China
ဆယ်နှစ်အကြာ ပုံရိပ်များမှတစ်ဆင့် တရုတ်နိုင်ငံ နန်နင်းမြို့ ပြောင်းလဲမှုအား ရှုစားခြင်း

နန်နင်း၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ကွမ်ရှီး ကျွမ့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့ကို အတိုကောက်အားဖြင့် “ရုန်း” ဟု ခေါ်ဆိုပြီး တရုတ်နိုင်ငံက အာဆီယံအား မျက်နှာမူ၍ တံခါးဖွင့်လှစ် ပူးပေါင်းဆောင်ရွက်သော ရှေ့ဆောင်မြို့၊ တရုတ်-အာဆီယံ ကုန်စည်ပြပွဲ (CAEXPO) ရာသက်ပန် ကျင်းပရာဒေသ၊ ပေပုပင်လယ်ကွေ့ စီးပွားရေးဇုန်၏ အဓိကမြို့ဖြစ်သည်။ နန်နင်းသည် “တရုတ်နိုင်ငံ၏ စိမ်းလန်းသောမြို့” ၊ “လောက၏ အရပ်တေးသီချင်းများ သီဆိုရာနေရာ” စသည့်နာမည်များဖြင့် ကျော်ကြားသည်။
လတ်တလောနှစ်ပိုင်းတွင် နန်နင်းမြို့သည် လူမှုစီးပွားရေး အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးခဲ့ပြီး မြို့ပြတည်ဆောက်မှုသည် နေ့စဉ်နှင့်အမျှ ပြောင်းလဲလျက်ရှိရာ မြို့ပြပမာဏသည်လည်း တစ်နေ့တခြား တိုးချဲ့လာလျက်ရှိသည်။ ပိုမိုမြင့်မားသော၊ ပိုမိုကြီးမားသော၊ ပိုမိုမြန်ဆန်သော၊ ပိုမိုလှပသော နန်နင်းမြို့သည် အရပ်ရှစ်မျက်နှာမှ ဧည့်သည်တော်များ လာရောက်ရန် ကြိုဆိုလျက်ရှိသည်။
၂၂ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ၊ တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးကို စက်တင်ဘာ ၁၇ ရက်မှ ၂၁ ရက်အထိ တရုတ်နိုင်ငံ ကွမ်ရှီးဒေသ နန်နင်းမြို့၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

အထက်ပုံမှာ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၆ ရက်တွင် တရုတ်နိုင်ငံ ကွမ်ရှီးဒေသ နန်နင်းမြို့ နင်တုန်းဘူတာ အနီးတစ်ဝိုက်ရှိ ပေဖုန့်ကုန်းကျော်တံတား ဝေဟင်မြင်ကွင်းပြပုံ၊ အောက်ပုံမှာ ၂၀၁၅ ခုနှစ် ဩဂုတ် ၁၅ ရက်တွင် တည်ဆောက်ဆဲ နန်နင်းမြို့ ပေဖုန့်ကုန်းကျော်တံတား ဝေဟင်မြင်ကွင်းပြပုံ (ဆင်ဟွာ)
——————–
(Chinese Version)
天空之眼瞰祖国|十年影像看南宁之变
新华社照片,南宁,2025年9月16日
广西壮族自治区南宁市,简称“邕”,是中国面向东盟开放合作的前沿城市、中国—东盟博览会永久举办地、北部湾经济区核心城市。南宁素有“中国绿城”“天下民歌眷恋的地方”等美誉。
近年来,南宁积极推动经济社会高质量发展,城市建设日新月异,城市规模日益扩大。更高、更大、更快、更美的南宁,正迎接八方宾客的到来。
第22届中国—东盟博览会、中国—东盟商务与投资峰会将于9月17日至21日在广西南宁举行。
图说1:拼版照片:这是广西南宁市五象新区一处沿江公园建成前后对比图(无人机照片,上图为2025年9月6日摄,下图为2015年8月13日摄)。新华社记者 黄孝邦 摄
图说2:拼版照片:上图为广西南宁东站附近的北凤立交桥(无人机照片,2025年9月6日摄);下图为正在建设中的南宁市北凤立交桥(无人机照片,2015年8月15日摄)。新华社记者 黄孝邦 摄