက်ရောက်မှု တိုက်စားခံနေရသည့်အပေါ် ထဲထဲဝင်ဝင် ထိုးထွင်းသိမြင်မှုအား ပြသလိုက်ခြင်း ဖြစ်သလို ကောင်းမွန်သည့် နိုင်ငံတကာဥပဒေများဖြင့် ကမ္ဘာလုံးဆိုင်ရာ ကောင်းမွန်သည့်စီမံခန့်ခွဲမှုကို မြှင့်တင်ရန်၊ ပိုမို တရားမျှတ၍ ကျိုးကြောင်းဆီလျော်မှုရှိသော ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် တည်ဆောက်ရန် တရုတ်နိုင်ငံက အဆိုပြုသော သမိုင်းတာဝန်ထမ်းရွက်မှုကို ထင်ရှားစေခဲ့သည်။

နိုင်ငံတကာ တရားဥပဒေစိုးမိုးရေးသည် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု၏ အခြေခံ အာမခံချက် ဖြစ်သည်။ နိုင်ငံတကာဥပဒေနှင့် နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းများသည် အတူတကွ စံထားရသည့် စည်းမျဉ်းဥပဒေများ ဖြစ်ရာ နိုင်ငံအသီးသီးက အတူရေးဆွဲ၊ အတူထိန်းသိမ်း၊ အတူကျင့်သုံးသင့်ပြီး စည်းမျဉ်းပြင်ပ အခွင့်ထူးခံဟူ၍ မရှိသင့်ပေ။ သို့သော် လက်တွေ့အဖြစ်မှန်တွင် အချို့နိုင်ငံများက “စည်းမျဉ်းစည်းကမ်းကို အခြေခံသည့် နိုင်ငံတကာစည်းစနစ်” ကို ဇာချဲ့နေသော်လည်း လက်တွေ့တွင် နိုင်ငံတကာဥပဒေကျင့်သုံးမှုကို “သင့်လျှင်သုံး၊ မသင့်လျှင် ပစ်ပယ်” သည့် သဘောထား ထားရှိ၍ မိမိ၏ “အိမ်စည်းမျဉ်း၊ အဖွဲ့စည်းမျဉ်း” ကို နိုင်ငံတကာအသိုက်အဝန်းတွင် အတင်းအဓမ္မ လုပ်ဆောင်ရန် စိတ်ကူးယဉ်ကြိုးစားနေသည်မှာ ဆင်ခြင်ဖွယ်ဖြစ်စေသည်။ ဤသို့ ကမောက်ကမဖြစ်အောင် လုပ်ဆောင်မှုသည် ကုလသမဂ္ဂ၏ “အကျိုးသက်ရောက်မှု မရှိခြင်း”၊ နိုင်ငံတကာဥပဒေ “အသက်မဝင်ခြင်း” နှင့် နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒ “အစွမ်းပျောက်ခြင်း” အပေါ် နိုင်ငံတကာအသိုက်အဝန်း၏ စိုးရိမ်မှုကို ပို၍ ဆိုးရွားစေခဲ့သည်။ တစ်ချိန်တည်းတွင်ပင် ဥတုရာသီပြောင်းလဲမှု၊ စွမ်းအင်ဖူလုံရေး၊ ဆိုက်ဘာလုံခြုံရေး စသည့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများ ထပ်ခါတလဲလဲ ဖြစ်ပေါ်လျက်ရှိရာ ပင်လယ်နက်၊ ဝင်ရိုးစွန်းဒေသ၊ အာကာသ၊ ဉာဏ်ရည်တု စသည့် ထွန်းသစ်စကဏ္ဍများတွင် စည်းမျဉ်းဥပဒေများ လိုအပ်လာသည့်အပြင် အန္တရာယ်ဖြစ်နိုင်ခြင်းများ စုပြုံလျက်ရှိသည်။ နိုင်ငံတကာ တရားဥပဒေစိုးမိုးရေးကို မြှင့်တင်၍ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု ကောင်းမွန်ပြည့်စုံစေခြင်း၏ အရေးတကြီးလိုအပ်မှုမှာ နေ့စဉ်နှင့်အမျှ ပေါ်လွင်လာသည်။

တရုတ်နိုင်ငံသည် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း ရည်ရွယ်ချက်နှင့် အခြေခံမူများသည် အများအသိအမှတ်ပြုသည့် နိုင်ငံတကာဆက်ဆံရေး အခြေခံမူဖြစ်ရာ မုချမသွေ မယိမ်းမယိုင် ကာကွယ်စောင့်ရှောက်ရမည်ဟု အဆိုပြုသည်။ ထွန်းသစ်စကဏ္ဍများအတွက် ကျယ်ပြန့်သည့်သဘောတူညီမှု အခြေခံပေါ်တွင် နိုင်ငံတကာစည်းမျဉ်းစည်းကမ်း သတ်မှတ်ရမည် ဖြစ်သည်။ နိုင်ငံတကာဥပဒေနှင့် နိုင်ငံတကာစည်းမျဉ်းစည်းကမ်းများသည် တန်းတူညီမျှ တစ်ပြေးညီ အသုံးတည့်ရန် အာမခံရမည်ဖြစ်ပြီး စံနှုန်းနှစ်မျိုးထားခြင်း၊ အတင်းအဓမ္မဆောင်ရွက်ခြင်း ပြု၍မရပေ။ နိုင်ငံတကာဥပဒေ၏ ဩဇာလွှမ်းမိုးမှုနှင့် တည်ကြည်မှုကို ကာကွယ်ထိန်းသိမ်းရမည်ဖြစ်ရာ နိုင်ငံကြီးများက အထူးသဖြင့် နိုင်ငံတကာ တရားဥပဒေစိုးမိုးရေး၏ ဦးဆောင်သူနှင့် ထိန်းသိမ်းကာကွယ်သူအဖြစ် ဦးဆောင်လုပ်ဆောင်ရမည် ဖြစ်ပေသည်။ ယင်းအဆိုပြုချက်သည် နိုင်ငံအများအပြား၏ ဘုံမျှော်မှန်းရာနှင့် လျော်ညီသလို ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း၏ ရည်ရွယ်ချက်၊ အခြေခံမူများနှင့်လည်း အသက်သွေးကြောချင်း ဆက်စပ်လျက်ရှိရာ ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြု သဘောတူညီမှုကို ရရှိခဲ့သည်။
မလေးရှားနိုင်ငံ Tunku Abdul Rahman တက္ကသိုလ် အာဆီယံ အေးအတူ ပူအမျှအသိုက်အဝန်း သုတေသနဌာန အကြီးအကဲ စွန်းထျန်းမေက သမ္မတ ရှီကျင့်ဖိန်က ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုတွင် နိုင်ငံတကာတရားဥပဒေစိုးမိုးမှုကို လေးစားလိုက်နာရန် အဆိုပြုခဲ့ကြောင်း၊ ယင်းမှာ နိုင်ငံတကာရေးရာတွင် တစ်သီးပုဂ္ဂလနိုင်ငံတချို့၏ စံနှုန်းနှစ်မျိုးထားရှိခြင်း၊ ကိုယ်ပိုင်အကျိုးစီးပွားကို နိုင်ငံတကာဥပဒေအထက်တွင် တင်စီးခြင်း၏ လုပ်ရပ်နှင့် ထင်ရှားစွာ နှိုင်းယှဉ်မှု ဖြစ်စေကြောင်း ပြောကြားခဲ့သည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံနှင့် ကမ္ဘာ့အကြီးဆုံးသော ဖွံ့ဖြိုးဆဲနိုင်ငံအနေဖြင့် တရုတ်နိုင်ငံသည် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းနှင့် နိုင်ငံတကာဥပဒေ ဩဇာသက်ရောက်မှုကို အစဉ်အမြဲ လေးစား၍ ကာကွယ်ထိန်းသိမ်းခဲ့ရာ ယူနီဗာဆယ် အစိုးရများအကြား နိုင်ငံတကာအဖွဲ့အစည်းများ အားလုံးနီးပါး၊ နိုင်ငံတကာသဘောတူညီချက်နှင့် ပြင်ဆင်ချက်ပေါင်း ၆၀၀ ကျော်တွင် ပါဝင်ခဲ့ပြီး နိုင်ငံတကာရေးရာတွင် ကုလသမဂ္ဂ၏ ဗဟိုပြုသည့်အခန်းကဏ္ဍကို အခိုင်အမာ ထောက်ခံခဲ့သည်။ တရုတ်နိုင်ငံသည် စစ်မှန်သော နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှုဝါဒကို အစဉ်အမြဲ အကောင်အထည်ဖော် ကျင့်သုံးကာ နိုင်ငံတကာ တရားဥပဒေစနစ် တည်ဆောက်ရေးတွင် တက်ကြွစွာ ပါဝင်ခဲ့သည်။ ယခုနှစ် မေလတွင် တစ်ကမ္ဘာလုံး၌ ပထမဆုံး ညှိနှိုင်းဖျန်ဖြေရေးကို အားထားဆောင်ရွက်သည့် အစိုးရများကြား နိုင်ငံတကာအဖွဲ့အစည်း ဖြစ်သော နိုင်ငံတကာ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ (IOMed) ကို ဟောင်ကောင်တွင် ထားရှိ၍ နိုင်ငံတကာအငြင်းပွားမှုများကို ငြိမ်းချမ်းစွာဖြေရှင်းအတွက် ပလက်ဖောင်းအသစ် ဖွင့်လှစ်ခဲ့သည်။ ဉာဏ်ရည်တုစွမ်းရည်ဖြင့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု ပြည့်စုံကောင်းမွန်စေရေးကို တွန်းအားပေးရန်အတွက် တရုတ်နိုင်ငံက “ကမ္ဘာလုံးဆိုင်ရာ ဉာဏ်ရည်တု စီမံခန့်ခွဲမှု အစီအမံ” ကို အဆိုပြုခဲ့ပြီး ဉာဏ်ရည်တုကဏ္ဍ ကောင်းမွန်ရေး၊ လူသားတစ်ရပ်လုံးအား အကျိုးပြုနိုင်ရေးအား သေချာစေရန် ကမ္ဘာ့ဉာဏ်ရည်တု ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ တည်ထောင်ရန် အဆိုပြုခဲ့သည်။ တစ်ခုပြီးတစ်ခုသော လက်တွေ့လှုပ်ရှားမှုများက တရုတ်နိုင်ငံ၏ “ဆိုခဲစေ မြဲစေ၊ အပြောနှင့်အလုပ်ညီ” သည့် တာဝန်ယူမှုကို ရှင်းလင်းပြသလျက်ရှိသလို တရုတ်နိုင်ငံက ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု တရားဥပဒေစိုးမိုးရေးအသွင် တွန်းအားပေးခြင်း၏ လက်တွေ့ဖော်ဆောင်မှု ရှင်းလင်းချက်ပင်ဖြစ်သည်။

ကောင်းမွန်သည့် တရားဥပဒေဖြင့် စီမံခန့်ခွဲမှု ကောင်းမွန်ရေး တွန်းအားပေးခြင်းသည် လူသားတစ်ရပ်လုံး၏ ဘုံတာဝန်ဝတ္တရား ဖြစ်သည်။ အတိတ်ကို ပြန်ပြောင်းကြည့်လျှင် တရုတ်နိုင်ငံသည် နိုင်ငံတကာစည်းမျဉ်းစည်းကမ်း ရေးဆွဲမှုတွင် တက်ကြွစွာ ပါဝင်ဦးဆောင်ခဲ့ရာ နိုင်ငံတကာ အငြင်းပွားမှုများကို နိုင်ငံတကာ တရားဥပဒေဖြင့် ငြိမ်းချမ်းစွာဖြေရှင်းခဲ့သလို လက်တွေ့ဆန်းသစ်ဖန်တီးမှုများတွင် တရုတ်နိုင်ငံ၏ နည်းလမ်း၊ တရုတ်နိုင်ငံ၏ ဉာဏ်ပညာကို ပံ့ပိုးပေးခဲ့သည်။ အနာဂတ်ကို လှမ်းမျှော်ကြည့်မည်ဆိုလျှင် တရုတ်နိုင်ငံသည် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း ရည်ရွယ်ချက်နှင့် အခြေခံမူများကို အစဉ်အမြဲ လိုက်နာမည်ဖြစ်သလို နိုင်ငံတကာဆက်ဆံရေး ဒီမိုကရေစီအသွင်နှင့် တရားဥပဒေစိုးမိုးရေးအသွင်ပြောင်းရေးကို အခိုင်အမာ တွန်းအားပေး ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံအသီးသီးနှင့်အတူ လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်းကို တွန်းအားပေး တည်ဆောက်သွားမည်ဖြစ်ပေသည်။ (Xinhua)

———————
(Chinese Version)
新华时评丨坚持国际法治是根本保障——构建更加公正合理的全球治理体系③
新华社记者许苏培
当前,世界进入新的动荡变革期,全球治理走到新的十字路口。国家主席习近平近日在天津举行的“上海合作组织+”会议上郑重提出全球治理倡议,鲜明地强调要“遵守国际法治”,体现了对现行国际机制权威性遭到侵蚀的深刻洞察,彰显了中国倡导以国际良法促进全球善治、构建更加公正合理的全球治理体系的使命担当。
国际法治是全球治理的根本保障。国际法和国际规则是共同的准绳,应该由各国共同书写、共同维护、共同执行,没有也不应该有例外。然而现实却令人警醒:一些国家鼓吹“基于规则的国际秩序”,实质是对国际法奉行“合则用、不合则弃”的态度,妄图将自身的“家法帮规”强加于国际社会。这一乱象加剧了国际社会对联合国“失效”、国际法“失灵”和多边主义“失能”的担忧。与此同时,气候变化、能源安全、网络安全等全球性挑战层出不穷,深海、极地、外空、人工智能等新兴领域更是规则法治缺位、风险累积。加强国际法治,完善全球治理的迫切性日渐凸显。
中国主张,联合国宪章宗旨和原则是公认的国际关系基本准则,必须毫不动摇加以维护。对于新兴领域,要在广泛共识的基础上制定国际规则。确保国际法和国际规则平等统一适用,不能搞双重标准,不能强加于人。要维护国际法的权威性和严肃性,大国尤其要带头做国际法治的倡导者和维护者。这一主张顺应绝大多数国家的共同期待,与联合国宪章宗旨和原则一脉相承,得到广泛认同。马来西亚拉曼大学东盟人类命运共同体研究中心主任孙天美认为,习近平主席主张在全球治理中遵守国际法治,这与个别国家在国际事务中采取双重标准、将自身利益凌驾于国际法之上的做法形成鲜明对比。
作为联合国安理会常任理事国和世界上最大的发展中国家,中国始终尊重和维护联合国宪章和国际法权威,加入了几乎所有普遍性政府间国际组织和600多项国际公约及修正案,坚定支持联合国在国际事务中发挥核心作用。中方始终践行真正的多边主义,积极参与国际法律体系建设。今年5月,全球首个专门致力于调解的政府间国际组织——国际调解院落户香港,为和平解决国际争端开辟了新平台。为推动完善人工智能全球治理,中国提出《全球人工智能治理倡议》,倡议成立世界人工智能合作组织,确保人工智能向善、造福全人类。一个又一个务实行动,诠释着中国“言必信、行必果”的责任担当,也是中国推动全球治理法治化的实践注脚。
以良法促善治是全人类共同的责任。回望过去,中国积极参与并引领国际规则制定,以国际法和平解决国际争端,在实践创新中贡献中国方案、中国智慧。展望未来,中国将始终恪守联合国宪章宗旨和原则,坚定推进国际关系民主化和法治化,与各国一道推动构建人类命运共同体。

1. 9月1日上午,上海合作组织成员国元首理事会第二十五次会议在天津梅江会展中心举行。中国国家主席习近平主持会议并发表题为《牢记初心使命 开创美好未来》的重要讲话。 新华社记者 丁海涛 摄